Connect with us

China

၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ ပြည်တွင်းထိပ်တန်း သတင်းများ

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုးရှိ ကားစက်ရုံတစ်ခု၌ စွမ်းအင်သစ်ကားထုတ်လုပ်နေမှုများအား ဩဂုတ် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ ပြည်တွင်း သတင်းကြီး ၁၀ ခုကို ဆင်ဟွာ သတင်းဌာနမှ အချိန်အလိုက် ရွေးချယ်တင်ပြလိုက်ပါသည်။

(၁) စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ယွမ် ၁၀၀ ထရီလီယံ ကျော်ရှိခဲ့

၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါကိုရင်ဆိုင်ရာ၌ တရုတ်နိုင်ငံသည် ကပ်ရောဂါကို ဦးစွာ ထိန်းချုပ်ပြီး အလုပ်အကိုင် လုပ်ငန်းများ ပြန်လည် လည်ပတ်ရန် ဆောင်ရွက်ရာ စီးပွားရေး အနုတ်လက္ခဏာမှ အပေါင်းလက္ခဏာသို့ ဦးစွာပြောင်းလဲနိုင်ကာ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ပထမဦးဆုံးအကြိမ်အဖြစ် ယွမ် ၁၀၀ ထရီလီယံကျော်ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဗျူရို၏ ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ ၎င်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား၊ သိပ္ပံနည်းပညာအင်အား၊ ဘက်စုံနိုင်ငံ့အင်အား အဆင့်သစ်သို့ ထပ်မံ ခုန်ပျံကျော်လွှားနိုင်ခြင်းဖြစ်ရာ ဘက်ပေါင်းစုံ အတော်အသင့်ကြွယ်ဝသောလူမှုအသိုက်အဝန်းတည်ဆောက်ရေးနှင့် ဆိုရှယ်လစ်ခေတ်မီနိုင်ငံတော်ခရီးစဉ်သစ်ကို ဘက်စုံ စတင်တည်ဆောက်ခြင်းအတွက် အလွန်လေးနက်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်ခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ တရုတ်ကွန်မြူနစ်ပါတီ အထိမ်းအမှတ်ပြတိုက်တွင် ပါတီဝင်များ သစ္စာဆိုနေသည်ကို ဇွန် ၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

