Connect with us

Europe

အသက် ၁၀၀ နှစ် အရွယ် နာဇီအဖွဲ့ဝင်ဟောင်းတစ်ဦး တရားရုံးထုတ် စစ်ဆေးခံရ၊ လူပေါင်း ၃,၅၁၈ ဦး သေဆုံးခဲ့ရမှုနှင့်ပတ်သက်နိုင်ဟု ဆို

ပေကျင်း၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အသက် ၁၀၀ နှစ် အရွယ်ရှိ နာဇီအဖွဲ့ဝင်ဟောင်းတစ်ဦးကို အောက်တိုဘာ ၇ ရက်က ဂျာမနီနိုင်ငံတွင် တရားရုံးထုတ် စစ်ဆေးခဲ့ရာ ၎င်းမှာ နာဇီဂျာမနီခေတ် ပြစ်မှုကျူးလွန်ခြင်းကြောင့် ရုံးထုတ်စစ်ဆေးခံရသည့် အသက်အရွယ်ကြီးဆုံးသူ တစ်ဦးဖြစ်လာခဲ့သည်။ ၎င်းသည် ဒုတိယ ကမ္ဘာစစ်ကာလ ချွေးတပ်စခန်းတစ်ခုတွင် လူပေါင်း(၃,၅၁၈)ဦးအား သတ်ဖြတ်မှုတွင် အကူအညီပေးခဲ့သည်ဟူသော ပတ်သက်မှုရှိနိုင်သည်ဟု သိရသည်။ဂျာမနီနိုင်ငံ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကာအကွယ်ပေးရေး စည်းမျဉ်းများအရ အဆိုပါအမျိုးသား၏အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ Josef S ဟုသာ ခေါ်ဆိုခဲ့ကြောင်း သိရသည်။

အမှုစစ်ရှေ့နေများ၏ ပြောကြားချက်အရ Josef S သည် နာဇီစစ်ဘက်ဆိုင်ရာအဖွဲ့ဝင်တစ်ဦးအနေဖြင့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ Sachsenhausen ချွေးတပ်စခန်းတွင် အစောင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းသည် သေဒဏ်စီရင်ရေးအဖွဲ့က ဆိုဗီယက်စစ်သုံ့ပန်းများနှင့် ထိန်းသိမ်းထားသူများကို အဆိပ်ငွေ့ဖြင့် သတ်ဖြတ်မှုတွင် “အခြေအနေများအား သိရှိ၍ မိမိသဘောဆန္ဒအလျောက်” ပါဝင်ကူညီခဲ့သူဖြစ်ကြောင်း ၊ “ချွေးတပ်စခန်းတွင်အသက်အန္တရာယ်ခြိမ်းခြောက်မှု ပတ်ဝန်းကျင်ကို ဖန်တီး”ပြီး “ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှု ဖြစ်မြောက်အောင်”အထောက်အကူပြုခဲ့သူဖြစ်ကြောင်း ဆိုသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မြောက်ဘက် Oranienburgမြို့တွင် Sachsenhausenချွေးတပ်စခန်းတွင် ထိုစဉ်က ထိန်းသိမ်းထားသူများအား ထားရှိသည့် အိပ်ခန်းအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမှုစစ်ရှေ့နေများက ယခုနှစ် ဇန်နဝါရီလတွင် Josef S ကို တရားစွဲဆိုခဲ့ပြီး ဩဂုတ်လတွင် ၎င်း၏ကျန်းမာရေးအခြေအနေသည် ရုံးထုတ်စစ်ဆေးနိုင်သည်ဟု အတည်ပြုခဲ့သည်။ အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့် Josef S၏ ရုံးထုတ်စစ်ဆေးမှုကို တရားရုံးက တစ်ရက်လျှင် ၂ နာရီခွဲကြာ ဆောင်ရွက်ရာ စစ်ဆေးမေးမြန်းမှုလုပ်ငန်းစဉ်များသည် လာမည့်နှစ် ဇန်နဝါရီလအထိ ရှိနိုင်မည်ဟု ကြိုတင်ခန့်မှန်းထားကြောင်း သိရသည်။

