Connect with us

Africa & Middle East

အီရတ်နိုင်ငံ ကိုဗစ်-၁၉ ကုသရေးဆေးရုံတွင် ဖြစ်ပွားသည့် မီးလောင်မှုကြောင့် သေဆုံးသူ (၉၂)ဦးအထိ မြင့်တက်လာ

အီရတ်နိုင်ငံ al-Nasiriyahမြို့ရှိ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် al-Hussein ဆေးရုံ ကွာရန်တင်းစင်တာအား ဇူလိုင် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံတောင်ပိုင်း Dhi Qar ပြည်နယ်ရှိ ကိုဗစ်-၁၉ ကုသရေးဆေးရုံတစ်ခုတွင် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားသည့် မီးအကြီးအကျယ်လောင်ကျွမ်းမှု‌ကြောင့် သေဆုံးသူ (၉၂)ဦးအထိ မြင့်တက်လာကြောင်း အီရတ်နိုင်ငံပိုင်သတင်းအေဂျင်စီ (INA)က ဇူလိုင် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
အစိုးရက အဆင့်မြင့်ကော်မတီဖွဲ့၍ အချင်းဖြစ်ရပ်ကို စစ်ဆေးသွားမည်ဖြစ်ပြီး ရလဒ်ကို ရက်သတ္တပတ်အတွင်း ကြေညာမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အီရတ်နိုင်ငံ ဝန်ကြီးချုပ် Mustafa al-Kadhimiက ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်အစိုးရအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယခုနှစ် ဧပြီလက ဘဂ္ဂဒက်မြို့ ကိုဗစ်-၁၉ ကုသရေးဆေးရုံတွင် မီးလောင်မှုကြောင့် ရာထူးမှ နုတ်ထွက်ထားသည် ကျန်းမာရေးဝန်ကြီး Hassan al-Tamimiနေရာတွင် တာဝန်ထမ်းဆောင်မည့်သူအမည်စာရင်းကို အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံ al-Nasiriyahမြို့ al-Hussein ဆေးရုံ ကွာရန်တင်းစင်တာအတွင်း မီးလောင်ကျွမ်းပျက်စီးခဲ့သည့်လူနာကုတင်အား ဇူလိုင် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Dhi Qarပြည်နယ် မြို့တော် al-Nasiriyah၌ တည်ရှိသည့် al-Hussein ဆေးရုံသည် ကိုဗစ်ကွာရန်တင်းစင်တာတွင် ဇူလိုင် ၁၂ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ကိုဗစ်လူနာဆောင်ရှိ အောက်စီဂျင်အိုးပေါက်ကွဲရာမှ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကနဦး စုံစမ်းစစ်ဆေးချက်တွင် ဖော်ပြထားသည်။

အီရတ်နိုင်ငံ al-Nasiriyahမြို့ al-Hussein ဆေးရုံ ကွာရန်တင်းစင်တာအတွင်း မီးလောင်ကျွမ်းပျက်စီးခဲ့သည့်ခန်းမအား ဇူလိုင် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ရပ်သည် အီရတ်တွင် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကုသရေးဆေးရုံ မီးလောင်ကျွမ်းမှု ဖြစ်ကြောင်း သိရသည်။ ဧပြီ ၂၄ ရက်က မြို့တော်ဘဂ္ဂဒက်ရှိ ကိုဗစ်-၁၉ ကုသရေးဆေးရုံတစ်ခုတွင် အောက်စီဂျင်အိုးပေါက်ကွဲပြီး မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူ (၈၂)ဦး သေဆုံးပြီး ဒဏ်ရာသူ(၁၁၀)ဦး ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————————-
(Chinese Version)

(国际)伊拉克新冠定点医院火灾死亡人数升至92人

新华社巴格达7月13日电(记者张淼)伊拉克通讯社13日报道说,伊南部济加尔省一新冠定点医院12日发生的严重火灾已造成92人死亡。伊总理卡迪米要求在一周内公布事故调查结果。

卡迪米当日在政府例行会议上说,政府已成立高级别委员会彻查这起事故,结果将于一周内公布,并将依法追究责任。此外,新任卫生部长人选已提交议会,以接替因今年4月巴格达新冠定点医院失火而辞职的卫生部长哈桑•塔米米。

位于济加尔省首府纳西里耶市的“侯赛因”医院新冠患者隔离中心12日晚发生火灾。初步调查显示,大火由新冠患者病房内的氧气罐爆炸引发。
这是伊拉克今年发生的第二起新冠定点医院火灾。4月24日,首都巴格达一新冠定点医院因氧气罐爆炸引发大火,造成82人死亡、110人受伤。(完)

1. Photo taken on July 13, 2021 shows the charred hall of the quarantine center at al-Hussein Hospital hit by a big fire in al-Nasiriyah, Iraq. (Xinhua)
2. Photo taken on July 13, 2021 shows a charred bed at the quarantine center at al-Hussein Hospital in al-Nasiriyah, Iraq. (Xinhua)
3. Photo taken on July 13, 2021 shows the inside of the charred hall of the quarantine center at al-Hussein Hospital in al-Nasiriyah, Iraq. (Xinhua)