Connect with us

International Organizations

အမေရိကန်နိုင်ငံ ၏ အတင်းအဓမ္မ လုပ်အား ခိုင်းစေမှုပြဿနာကို အလေးထားစောင့်ကြည့်ပေးရန် တရုတ်နိုင်ငံ ကိုယ်စားလှယ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် တိုက်တွန်း

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်တွင် ရိုက်ကူးထားသော ကုလသမဂ္ဂ ရုံးချုပ်အဆောက်အဦ ပြင်ပမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ (ဂျီနီဗာ) ဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်သွမ်း က ဇွန် ၂၈ ရက်တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၄၇) ကြိမ်မြောက် အစည်းအဝေး ၊ နိုင်ငံဖြတ်ကျော် လုပ်ငန်းကုမ္ပဏီ နှင့် လူ့အခွင့်အရေး ပြဿနာ လုပ်ငန်းအဖွဲ့တွေ့ဆုံဆွေးနွေးမှု၌ မိန့်ခွန်းပြောကြားရာတွင် လူ့အခွင့်အရေးကောင်စီအနေဖြင့် အမေရိကန်နိုင်ငံ ၏ အတင်းအဓမ္မလုပ်အားခိုင်းစေမှု ပြဿနာကို အလေးထားစောင့်ကြည့်ပေးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ကျန်သွမ်း က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေး အကြောင်းပြ၍ တရုတ်နိုင်ငံလုပ်ငန်းကုမ္ပဏီများအား နာမည်ဖျက်သည့် ဆောင်ရွက်မှုများကို အစဉ်တစ်စိုက် ကန့်ကွက်ကြောင်း ၊ မကောင်းသောနည်းလမ်းများအသုံးပြုကာ ပိတ်ဆို့အရေးယူမှုဖြင့် တရုတ်နိုင်ငံလုပ်ငန်းကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ရန် ကြံစည်မှုများကို ခိုင်မာစွာ ကန့်ကွက်ကြောင်း ၊ အမေရိကန်နိုင်ငံ ၏ နည်းပညာအပိုင်စီးထားသည့် တည်နေရာအနေအထား နှင့် မမှန်ကန်သည့် စီးပွားရေးအကျိုးအမြတ်များ ထိန်းသိမ်းဆောင်ရွက်နေခြင်းကိုလည်း ခိုင်မာစွာ ကန့်ကွက်ကြောင်း ၊ အမေရိကန်နိုင်ငံ ၏ သက်ဆိုင်ရာဆောင်ရွက်မှုများသည် မိမိကိုယ်ကိုဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေသည့် တန်းတူညီမျှစွာ ယှဉ်ပြိုင်ခြင်း နိယာမ ကို သိသာထင်ရှားစွာ ဆန့်ကျင်ရာရောက်နေသည်ကို တွေ့မြင်နိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျန်သွမ်း က အမေရိကန်နိုင်ငံတွင် လုပ်သမားများအား အတင်းအဓမ္မခိုင်းစေမှု အခြေအနေမှာ ဆိုးရွားနေကြောင်း ၊ နှစ်စဉ် အမေရိကန်နိုင်ငံသို့ လူမှောင်ခိုကူးခံရပြီး အတင်းအဓမ္မ လုပ်အား ခိုင်စေမှုခံအရေအတွက်မှာ လူပေါင်း တစ်သိန်းအထိ ရှိနေကြောင်း ၊ ၎င်းတို့အနက် တစ်ဝက်ခန့်သည် အမေရိကန်နိုင်ငံရှိ ပင်ပင်ပန်းပန်းလုပ်ကိုင်ရသော တရားမဝင် စက်ရုံများသို့ ရောင်းချခံခဲ့ရခြင်း သို့မဟုတ် နေအိမ်များတွင် ကျွန်ပြုခံရခြင်းဖြစ်ကြောင်း ၊ အတင်းအဓမ္မခိုင်းစေမှုက အမေရိကန်နိုင်ငံ ၏ အိမ်အကူလုပ်ငန်း ၊ စိုက်ပျိုးရေးလုပ်ငန်း နှင့် ဥယျာဉ်ခြံလုပ်ငန်း စသည့် လုပ်ငန်းပေါင်း ၂၀ ကျော်တွင် ပိုမိုသိသာထင်ရှားစွာ တွေ့ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————————-
(Chinese Version)

(国际)中国代表呼吁联合国人权理事会关注美国强迫劳动问题

新华社日内瓦6月28日电中国常驻联合国日内瓦代表团蒋端公使28日在人权理事会第47次会议与跨国公司和人权问题工作组对话时发言,呼吁人权理事会关注美国强迫劳动问题。

蒋端说,中方坚决反对美国等以人权为借口,肆意抹黑中国企业,不择手段制裁打压,企图压制中国企业发展,维护美国科技垄断地位和不正当商业利益。美国有关行径明显违反其自我标榜的公平竞争原则。

蒋端说,美国自身强迫劳动现象严重。每年被贩卖至美国从事强迫劳动的人员多达10万,其中一半被贩卖到血汗工厂,或遭受家庭奴役。强迫劳动在美国家政、农业、种植等20多个行业尤为突出。(完)

Photo
这是9月14日拍摄的联合国总部外景。新华社记者 王迎 摄