Connect with us

Europe

အမေရိကန်-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဂျီနီဗာတွင် တွေ့ဆုံဆွေးနွေး

ဂျီနီဗာ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့သည် ဇန်နဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တွေ့ဆုံခဲ့ပြီး အမေရိကန်နိုင်ငံမှ ဂရုပြုသည့် ယူကရိန်းအခြေအနေနှင့် ရုရှားနိုင်ငံမှ ဂရုပြုသည့် နေတိုးအရှေ့သို့ချဲ့ထွင်ခြင်းနှင့် ရုရှားလုံခြုံရေးအာမခံမှုအရေးများအပေါ် အမြင်သဘောထားချင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအပြီးတွင် သတင်းစာရှင်းလင်းပွဲအသီးသီး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။သတင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ယခုအကြိမ် အကျိုးရှိရှိပွင့်လင်းစွာဆွေးနွေးမှု ဖြစ်မြောက်အောင် အမေရိကန်က အဆိုပြုကျင်းပခဲ့ခြင်းဖြစ်ကြောင်း ၊ ဆွေးနွေးပွဲကြာချိန် ၉၀ မိနစ်ခန့်ရှိကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးမှုတွင် အမေရိကန်ဘက်က ရုရှားဂရုပြုသည့်အရေးကိစ္စများကို လာမည့်ရက်သတ္တတစ်ပတ်အတွင်း စာလွှာနှင့်အကြောင်းပြန်သွားမည်ဟု သဘောတူခဲ့ကြောင်း၊ စာလွှာအကြောင်းပြန်ချက်ရရှိသည့်အခါ နောက်တစ်ဆင့်မည်သို့ ဆောင်ရွက်မည်ကို ရုရှားက ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆိုသည်။

ရုရှာအနေဖြင့် ယူကရိန်းကို ကျူးကျော်မည့်အစီအစဉ် မရှိကြောင်း ၊ အမေရိကန်နှင့်အနောက်နိုင်ငံများက ယူကရိန်းအကျပ်အတည်းကိုဖောင်းပွအောင်ပြောနေခြင်းသည် ယူကရိန်းအပေါ် စစ်ရေးအရစည်းရုံးသိမ်းသွင်းပြီး ရုရှား၏လုံခြုံရေးနယ်ပယ်ကို ဆက်လက်တိုက်စားသွားရန်အတွက် ဖြစ်ကြောင်း Sergey Lavrov က ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း အမေရိကန်နှင့် ဥရောပမဟာမိတ်အပေါင်းအဖော်များသည် “ယူကရိန်း၏နောက်တွင် ခိုင်မာစွာရပ်တည်”ကြောင်း၊ ယူကရိန်း၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ကို ကာကွယ်ထိန်းသိမ်းမှုအား ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားက ငြိမ်းချမ်းရေးကို ရွေးချယ်သည်ဖြစ်စေ၊ ပဋိပက္ခကို ရွေးချယ်သည်ဖြစ်စေ အမေရိကန်နှင့်ဥရောပမဟာမိတ်အပေါင်းအဖော်များက အားလုံးသင့်ပြင်ထားပြီး ဖြစ်ကြောင်း ဆိုသည်။

ထိုမတိုင်မီ ဆွေးနွေးပွဲအစ အဖွင့်အမှာစကားပြောကြားရာတွင် Antony Blinkenက ဤတစ်ကြိမ်ဆွေးနွေးမှုတွင် ကြီးမားသည့်အပြောင်းအလဲရှိမည်ဟု မိမိအနေဖြင့် မမျှော်လင့်ကြောင်း၊ သို့သော်လည်း ယခုဆွေးနွေးမှုမှတစ်ဆင့် ရုရှားက သံတမန်ရေးနည်းလမ်းဖြင့် ကွဲလွဲမှုများကို ပေါင်းကူးပြီး လက်ရှိအကျပ်အတည်းကို ဖြေလျှော့ဖို့ ဆန္ဒရှိမရှိ စမ်းသပ်နိုင်ဖို့ မျှော်လင့်ကြောင်း ဆိုသည်။

ရုရှား-အမေရိကန် သံတမန်ရေးထိတွေ့မှုများ ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး အပြည့်အဝအသင့်ပြင်ထားသည့်အခြေအနေတွင် အလွှာအသီးသီးသံတမန်ရေးဆွေးနွေးမှုများ အချိန်မရွေး ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းနေ့ တွေ့ဆုံဆွေးနွေးမှုအပြီး Antony Blinken နှင့် Sergey Lavrov က နှစ်ဦးစလုံးက ပြောကြားခဲ့သည်။