(၂) ပါတီတစ်ရပ်လုံးက ပါတီသမိုင်းလေ့လာသင်ယူမှုများ ဆောင်ရွက်ခဲ့

တရုတ်ကွန်မြူနစ်ပါတီ သမိုင်းလေ့လာသင်ယူရေး ညီလာခံကို ဖေဖော်ဝါရီ ၂၀ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
ပါတီသမိုင်း လေ့လာသင်ယူခြင်းသည် CPC ပါတီတည်ထောင်သည့် နှစ်တစ်ရာသမိုင်း၏စမှတ်သစ်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ကြီးမားစွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အခင်းအကျင်းတစ်ရပ်လုံးနှင့် နှစ်တစ်ရာတွင် မကြုံတွေ့ရစဖူးသော ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲများကို အလုံးစုံစီမံခြင်း၊ ပါတီတစ်ရပ်လုံး ၊ တစ်နိုင်ငံလုံး ယုံကြည်မှုအပြည့်ဖြင့် ဆိုရှယ်လစ်ခေတ်မီနိုင်ငံတော်သစ် ဘက်စုံတည်ဆောက်ရေး အရေးကြီးဆုံးဖြတ်ချက်ချရန်အတွက် စုစည်းခြင်းလည်းဖြစ်သည်။
ဌာန၊ ဒေသအသီးသီးက ပါတီသမိုင်းသင်ယူလေ့လာခြင်း၊ အတွေးအခေါ်အယူအဆများအား နားလည်စေခြင်း၊ လုပ်ငန်းများအား လက်တွေ့ကျကျဆောင်ရွက်ခြင်း၊ အခင်းအကျင်းသစ်ဖွင့်လှစ်ခြင်းကို ပေါ်လွင်အောင် ဆောင်ရွက်ခဲ့ကြရာ အခြေခံ ဟောပြောမှုများတွင် ပါတီသမိုင်းလေ့လာသင်ယူရေး လူထုလက်လှမ်းမီအောင် တွန်းအားပေးဆောင်ရွက်ကာ အရည်အသွေးမြင့် ကဏ္ဍအလိုက်တွေ့ဆုံဆွေးနွေးစကားဝိုင်းများ ဆောင်ရွက်ခဲ့သည်။ “လူထုအတွက် လက်တွေ့အကျိုးဆောင် သယ်ပိုးပေး” ဟူသော အကောင်အထည်ဖော်လှုပ်ရှားမှုများကို ဆောင်ရွက်ရာတွင် ပါတီဝင်များက သမိုင်းလေ့လာသင်ယူမှုဖြင့် နားလည်မှု၊ ယုံကြည်မှုတိုးလာခြင်း၊ သစ္စာစောင့်တည်ခြင်း၊ အားမာန်အပြည့်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းရှိစေရန် ၊ ပါတီ၏ကြိုးပမ်းမှုသမိုင်းဖြစ်စဉ်တွင် ရှေ့သို့တက်လှမ်းချီမည့်ခွန်အားရရှိစေရန် ဆောင်ရွက်ခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲစနစ် ပြည့်စုံကောင်းမွန်အောင် စီမံခြင်းဆိုင်ရာ အမျိုးသားပြည်သူ့ကွန်ဂရက် ဆုံးဖြတ်ချက်အား အတည်ပြုရန် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် မဲပေးဆုံးဖြတ်နေသည်ကို မတ် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၃) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲစနစ်ကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခဲ့

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲစနစ် ပြည့်စုံကောင်းမွန်အောင် စီမံခြင်းဆိုင်ရာ အမျိုးသားပြည်သူ့ကွန်ဂရက် ဆုံးဖြတ်ချက်ကို ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် စတုတ္ထအကြိမ်မြောက် အစည်းအဝေးက မတ်လ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။
၎င်းမှာ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် ဗဟိုက ဥပဒေအရ ဟောင်ကောင်ကို စီမံအုပ်ချုပ်ခြင်း၏ အရေးကြီး လုပ်ငန်းစဉ် နောက်တစ်ခု ဖြစ်သလို “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” စနစ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ဟောင်ကောင်ဒေသအား ဗဟို၏ ဘက်စုံစီမံအုပ်ချုပ်ပိုင်ခွင့်ကို ဖော်ဆောင်သည့် အသေးစိတ်ထင်ဟပ်မှုနှင့် “နိုင်ငံ ချစ်မြတ်နိုးသူ ဟောင်ကောင်ဒေသ အုပ်ချုပ်ခြင်း”မူကို ဘက်စုံအကောင်အထည်ဖော်ဆောင်ရန်အတွက် ပို၍ခိုင်မာသော စနစ်အာမခံချက်ပံ့ပိုးခြင်းဖြစ်သည်။
၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၂၇ ကြိမ်မြောက် အစည်းအဝေးအား မေ ၃၀ ရက်တွင် အသစ်ပြင်ဆင်ရေးဆွဲသည့် ဟောင်ကောင်အခြေခံဥပဒေ ပူးတွဲ(၁) နှင့် ပူးတွဲ(၂) တို့အား အတည်ပြုခဲ့သည်။ ထို့နောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့် ဒေသန္တရဥပဒေပြုမှု ပြီးမြောက်ခဲ့သည်။ ရွေးကောက်ပွဲစနစ်သစ်သည် ဟောင်ကောင် ဒီမိုကရေစီ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကောင်းမွန်သည့်နိုင်ငံရေးဖြင့် ကောင်းမွန်သည့်စီမံအုပ်ချုပ်မှုကို ဖော်ဆောင်ရေး “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ကို စဉ်ဆက်မပြတ် တည်ငြိမ်စွာ အကောင်အထည်ဖော်ရေးအတွက် ခိုင်မာသည့် အခြေခံအဖြစ် မြှင့်တင်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အခမ်းအနားအား ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်ကို ဇူလိုင် ၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

