Connect with us

Africa & Middle East

တူနီးရှားနိုင်ငံ ဝန်ကြီးချုပ် COVID-19 ရောဂါ ကူးစက်ခံရ

တူနီးရှားနိုင်ငံ ဝန်ကြီးချုပ် Hichem Mechichi က မေ ၇ ရက်၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

တူနီးရှား ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ ဝန်ကြီးချုပ် Hichem Mechichi သည် COVID-19 ရောဂါစစ်ဆေးရာတွင် ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရသဖြင့် လက်ရှိချိန်တွင် သီးသန့်ခွဲခြားနေထိုင်မှု ဆောင်ရွက်နေကြောင်း တူနီးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံး က ဇွန် ၂၅ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက်တွင် သီးသန့်ခွဲခြားနေထိုင်စဉ်အတွင်း ဝန်ကြီးချုပ် Hichem Mechichi သည် မည်သည့် အစည်းအဝေး မှ တက်ရောက်မည်မဟုတ်ကြောင်း ၊ သို့သော် အွန်လိုင်းမှတစ်ဆင့် အစိုးရအဖွဲ့ကို ဆက်လက်၍ ဦးဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက်အရ လတ်တလောရက်ပိုင်းအတွင်း ဝန်ကြီးချုပ် Hichem Mechichi နှင့် ထိတွေ့မှုရှိခဲ့သည့် အစိုးရဝန်ထမ်းများအားလုံးအနေဖြင့် COVID-19 ရောဂါ စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ၊ ဝန်ကြီးချုပ်သည် ယခုနှစ် ဧပြီ ၂၃ ရက် နှင့် မေ ၂၅ ရက်တို့တွင် COVID-19 ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် အသီးသီး ထိုးနှံမှုခံယူထားကြောင်း သိရှိရသည်။

တူနီးရှား နိုင်ငံ လွှတ်တော် ကျန်းမာရေး ကော်မတီ ၏ အရာရှိတစ်ဦး က ဇွန် ၂၅ ရက်၌ ဒေသတွင်း မီဒီယာ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးချုပ် ၏ ဇနီးဖြစ်သူအား COVID-19 ရောဂါ စစ်ဆေးခဲ့ရာတွင်လည်း ရောဂါကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရသဖြင့် လက်ရှိချိန်၌ ဆေးရုံတစ်ရုံတွင် ဆေးဝါးကုသမှုပေးထားကြောင်း သိရသည်။

လက်ရှိချိန်တွင် တူနီးရှားနိုင်ငံ သည် COVID-19 ရောဂါ ကူးစက်မှု လှိုင်းအသစ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၊ တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၂၅ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃,၄၆၇ ဦးရှိပြီး ရောဂါကြောင့် ထပ်မံသေဆုံးသူ ၈၃ ဦးရှိကြောင်း ၊ နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၉၈,၈၂၉ ဦးအထိရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄,၄၈၉ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

——————————————
(Chinese Version)

(国际)突尼斯总理新冠病毒检测呈阳性

新华社突尼斯6月26日电突尼斯总理府25日发表声明说,突总理迈希希的新冠病毒检测结果呈阳性,目前正进行隔离。
总理府的声明说,在隔离期间,迈希希将不会出席任何会议,但会通过远程工作的方式继续领导政府。

总理府还表示,最近与迈希希有过接触的政府官员都将进行新冠病毒检测。迈希希于今年4月23日和5月25日接种了两剂新冠疫苗。
突尼斯议会卫生委员会一位官员25日在接受当地媒体采访时表示,迈希希的夫人新冠病毒检测结果也呈阳性,正在一家医院接受治疗。

目前,突尼斯正面临新一波新冠疫情的冲击。25日,突尼斯卫生部宣布该国新增病例3467例,新增死亡83例,全国累计确诊病例398829例,累计死亡14489例。(完)

Photo
5月7日,突尼斯总理迈希希在首都突尼斯市宣布全面封禁措施。 新华社发(突尼斯总理府供图)