ယခုကာလများတွင် ယူကရိန်းနှင့်ရုရှားဆက်ဆံရေး တစ်ဟုန်တိုးဆိုးဝါးလာရာ နှစ်ဖက်စလုံးက နှစ်နိုင်ငံနယ်စပ်ဒေသများတွင် စစ်အင်အားနှင့်လက်နက်အင်အား အလုံအရင်း ဖြန့်ကျက်ထားသည်။ အမေရိကန်၊ ယူကရိန်းနှင့် နေတိုး (NATO) တို့က ယူကရိန်းအရှေ့ဘက်နယ်စပ်ဒေသတွင် ရုရှားစစ်အင်အားအလုံးအရင်း စုစည်းထားခြင်းက ကျူးကျော်မည်အနေအထားရှိကြောင်း ဆိုသည်။ ရုရှားဘက်ကတော့ ထိုပြောကြားချက်ကို ငြင်းဆိုထားပြီး နေတိုး၏ လှုပ်ရှားမှုများက ရုရှားနယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ရာ နယ်မြေပိုင်နက်ကို ကာကွယ်ရန်အတွက် ရုရှားတွင် နယ်နမိတ်အတွင်း စစ်အင်အားခေါ်ယူစုစည်းခွင့်ရှိကြောင်း ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ရုရှားက အမေရိကန်နှင့်နေတိုးသို့ လုံခြုံရေးအာမခံမှုဆိုင်ရာသဘောတူညီချက်မူကြမ်းကို အဆိုပြုထုတ်ပြန်ခဲ့ရာ အမေရိကန်နှင်နေတိုးဘက်မှ အတိအလင်းတုန့်ပြန်ပြောကြားရန် တောင်းဆိုခဲ့သည်။ ယခုလ ၁၀ ရက်မှ ၁၃ အတွင်း ယူကရိန်းအရေးစသည့် ကိစ္စရပ်များကို ဦးတည်ကာ ရုရှားနှင့် အမေရိကန်၊ နေတိုး၊ ဥရောပလုံခြုံရေးနှင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေ့ဆုံဆွေးနွေးခဲ့သော်လည်း လက်တွေ့ရလဒ်များ မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(Chinese Version)

(国际)美俄外长在日内瓦举行会谈

2022-01-22 06:42:42
新华社日内瓦1月21日电(记者聂晓阳)美国国务卿布林肯和俄罗斯外交部长拉夫罗夫21日在瑞士日内瓦举行会谈,就美方关切的乌克兰局势以及俄罗斯关切的北约东扩和俄安全保障问题交换意见。

双方在会谈结束后各自举行记者会。拉夫罗夫在记者会上说,此次“有益和坦诚的”会谈是应美方提议举行的,持续了约90分钟。美方在会谈中同意就俄方关切的问题在未来一周内做出书面回应。俄方将在收到美方书面回应后决定下一步行动。

拉夫罗夫表示,俄罗斯没有入侵乌克兰的计划。美国和西方国家炒作乌克兰危机是为了掩盖其对乌克兰的军事拉拢,以继续侵蚀俄安全空间。

布林肯在记者会上说,美国及其欧洲盟友和伙伴“坚定站在乌克兰背后”,支持乌克兰维护主权和领土完整。无论俄罗斯选择和平还是冲突,美国及其欧洲盟友和伙伴都已做好准备。

布林肯此前在会谈开场白中说,他并不期待此次会谈能够取得重大突破,但希望以此“检验”俄罗斯是否有意愿通过外交努力来弥合分歧、化解当前危机。

拉夫罗夫和布林肯当天均表示,俄美将继续保持外交接触,并在做好充分准备的情况下随时举行各个层级的外交磋商。

近期,乌克兰和俄罗斯的关系加速恶化,双方在两国边境地区部署了大量军事人员和装备。美国、乌克兰和北约表示俄罗斯在靠近乌东部边境地区集结重兵,有“入侵”之势。俄方予以否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。

去年12月,俄罗斯曾向美国和北约提出并公布两份安全保障协议草案,要求美国和北约做出明确回应。本月10日至13日,围绕乌克兰等问题,俄罗斯曾与美国、北约、欧洲安全与合作组织举行对话,但都没有取得实际成果。(完)

Russian Foreign Minister Sergei Lavrov and U.S. Secretary of State Antony Blinken (Xinhua file photo)