(၄) တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲအား ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင် ၁ ရက်က ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်တွင် ခမ်းနားကြီးကျယ်စွာ ကျင်းပရာ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၇၀,၀၀၀ ကျော်က ခြိမ့်ခြိမ့်သဲသဲ ပါဝင်ဆင်နွဲခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ရာ ပါတီ၏ နှစ် ၁၀၀ ကြိုးပမ်းမှုဖြစ်စဉ်များကို ပြန်ပြောင်း သုံးသပ်ခဲ့သည်။ နှစ် ၁၀၀ ကာလ တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံပြည်သူများအား ဦးဆောင်၍ စည်းလုံညီညွတ်စွာဖြင့် ကြီးမားသည့် ရလဒ်များကို ဖန်တီးခဲ့ခြင်းပေါ် မှတ်ချက်ကောင်း ပြုခဲ့ပြီး ပါတီတည်ဆောက်ရေးစိတ်ဓါတ်အား အနှစ်ချုပ်ပြောကြားခဲ့သလို ပါတီအဖွဲ့ဝင်တစ်ရပ်လုံးအား သမိုင်းကိုလေ့လာနမူနာယူ၍ အနာဂတ်ကို ဖန်တီးကြရန်၊ ခရီးစဉ်သစ်ကို ခရီးနှင်ရာတွင် ပါတီနှင့်ပြည်သူ၏ဂုဏ်ရောင် ပို၍ထွန်းပြောင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါအထိမ်းအမှတ်အခမ်းအနားမတိုင်မီ ပါတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က “ဇူလိုင် ၁ ရက် ဆုတံဆိပ်” ဆုရရှိသူများအား ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီသမိုင်းပြတိုက်အား ဖွင့်လှစ်ပေးခဲ့သလို “မဟာခရီးရှည်” အနုပညာဖျော်ဖြေပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တရုတ်နိုင်ငံစီချွမ်းပြည်နယ် မြန်ယန်မြို့ မောင်ရှန်းကျေးရွာရှိ မိသားစု နေထိုင်မှုဘဝအပြောင်းအလဲအား တွေ့ရစဉ်(ဆင်ဟွာ)

(၅) အတော်အသင့်ပြည့်စုံကြွယ်ဝသည့် လူမှုအသိုက်အဝန်းအား ဘက်စုံ တည်ဆောက်နိုင်ခဲ့

ပါတီတစ်ရပ်လုံး၊တစ်နိုင်ငံလုံးပြည်သူများ၏ မဆုတ်မနစ်ကြိုးပမ်းမှုကြောင့် မိမိတို့အနေဖြင့် ပထမ နှစ် ၁၀၀ ရည်မှန်းချက်ဖြစ်သည့် အတော်အသင့်ပြည့်စုံကြွယ်ဝသည့်လူမှုအသိုက်အဝန်းအား ဘက်စုံအကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ရာ အကြွင်းမဲ့ဆင်းရဲနွမ်းပါးမှုပြဿနာကို သမိုင်းဝင်ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဇူလိုင် ၁ ရက်နေ့ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ပါတီနှင့်ပြည်သူ့ကိုယ်စား ကြေညာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီသည် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို အတော်အသင့်ပြည့်စုံကြွယ်ဝသည့် လူမှုအသိုက်အဝန်း ဘက်စုံတည်ဆောက်ရန် အခြေခံတာဝန်အဖြစ်ထားရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျင်းပသည့် နိုင်ငံတစ်ဝန်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးသုံးသပ်ဂုဏ်ပြုပွဲအခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတိုက်ပွဲသည် ဘက်စုံအောင်မြင်မှုရရှိခဲ့ရာ လက်ရှိစံနှုန်းများအရ ကျေးလက်ဆင်းရဲနွမ်းပါးသူ လူဦးရေ ၉၈.၉၉ သန်းကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။


