Connect with us

Europe

အမေရိကန်-ရုရှား မဟာဗျူဟာမြောက် တည်ငြိမ်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဘိုင်ဒန်နှင့် ပူတင် သဘောတူ

အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် ရုရှားသမ္မတ ပူတင် ဆွစ်ဇာလန်နိုင်ငံတို့ ဂျီနီဗာတွင် တွေ့ဆုံဆွေးနွေးနေသည်ကို ဇွန် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ရုရှားသမ္မတ ပူတင်တို့သည် ဇွန် ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးမှုအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် နှစ်နိုင်ငံအကြား လက်နက်ထိန်းချုပ်ရေးနှင့် ရုတ်ခြည်းပဋိပက္ခဖြစ်ပွားနိုင်မှုအန္တရာယ်ကို လျှော့ချရေး စသော ကဏ္ဍများတွင် မဟာဗျူဟာမြောက် တည်ငြိမ်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် နှစ်နိုင်ငံခေါင်းဆောင်က သဘောတူညီကြောင်း ကြေညာခဲ့သည်။ဆွေးနွေးပွဲအတွင်း မဟာဗျူဟာမြောက်လက်နက်လျှော့ချရေးသဘောတူစာချုပ်(New START)ကို သက်တမ်းတိုးရန် သဘောတူညီချက်ရရှိခဲ့ပြီး နှစ်ဖက်နျူကလီးယားလက်နက် ထိန်းချုပ်ရေး ကတိကဝတ်ကို ပေါ်လွင်စေခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ မကြာခင်အနာဂတ်တွင် နှစ်ဖက်အကြား မဟာဗျူဟာမြောက် တည်ငြိမ်သည့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အနာဂတ်စစ်လက်နက်ထိန်းချုပ်ရေးနှင့် အန္တရာယ်ဖြစ်ပွားမှုကို လျှော့ချနိုင်ရေးအတွက် အုတ်မြစ်ချရန် နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဘိုင်ဒန်နှင့်ပူတင်သည် ဂျီနီဗာမြို့တွင် (၂)နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သလို နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ကလည်း တစ်နာရီကျော်ကြာ တွေ့ဆုံ၍ လူအခွင့်အရေး၊ ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်ကပ်ရောဂါ၊ ဆိုက်ဘာလုံခြုံရေး၊ အာတိတ် ဒေသဖွံ့ဖြိုးရေး၊ အာဖဂန်အရေးကိစ္စ၊ ယူကရိန်းနှင့် ဆီးရီယားဒေသ ပဋိပက္ခနှင့် အီရန်နျူကလီးယားအစီအစဉ် စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဆွေးနွေကြရာတွင် မည်သည့် ပြောင်းလဲမှု ကြီးကြီးမားမားမျှ မရရှိခဲ့ကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲအပြီးတွင် ပူတင်နှင့်ဘိုင်ဒန်တို့သည် သီးခြားစီ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြသည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် ပူတင်က ယခုတွေ့ဆုံဆွေးနွေးမှုသည် မူအရ ကျင်းပခြင်းဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိခဲ့ကြောင်း ၊ အပြန်အလှန် ဖိအားပေးမှုမရှိကြောင်း ဆိုသည်။ ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံလုံးက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် နောက်ဆုံးလက်ခံနိုင်မှု မျဉ်းနီကို နားလည်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် ယင်း မျဉ်းနီအကြောင်းအရာနှင့်ပတ်သတ်၍ အသေးစိတ်ဖော်ပြခြင်းမရှိကြောင်း သိရသည်။

ယခုအကြိမ်ဆွေးနွေးပွဲက“ကောင်းမွန်ပြီးအပြုသဘောဆောင်”သည်ဟု ဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ စွမ်းအင်၊ ရေပေးဝေရေးစသည့်ဌာနများ၏ အချက်ချာကျသည့် အခြေခံအဆောက်အအုံ စာရင်းရှင်းတမ်း (၁၆) ခုကို ပူတင်အား ပေးခဲ့ကြောင်း ၊ ၎င်းတို့အား ဆိုက်ဘာ သို့မဟုတ် အခြားနည်းလမ်းများဖြင့် တိုက်ခိုက်မှုကို တားမြစ်သင့်ကြောင်း ဘိုင်ဒန်က ဆိုသည်။ “သူ(ပူတင်)က အမေရိကန်နဲ့ စစ်အေးတိုက်ပွဲလုပ်ဖို့ ရှာဖွေနေတာမဟုတ်ဘူး လို့ ကျွန်တော်ထင်တယ်”ဟု ဘိုင်ဒန်က ဆိုသည်။

ထို့အပြင် အမေရိကန်-ရုရှား ကိုယ်စားလှယ်အဖွဲ့သည် သံတမန်ရေးဖြင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူခဲ့ကြရာ နှစ်ဖက်သံအမတ်ကြီးများကို မော်စကိုနှင့်ဝါရှင်တန်သို့ အသီးသီးပြန်လာခွင့်ပေးရန် ကိစ္စလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)
—————————————————
(Chinese Version)

(国际)拜登和普京同意启动美俄战略稳定对话

新华社日内瓦6月16日电(记者刘曲 陈俊侠)美国总统拜登和俄罗斯总统普京16日在瑞士日内瓦举行会晤。双方会后发表联合声明,宣布两国将围绕军控和降低冲突风险等开展双边战略稳定对话。

声明说,美俄两国已就延长《新削减战略武器条约》达成协议,这体现了双方对核军控的承诺。双方“将在不久的将来共同着手进行综合双边战略稳定对话”,寻求“为未来的军控和降低风险奠定基础”。

拜登和普京当天在日内瓦举行近两小时的面对面会晤,随后美俄代表团也进行了一个多小时的讨论,涉及人权、气候变化、新冠疫情、网络安全、北极开发、阿富汗问题、乌克兰和叙利亚地区冲突以及伊朗核计划等议题。双方未取得任何重大突破。

会后,普京、拜登先后单独举行新闻发布会。普京在发布会上表示,此次会晤双方“以有原则的方式进行”,会晤是“坦诚公开的”,“双方并未相互施加压力”。他还说,俄美都明白彼此的“红线”,但双方在会晤中并未强调这些“红线”的细节。

拜登在其发布会上将此次会晤描述为“良好和积极的”。他表示,他向普京提出了一份包括能源、供水等部门的16个关键基础设施实体清单,应禁止通过网络或其他手段对其进行攻击。他说:“我不认为他(普京)在寻求与美国的冷战。”

此外,美俄代表团已同意就在外交层面上互动展开磋商,包括让双方大使重回莫斯科和华盛顿的工作场所。(完)
图说1:6月16日,美国总统拜登(左)和俄罗斯总统普京在瑞士日内瓦的拉格朗热别墅举行会晤。新华社发(Pool图片,丹尼斯•巴利布斯摄)