ရုံးထုတ်စစ်ဆေးသည့်နေ့တွင် Josef Sက လမ်းလျှောက်အထောက်အကူပြုစက်ဖြင့် မြို့တော် ဘာလင်အနီးရှိ တရားရုံးတစ်ခုကို လာရောက်ခဲ့ပြီး ၎င်း၏နာမည်၊ အသက်၊ နေရပ်လိပ်စာ စသည့် တရားသူကြီး၏ မေးမြန်းမှုကို ရှင်းလင်းပြတ်သားသောအသံဖြင့် ပြန်လည်ဖြေကြားခဲ့ရာ “နိုဝင်ဘာ ၁၆ ရက် ဆိုရင် ၁၀၁ နှစ်ပြည့်ပြီ”ဟုလည်း ၎င်းက ဆိုသည်။

တရားခံသည် စစ်ဆေးမေးမြန်းမှုကာလတွင် ၎င်း၏ပုဂ္ဂိုလ်ရေးအခြေအနေကိုသာ ပြောဆိုမည်ဖြစ်ပြီး အခြားထွက်ဆိုချက်ပြုမည်မဟုတ်ကြောင်း Josef S၏ရှေ့နေ Stefan Waterkampက ရုံးထုတ်စတင်စစ်ဆေးစဉ်မှာ တရားရုံးအား လျှောက်ထားခဲ့သည်။
အဆိုပါရုံးထုတ်စစ်ဆေးမှုကို ဂျာမနီတွင် ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခဲ့ကြရာ ချွေးတပ်စခန်းတွင် နစ်နာဆုံးပါးသွားသူများ၏ ဆွေမျိုးများကလည်း တရားရုံးနံဘေးတွင် လာရောက် ကြားနာခဲ့ကြသည်။

Josef S စိတ်ကူးပြောင်းပြီး နှုတ်ဆိတ်မနေဖို့ မျှော်လင့်ကြောင်း ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူနှင့် သေဆုံးသွားသူတို့၏ ဆွေမျိုးများ ရှေ့နေ Thomas Waltherက ဆိုသည်။
“လူက ကျောက်သားနဲ့လုပ်တာမဟုတ်ဘူး၊ စက်ရုပ်မဟုတ်ဘူး၊ သူတစ်ခုခုတော့ ပြောနိုင်ကောင်းပါရဲ့”ဟု Thomas Waltherက ဆိုသည်။

တရားခံ၏ ပြစ်ဒဏ်ကို အတည်ပြုလျှင်တောင်မှ သူ၏အသက်အရွယ်ကြောင့် ထောင်ထဲဝင်ရမည် မဟုတ်ကြောင်း AFP သတင်းများအရ သိရသည်။

Sachsenhausen ချွေးတပ်စခန်းသည် ဘာလင်မြို့ မြောက်ဘက် Oranienburgမြို့နယ်လေးတွင် တည်ရှိပြီး ဒုတိယ ကမ္ဘာစစ်ကာလ ဂျာမနီသိမ်းပိုက်ထားသည့်ဒေသ ချွေးတပ်စခန်းများ၏ ဌာနချုပ်တည်ရှိရာ နေရာဖြစ်ရာ အစောပိုင်းကာလ အဆိပ်ငွေ့ဖြင့် ထိန်းသိမ်းထားသူများအား စမ်းသပ်သတ်ဖြတ်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ၁၉၃၆ ခုနှစ်မှ ၁၉၄၅ ခုနှစ်တွင် ထိုနေရာ၌ လူပေါင်း ၂ သိန်းကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ယင်းနေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသူပေါင်း သောင်းနှင့်ချီပြီး ကျွန်ပြုခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ဆေးပညာစမ်းသပ်ခံရခြင်း၊ ငတ်မွတ်ခြင်းနှင့်ရောဂါဘယများကြောင့် သေဆုံးကြောင်း Sachsenhausen အထိမ်းအမှတ်ပြတိုက်၏ ခန့်မှန်းချက်များအရ သိရသည်။

ချွေးတပ်စခန်းအစောင့်ဟောင်းတစ်ဦးကို ဂျာမနီတရားရုံးက ၂၀၁၁ ခုနှစ်တွင် အမှုစစ်ဆေးခဲ့ပြီး ချွေးတပ်စခန်းတွင် အလုပ်လုပ်ကိုင်သူတို့သည် ပြစ်မှုကျူးလွန်ကြောင်း တိုက်ရိုက်သက်သေအထောက်အထားမရှိသည့်တိုင်အောင် ဥပဒေအရ အပြစ်ပေးခံရနိုင်ကြောင်း ပထမဆုံးအနေဖြင့် ယူဆသတ်မှတ်ခဲ့ရာ ကမ္ဘာပေါ်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကျူးလွန်သူများကို ဥပဒေစက်ကွင်းထဲ အရေးယူနိုင်အောင် တွန်းအားဖြစ်စေခဲ့သည်။