(၆) တစ်အိမ်ထောင် ကလေး ၃ ဦး မူဝါဒအား ထုတ်ပြန်ခဲ့

“ကလေးမွေးဖွားမှုဆိုင်ရာမူဝါဒ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် လူဦးရေ ရေရှည် မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတော်ကောင်စီ ဆုံးဖြတ်ချက်” ကို ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ခဲ့ရာ မူဝါဒကောင်း အဆိုပြု၍ တစ်အိမ်ထောင် ကလေး ၃ ယောက်မှုဝါဒကို အကောင်အထည်ဖော်ခဲ့သလို ယင်းမူဝါဒပံ့ပိုးမှုများကို ဆောင်ရွက်ခဲ့သည်။ ၎င်းမှာ တရုတ်နိုင်ငံ လူဦးရေနှင့်ကလေးမွေးဖွားမှုဆိုင်ရာမူဝါဒ၏ နောက်ထပ်တစ်ကြိမ် သမိုင်းဝင် ပြင်ဆင်ခြင်းဖြစ်ရာ တရုတ်နိုင်ငံ၏ လူဦးရေဖွဲ့စည်းပုံကို ကောင်းမွန်အောင် ပြုပြင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်အားသာချက်ကို ဆက်လက်ထိန်းသိမ်းခြင်း၊ ကလေးမွေးဖွားနှုန်းကျဆင်းမှုအား လျော့နည်းစေခြင်း၊ အတော်အသင့်ပြည့်စုံကြွယ်ဝသည့် လူမှုအသိုက်အဝန်း ဘက်စုံတည်ဆောက်နိုင်မှု ရလဒ်အား ခိုင်မာအောင်ဆောင်ရွက်ခြင်းများအတွက် အကျိုးရှိစေမည်ဖြစ်သည်။ လူဦးရေနှင့်မိသားစုစီမံကိန်းဥပဒေပြင်ဆင်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ဩဂုတ် ၂၀ ရက်တွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အကြိမ် ၃၀ မြောက် ဆွေးနွေးပွဲတွင် အတည်ပြုခဲ့ပြီး တစ်အိမ်ထောင် ကလေး ၃ ဦး မူဝါဒကို အကောင်အထည်ဖော်ဆောင်ခဲ့သလို လူမှုစရိတ်ပေးဆောင်ခြင်းစသည့် အကန့်အသတ်များအား ဖျက်သိမ်းခြင်း၊ မူဝါဒပံ့ပိုးမှုလုပ်ငန်းများဖော်ဆောင်ခြင်းစသည်တို့ကို ကို ပြင်ဆင်ရေးဆွဲခဲ့သည်။

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

(၇) ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ပါတီ၏ နှစ် ၁၀၀ ကြိုးပမ်းချက်များအား အနှစ်ချုပ် သုံးသပ်ခဲ့

