Connect with us

North America

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား ၊ ၁ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Times Square ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ရှိ အရက်ဘားတစ်ခုတွင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၁ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်း စိန့်ပေါလ်မြို့ရှိ အရက်ဘားတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး အချင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် မီဒီယာများ၏ဖော်ပြချက်များအရ သိရသည်။ ဒဏ်ရာသူများအား ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးနေပြီး အားလုံးမှာ အသက်အန္တရာယ် မရှိကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့်နေ့ ညနေပိုင်းတွင် သံသယ တရားခံ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ ၎င်းတို့မှာ အမျိုးသားများဖြစ်ပြီး သေနတ်ဒဏ်ရာများရရှိထားကြောင်း သိရသည်။

စိန့်ပေါလ်မြို့ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားချိန် အရက်ဘားအတွင်း လူအများအပြားရှိရာ ၎င်းတို့အနက် လူအချို့က ရုတ်တရက် သေနတ်ထုတ်ပစ်ခတ်ခဲ့သဖြင့် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ လက်ရှိ သေနတ်ပစ်ခတ်သည့် အကြောင်းအရင်း အတိအကျ မသိရှိရသေးကြောင်းနှင့် အမှုကို ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(社会)美国明尼苏达州发生枪击事件致1死14伤
2021-10-11 04:25:54
新华社华盛顿10月10日电美国明尼苏达州圣保罗市一家酒吧10日凌晨发生枪击事件,造成1人死亡、14人受伤。
据美国媒体报道,10日凌晨,圣保罗市一家酒吧发生枪击事件,造成一名20多岁女子当场死亡,14人受伤。伤者已被送往医院治疗,但均无生命危险。
截至10日下午,警方已逮捕3名嫌疑人,他们均为男性并中枪受伤。
圣保罗市警方说,事发时该酒吧里有很多人,其中几人突然拔枪射击,造成人员伤亡。目前,枪击事件原因不明,案件仍在调查中。(完)

图说1:5月8日,警察在美国纽约时报广场的枪击发生地点附近工作。新华社记者 王迎 摄