Connect with us

Africa & Middle East

အာဖဂန်နစ္စတန်တွင် ဆေးဝန်ထမ်း(၅)ဦး သတ်ဖြတ်ခံရမှုကို ကုလသမဂ္ဂ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazniမြို့တွင် ဆေးဝန်ထမ်းတစ်ဦးက ကလေးငယ်အား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပေးနေသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Nangarharပြည်နယ်တွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေး လှုပ်ရှားမှုတွင် ပါဝင်သည့် ဆေးဝန်ထမ်း (၅)ဦးသည် ဇွန် ၁၅ ရက်က ကွင်းဆက်တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ပြီး ကျန်(၅)ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုလုပ်ရပ်အပေါ် ကုလသမဂ္ဂကက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။ဆေးဝန်ထမ်းများအား (၅)ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် Nangarharပြည်နယ်တွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးပေးနေသည့် ဝန်ထမ်းများကို နောက်ဆုံးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ မတ်လပိုင်းတွင်လည်း ဆေးဝန်ထမ်း(၃)ဦး တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Jawzjanပြည်နယ် Aqcha ဒေသတွင် ဆေးဝန်ထမ်းတစ်ဦးက ကလေးငယ်အား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပေးနေသည်ကို ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေကို အံဩထိတ်လန့်မိတယ်။ စာနာမှုမရှိတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရမယ်”ဟု အာဖဂန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင်Ramiz Alakbarovက ဆိုသည်။ ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူရန် အာဖဂန်အာဏာပိုင်များကို ၎င်းက တိုက်တွန်းခဲ့သည်။

“ဘယ်နေရာဒေသမဆို ဆေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်တဲ့လုပ်ရပ်ကို ကုလသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ တရားမျှတမှုရှိတယ်။ ဆေးဝန်ထမ်းတွေနဲ့ သူတို့ကို ကာကွယ်ပေးသူတွေကို တိုက်ခိုက်တာဟာ ကလေးငယ်တွေကို တိုက်ခိုက်ခြင်းပဲဖြစ်တယ်။ သူတို့က ကလေးငယ်တွေရဲ့အသက်အိုးအိမ်ကို စောင့်ရှောက်ဖို့ ကြိုးပမ်းနေကြတာပါ။”ဟု Ramiz Alakbarovက ပြောကြားခဲ့သည်။

သေဆုံးသွားသူများ၏ မိသားစု၊ မိတ်ဆွေနှင့်လုပ်ဖော်ကိုင်ဖက်များကို နှစ်သိမ့်အားပေးကြောင်းနှင့် ဒဏ်ရာရသူများအမြန်ပြန်လည်ကောင်းမွန်လာစေရန် ဆုတောင်ကြောင်း ၎င်းက ဆိုသည်။သတင်းများအရ အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့် နှစ်က ပိုလီယိုရောဂါဖြစ်ပွားသူ (၅၆)ဦး ထပ်တိုးလာကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

(国际)联合国强烈谴责5名卫生工作者在阿富汗被杀事件

新华社联合国6月15日电(记者王建刚)在阿富汗楠格哈尔省开展脊髓灰质炎疫苗接种运动的5名卫生工作者15日在连环袭击中丧生,另有4人受伤。联合国对此予以强烈谴责。

新华社联合国6月15日电(记者王建刚)在阿富汗楠格哈尔省开展脊髓灰质炎疫苗接种运动的5名卫生工作者15日在连环袭击中丧生,另有4人受伤。联合国对此予以强烈谴责。

联合国人道主义事务协调厅15日说,袭击者对卫生工作者进行了5次袭击,这是在楠格哈尔省针对脊髓灰质炎疫苗接种工作者进行的最新一轮袭击。3月份,曾有3名卫生工作者在袭击事件中丧生。

联合国驻阿富汗人道主义协调员拉米兹•阿拉克巴罗夫在袭击发生后表示,他“对这些残忍的杀戮行为感到震惊”,并强调说,“无情的暴力必须停止”。他敦促阿富汗当局将责任人绳之以法。

阿拉克巴罗夫说:“联合国强烈谴责任何地方对卫生工作者的袭击。医疗保健的提供是公正的,任何对卫生工作者和那些保护他们的人的攻击都是对儿童的攻击,他们正在努力保护儿童的生命。”

阿拉克巴罗夫向遇难者的家人、朋友和同事表示最深切的慰问,并祝愿伤者完全康复。
据报道,阿富汗去年报告了56例新增脊髓灰质炎病例。(完)

Photo1: A health worker gives a polio vaccine to a child during an anti-polio vaccination campaign in Ghazni city, eastern Afghanistan, Jan. 20, 2021. TO GO WITH “Afghanistan launches polio vaccination targeting 9.9 mln children” (Photo by Rohullah/Xinhua)
Photo2:A health worker gives a polio vaccine to a child during an anti-polio vaccination campaign in Aqcha district of Jawzjan province, Afghanistan, Jan. 17, 2021. (Photo by Mohammad Jan Aria/Xinhua)