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို နိုဝင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် “တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ ကြိုးပမ်းမှုကြီးမားသည့် အောင်မြင်မှုနှင့် သမိုင်းအတွေ့အကြုံများဆိုင်ရာ ပါတီဗဟိုကော်မတီ ဆုံးဖြတ်ချက်” ကို စိစစ်အတည်ပြုခဲ့သည်။ ၎င်းဆုံးဖြတ်ချက်တွင် ပါတီ၏ နှစ် ၁၀၀ ကြိုးပမ်းမှု ကြီးမားသော အောင်မြင်မှုနှင့်သမိုင်းအတွေ့အကြုံများကို စုစည်းအနှစ်ချုပ်သုံးသပ်မှုပြုလုပ်ခဲ့ရာ တရုတ်သွင်ပြင်လက္ခဏာဖြင့် ဆိုရှယ်လစ်ခေတ်သစ်ကို ထင်ရှားမှုရှိစေခဲ့သလို ပါတီဗဟိုကော်မတီက ပါတီ၏နှစ် ၁၀၀ ကြိုးပမ်းမှုအပေါ် အတွေးအမြင်သစ်များ ပေါ်လွင်စေခဲ့သည်။ ယင်းအကြောင်းအရာများသည် မာ့စ်ဝါဒ ပရိုဂရမ်မက်ထရစ်စာပေကို ထွန်းတောက်စေရာ ခေတ်သစ်တရုတ်ကွန်မြူနစ်ပါတီဝင်များ မူလနှလုံးသွင်းသမိုင်းတာဝန်အား စိတ်ထဲစွဲမြဲစေသည့် ၊ တရုတ်နိုင်ငံဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒ နိုင်ငံရေးကြေညာချက်ကို ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်၊ သမိုင်းကိုလေ့လာသင်ယူ၍ အနာဂတ်ကို ဖန်တီးကာ နိုင်ငံပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်သည့် လှုပ်ရှားမှု လမ်းညွှန်ဖြစ်သည်။ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်ကို ၂၀၂၂ နှစ် ဒုတိယနှစ်ဝက်တွင် ပေကျင်း၌ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးနေသည်ကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

(၈) တရုတ်-အမေရိကန်၊ တရုတ်-ရုရှား နှစ်ဖက်ခေါင်းဆောင်များ ဗွီဒီယို ကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့

နိုဝင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် ဗွီဒီယို ကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်သမှုပြုခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်တွင် သမ္မတရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ သမ္မတ ရှီသည် ယခုနှစ် ကပ်ရောဂါအခြေအနေများအကြား တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့ပါတီခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၊ BRIC ထိပ်သီးအစည်းအဝေး၊ SCO ထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂညီလာခံ ဆွေးနွေးပွဲ၊ MEDIA ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးစိတ်ကွဲများဆိုင်ရာ ကွန်ဗားရှင်း ၁၅ ကြိမ်မြောက် ညီလာခံ COP15 ၊ G20 ထိပ်သီးအစည်းအဝေး၊ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး စသည့် အရေးကြီးပွဲများကို တက်ရောက်ခဲ့သည်။ “Cloud Diplomacy” ဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ နီးကပ်စွာ သွားလာမှုများပြုလုပ်ခဲ့ရာ ဘုံစိန်ခေါ်မှုများအတွက် တရုတ်နိုင်ငံ၏နည်းလမ်းအား အဆိုပြုခဲ့သလို ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုများ ရရှိစေရန် စုစည်းသမှုပြုလုပ်ခဲ့ရာ နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာအတူဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသည့် မြှင့်တင်မှု၊ လူသားမျိုးနွယ်ဘုံစံတန်ဖိုးအား ထွန်းလင်းစေရေးနှင့် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတည်ဆောက်ရေးအတွက် တွန်းအားပြုခဲ့သည်။

Shenzhou-13 အာကာသယာဉ်မှူး ကျိုက်ကျစ်ကန်း အာကာသစခန်းပြင်သို့ ထွက်လာသည့် မြင်ကွင်းအား ပေကျင်းအာကာသထိန်းချုပ်ရေးစခန်းမှ ရိုက်ကူးသောပုံတွင် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၉) လူလိုက်ပါအာကာသယာဉ်ကဏ္ဍတွင် အပြောင်းအလဲ ရလဒ်သစ်များ ရရှိခဲ့