ယင်းတရားစီရင်ရေးဥပမာရှိခဲ့ရာမှ ဂျာမနီ အမှုစစ်ရှေ့နေများက ယခုနှစ်ပိုင်းများတွင် အသက်အရွယ်ကြီးရင့်သူ နာဇီအဖွဲ့ဝင်ဟောင်းများကို တရားစွဲဆိုမှုများပြုလုပ်ခဲ့ရာ ရာထူးအဆင့်နိမ့်သည့် ဝန်ထမ်းအချို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
Stutthof ချွေးတပ်စခန်းတွင် လက်ရေးတိုစာရေးနှင့်လက်နှိပ်စက်ရိုက်ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ အသက် ၉၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထိန်းသိမ်းထားသူပေါင်း ၁၁,၀၀၀ အား သတ်ဖြတ်မှုတွင် ပါဝင်ကြောင်း တရားစွဲခဲ့ရာ မူလက စက်တင်ဘာ ၃၀ ရက်တွင် ရုံးထုတ်စစ်ဆေးရန် သတ်မှတ်ထားသော်လည်း ရုံးသို့လာရောက်ရန် ပျက်ကွက်ခြင်းကြောင့် ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးခဲ့ပြီး ရုံးထုတ်စစ်ဆေးမည့်ရက်ကို အောက်တိုဘာ ၁၉ ရက်သို့ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ (Xinhua)

——————————————
(Chinese Version)

百岁前纳粹成员出庭受审 手上有3518条人命
2021-10-08 10:07:33
Image Carouse
新华社北京10月8日电 一名现年100岁的前纳粹成员7日在德国一座法庭出庭受审,成为因纳粹德国时期所犯罪行而受审的最年长者。他涉嫌于第二次世界大战期间在一座集中营协助杀害3518人。

根据德国隐私保护规定,媒体没有公开这名男子的姓名,称之为约瑟夫•S。
按照检方说法,约瑟夫•S作为纳粹准军事组织成员,1942年至1945年在萨克森豪森集中营担任看守,“知情且自愿”协助行刑队处决苏联战俘和使用毒气杀害在押者,通过协助“创造和维持集中营内威胁生命的环境”而“促成残忍阴险的谋杀”。

检方今年1月对约瑟夫•S提起指控,并于8月确认他的身体状况可以接受庭审。由于他年事已高,法庭把每日审讯时间控制在两个半小时,审讯过程预计持续到明年1月。

约瑟夫•S当天手扶助步器走入首都柏林附近的一座法庭,声音清晰地回答了法官关于他姓名、年龄、住址等的提问,自称“11月16日将过101岁生日”。

他的律师斯特凡•瓦特坎普在庭审开始时向法庭表示,被告在审讯期间“不会发言,只会提供关于他个人情况的信息”。
这场庭审在德国广受关注,有集中营受害者亲属到场旁听。代表多名幸存者和受害者亲属的律师托马斯•瓦尔特说,希望约瑟夫•S改变主意,打破沉默。

“人不是石头做的,不是机器。”瓦尔特说,“也许他还能说些什么。”
据法新社报道,这名男子即便被定罪,由于年事已高,也很可能不会入狱。

萨克森豪森集中营位于柏林以北的小城奥拉宁堡,是第二次世界大战期间所有德占区集中营的指挥总部所在地,因为早期进行以毒气杀害在押者的实验而臭名昭著。1936年至1945年,这里先后关押超过20万人。据萨克森豪森纪念馆和博物馆估计,这里有数以万计在押者死于奴役、谋杀、医学实验、饥饿或疾病。

德国一座法庭2011年审理一名前集中营看守的案件时首次认定,在集中营工作者即使没有直接犯罪证据,也可能受到法律惩罚,推动将更多在世的大屠杀罪犯绳之以法。

有了这一司法先例,德国检方近年起诉多名高龄前纳粹成员,包括一些当时职级较低的工作人员。
一名曾在施图特霍夫集中营担任速记员和打字员的96岁女子被控参与共谋杀害1.1万名在押者,原定于9月30日出庭受审,因缺席庭审被警方逮捕,庭审改到10月19日举行。(郜婕)

图说1:这是2020年8月27日,在德国柏林以北的小城奥拉宁堡,参观者经过萨克森豪森集中营遗址纪念馆的入口处。(新华社记者单宇琦摄)

图说2:这是2020年8月27日在德国柏林以北的小城奥拉宁堡拍摄的萨克森豪森集中营营区内一间当时关押人员的卧室。(新华社记者单宇琦摄)