ဒီဇင်ဘာ ၂၇ ရက် ၀၀ နာရီ ၅၅ မိနစ်တွင် Shenzhou-13 အာကာသယာဉ်မှူးအဖွဲ့သည် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အာကာသစခန်းပြင်ပ သတ်မှတ်တာဝန်များကို ၆ နာရီခန့်ကြာ ဆောင်ရွက်ပြီးနောက် ကျိုက်ကျစ်ကန်း၊ ယဲ့ကွမ်းဖု အာကာသယာဉ်မျူးနှစ်ဦးသည် Tianhe အာကာသစခန်းပင်မခန်းသို့ ဘေးကင်းစွာ ပြန်ရောက်ခဲ့ရာ အပြည့်အဝအောင်မြင်မှု ရရှိခဲ့သည်။
တစ်နှစ်တာကာလတွင် တရုတ်အာကာသစခန်း ပင်မခန်းမ Tianhe အား အောင်မြင်စွာ လွတ်တင်နိုင်ခြင်းမှသည် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် “Tianwen-1” ၊ “Zhurong” အောင်မြင်စွာ လွှတ်တင်နိုင်သည်အထိ၊ Shenzhou-12 တာဝန်ပြီးမြောက်၍ Shenzhou-13 အောင်မြင်စွာ လွှတ်တင်နိုင်သည်အထိ တရုတ်နိုင်ငံ၏ သိပ္ပံနည်းပညာလက်တွေ့စွမ်းအားသည် အရေအတွက်မှသည် အရည်အသွေးမြင့်ဆီသို့ ခုန်ပျံကျော်လွှား အောင်မြင်မှုရရှိခဲ့ရာ တစ်နေရာတစ်ခု ပြောင်းလဲမှုမှသည် စနစ်စွမ်းရည်မြှင့်တင်မှုများရှိခဲ့ပြီး သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှု၌ သမိုင်းသစ်တွင် အောင်မြင်မှုရရှိခဲ့သည်။

တရုတ်နိုင်ငံ ကျင်းဆားမြစ် ပိုင်ဟဲ့ထန် ရေအားလျှပ်စစ်စီမံကိန်းအား ဇွန် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၁၀) ၁၄ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း အကောင်အထည်ဖော်မှု အစပျိုး အခင်းအကျင်း ကောင်းမွန်ခဲ့

ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံသမိုင်း၏ သမိုင်းမှတ်တိုင်နှစ်ဖြစ်ရာ သမ္မတရှီကျင့်ဖိန်အား ဗဟိုပြုသည့် ပါတီဗဟိုကော်မတီက ပြည်သူတစ်ရပ်လုံးအား ဦးဆောင်၍ ဒုတိယ နှစ် ၁၀၀ ရည်မှန်းချက် ခရီးစဉ်သစ်ကို တက်လှမ်းချီခဲ့သည်။
နှစ် ၁၀၀ အပြောင်းအလဲနှင့် ရာစုနှစ်ကပ်ရောဂါကို ခက်ခဲစွာ ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအခင်းအကျင်းသစ်ကို တည်ဆောက်ကာ ခြေလှမ်းသစ် လျှောက်လှမ်းခဲ့ရာ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး ရလဒ်သစ်များ ရရှိပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ကမ္ဘာထိပ်တန်းနေရာကို ထိန်းသိမ်းနိုင်ခဲ့သည်။
တရုတ်နိုင်ငံ၏မဟာဗျူဟာနည်းပညာအင်အားတောင့်တင်းလာခြင်း၊ထုတ်လုပ်မှုလုပ်ငန်းကွင်းစက် ပြောင်းလဲမှုဒဏ်ခံနိုင်စွမ်းရည် ပို၍ တိုးမြှင့်ခြင်း၊ ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်စနစ်အား ထဲထဲဝင်ဝင်တွန်းအားပေးခြင်း၊ ပြည်သူ့စားဝတ်နေရေးအာမခံမှုအတွက် အားကောင်းထိရောက်အောင် ဆောင်ရွက်ခြင်း၊ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးကို ဆက်လက် တွန်းအားပေးဆောင်ရွက်ခြင်းများက ၁၄ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း၏ အစပျိုး အခင်းအကျင်းအား ကောင်းမွန်အောင် ဖော်ဆောင်ခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
新华社评出2021年国内十大新闻
2021-12-29 15:23:15
新华社北京12月29日电 新华社评出2021年国内十大新闻(按事件发生时间先后为序)
1、国内生产总值突破百万亿大关
1月18日,国家统计局发布数据,2020年,面对新冠肺炎疫情大考,我国率先控制住疫情、率先复工复产、率先实现经济增长由负转正,国内生产总值首次突破100万亿元大关。这意味着我国经济实力、科技实力、综合国力又跃上了新的大台阶,对于全面建成小康社会、开启全面建设社会主义现代化国家新征程,具有十分重要的标志性意义。
2、全党开展党史学习教育
2月20日,党史学习教育动员大会在北京召开,习近平总书记出席会议并发表重要讲话。党史学习教育是党中央立足党的百年历史新起点、统筹中华民族伟大复兴战略全局和世界百年未有之大变局、为动员全党全国满怀信心投身全面建设社会主义现代化国家而作出的重大决策。党史学习教育开展以来,各部门各地区各单位突出学党史、悟思想、办实事、开新局,在基层宣讲中推动党史学习教育深入群众,高质量开展专题组织生活会,扎实推进“我为群众办实事”实践活动,广大党员不断学史明理、学史增信、学史崇德、学史力行,从党的奋斗历程中汲取前进力量。
3、完善香港特别行政区选举制度
3月11日,十三届全国人大四次会议表决通过《全国人民代表大会关于完善香港特别行政区选举制度的决定》。这是继制定实施香港国安法后,中央依法治港的又一重大举措,是完善“一国两制”制度体系、落实中央对香港全面管治权的具体体现,为全面落实“爱国者治港”原则提供了更加坚实的制度保障。3月30日,十三届全国人大常委会第二十七次会议通过了新修订的香港基本法附件一和附件二。随后,香港特别行政区完成本地立法。新选举制度为推进香港民主稳步发展、实现良政善治,促进“一国两制”实践行稳致远打下坚实基础。
4、隆重庆祝中国共产党成立100周年
7月1日,庆祝中国共产党成立100周年大会在北京天安门广场隆重举行,各界代表7万余人以盛大仪式欢庆中国共产党百年华诞。习近平总书记发表重要讲话,回顾了中国共产党百年奋斗的光辉历程,高度评价一百年来中国共产党团结带领中国人民创造的伟大成就,精辟概括伟大建党精神,号召全体中国共产党员以史为鉴、开创未来,在新的赶考之路上努力为党和人民争取更大光荣。庆祝大会前夕,习近平总书记向“七一勋章”获得者颁授勋章,中国共产党历史展览馆落成开馆,文艺演出《伟大征程》盛大举行。
5、我国全面建成小康社会
7月1日,庆祝中国共产党成立100周年大会上,习近平总书记代表党和人民庄严宣告,经过全党全国各族人民持续奋斗,我们实现了第一个百年奋斗目标,在中华大地上全面建成了小康社会,历史性地解决了绝对贫困问题。党中央把脱贫攻坚作为全面建成小康社会的底线任务,2月25日召开的全国脱贫攻坚总结表彰大会上,习近平总书记宣布,我国脱贫攻坚战取得了全面胜利,现行标准下9899万农村贫困人口全部脱贫。
6、三孩生育政策发布实施
7月20日,《中共中央 国务院关于优化生育政策促进人口长期均衡发展的决定》对外发布,提出优化生育政策,实施一对夫妻可以生育三个子女政策,配套实施积极生育支持措施。这是我国人口与生育政策的又一次历史性调整,有利于改善我国人口结构、保持我国人力资源禀赋优势、平缓总和生育率下降趋势、巩固全面建成小康社会成果。8月20日,十三届全国人大常委会第三十次会议表决通过关于修改人口与计划生育法的决定,围绕实施三孩生育政策、取消社会抚养费等制约措施、配套实施积极生育支持措施等进行修改。
7、六中全会总结党的百年奋斗
11月8日至11日,党的十九届六中全会在北京召开。全会审议通过的《中共中央关于党的百年奋斗重大成就和历史经验的决议》,聚焦总结党的百年奋斗重大成就和历史经验,突出中国特色社会主义新时代这个重点,体现了党中央对党的百年奋斗的新认识,是一篇光辉的马克思主义纲领性文献,是新时代中国共产党人牢记初心使命、坚持和发展中国特色社会主义的政治宣言,是以史为鉴、开创未来、实现中华民族伟大复兴的行动指南。全会决定,中国共产党第二十次全国代表大会于2022年下半年在北京召开。
8、中美中俄元首举行视频会晤
11月16日,国家主席习近平同美国总统拜登举行视频会晤,为中美关系发展把舵引航。12月15日,习近平主席同俄罗斯总统普京举行年内第二次视频会晤。今年以来,在疫情背景下,习近平主席还以视频方式出席中国共产党与世界政党领导人峰会、金砖峰会、上合峰会、联合国大会一般性辩论、《生物多样性公约》第十五次缔约方大会、二十国集团峰会、亚太经合组织领导人非正式会议等一系列重大活动,通过“云外交”同国际社会密切互动,针对共同挑战提出中国方案、凝聚全球共识,有力促进国际抗疫合作和全球共同发展,弘扬全人类共同价值,推动构建人类命运共同体。
9、载人航天等取得新突破
12月27日0时55分,经过约6小时,神舟十三号航天员乘组圆满完成年内第二次出舱全部既定任务,航天员翟志刚、叶光富安全返回天和核心舱,出舱活动取得圆满成功。一年来,从中国空间站天和核心舱成功发射到“天问一号”“祝融号”成功探测火星,从神舟十二号圆满完成任务到神舟十三号成功发射,我国科技实力正在从量的积累迈向质的飞跃、从点的突破迈向系统能力提升,科技创新取得新的历史性成就。
10、“十四五”实现良好开局
今年是党和国家历史上具有里程碑意义的一年,以习近平同志为核心的党中央带领全体人民,开启向第二个百年奋斗目标进军新征程,沉着应对百年变局和世纪疫情,构建新发展格局迈出新步伐,高质量发展取得新成效,我国经济发展和疫情防控保持全球领先地位,国家战略科技力量加快壮大,产业链韧性得到提升,改革开放向纵深推进,民生保障有力有效,生态文明建设持续推进,实现了“十四五”良好开局。(完)

图1:这是2021年8月12日,在广西柳州一家汽车企业,工人在新能源汽车生产线上忙碌。新华社发(黎寒池 摄)
图2:这是2021年6月3日,党员在全新开馆的上海中共一大纪念馆里重温入党誓词。新华社记者 刘颖 摄
图3:2021年3月11日,十三届全国人大四次会议表决通过《全国人民代表大会关于完善香港特别行政区选举制度的决定》。这是表决现场。 新华社记者 张玉薇 摄
图4:2021年7月1日上午,庆祝中国共产党成立100周年大会在北京天安门广场隆重举行。这是飞行庆祝表演。新华社记者 李贺 摄
图5:这是一张拼版照片,上图为四川省绵阳市安州区高川乡茅香村群众林兴聪(右二)、李芸香(右三)和家中的老人、孩子在重建中的住房前留影(2009年1月25日,新华社记者江毅摄);下图为林兴聪(后右三)、李芸香(后右四)一大家13口人在房前留影(2021年5月4日,新华社记者江宏景摄)。 新华社发
图6:
图7:这是中国共产党第十九届中央委员会第六次全体会议现场。 新华社记者 燕雁 摄
图8: 这是2021年12月15日下午,国家主席习近平在北京同俄罗斯总统普京举行视频会晤。 新华社记者 殷博古 摄
图9:这是2021年11月7日在北京航天飞行控制中心拍摄的神舟十三号航天员翟志刚出舱画面。 新华社发(郭中正 摄)
图10:这是2021年6月10日拍摄的金沙江白鹤滩水电站。 新华社记者 胥冰洁 摄