Africa & Middle East
တောင်အာဖရိကနိုင်ငံတွင် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် သေဆုံးသူ (၁၁၇)ဦးထိ မြင့်တက်လာ

ဂျိုဟန္နက်စဗတ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ အခင်းဖြစ်ရပ်ကြောင့် သေဆုံးသူ (၁၁၇)ဦး ရှိပြီဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတရုံး ခေတ္တဝန်ကြီး Khumbudzo Ntshavheniက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။လက်ရှိအချိန်ထိ ဆူပူဆန္ဒပြမှုအတွင်း သေဆုံးခဲ့သူ KwaZulu-Natalပြည်နယ်တွင် (၉၁)ဦး၊ Gautengပြည်နယ်တွင် (၂၆)ဦးရှိပြီး ဖမ်းဆီးခံထားရသူ (၂,၂၀၃)ဦး ရှိကြောင်း Khumbudzo Ntshavheniက ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန္နက်စဗတ်မြို့တွင် ဆန္ဒပြသူများအား ထိန်းသိမ်းထားသည်ကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
Gautengပြည်နယ်၏အခြေအနေမှာ အကောင်းဘက်သို့ ဦးတည်ပြောင်းလဲလာရာ ဈေးဆိုင်လုယက်မှုများ အများအပြားလျော့နည်းလာပြီဖြစ်သော်လည်း KwaZulu-Natalပြည်နယ်တွင်မူ မကြာခဏဆိုသလို လုယက်မှုများ ဖြစ်ပွားနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
တောင်အာဖရိကအကြီးဆုံးဆိပ်ကမ်းDurban၏ အဓိကလမ်းကြောင်းကို ဆန္ဒပြသူများ ပိတ်ဆို့လိုက်ခြင်းနှင့်စပ်လျဉ်း၍ Khumbudzo Ntshavhenက အောက်ဆီဂျင်၊ ဆေးဝါးစသည့် ပစ္စည်းများ မြို့ကြီးများသို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေးယာဉ်များကို ရဲတပ်ဖွဲ့က အကာအကွယ်ပေးနေကြောင်း ဆိုသည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန္နက်စဗတ်မြို့ အရောင်းဆိုင်တစ်ခုတွင် လုယက်သည်ဟု သံသယရှိသူအား ထိန်းသိမ်းထားသည်ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
Jacob Zumaသည် ဇူလိုင် ၇ ရက် ညပိုင်းက ရဲတပ်ဖွဲ့ထံ တရားရုံးမထီမဲ့မြင်ပြုမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ရာ ၎င်းအား ထောက်ခံကြသူများက ဇူလိုင် ၉ ရက်မှစ၍ ၎င်း၏ဇာတိဖြစ်သည့် KwaZulu-Natalပြည်နယ်တွင် Jacob Zumaကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုအပြီး မီးရှို့ဖျက်ဆီးလုယက်အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosaက ဇူလိုင် ၁၂ ရက်တွင် ရဲတပ်ဖွဲ့အား အကူအညီပေးရန်နှင့် အခြေအနေများကို ထိန်းသိမ်းရန် စစ်တပ်စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)
#SouthAfrica, #protest, #xinhua, #myanmar, #xinhuamyanmar, #တောင်အာဖရိက, #ဆန္ဒပြ, #အဓိကရုဏ်း, #ဆင်ဟွာ
————————————————
(Chinese Version)
(国际)南非骚乱死亡人数升至117人
新华社约翰内斯堡7月15日电(记者荆晶)南非总统府代理部长昆布佐•恩特沙韦尼15日说,因前总统祖马被捕入狱引发的骚乱已造成117人死亡。
恩特沙韦尼当天在新闻发布会上说,截至目前,夸祖卢-纳塔尔省有91人在骚乱中死亡,豪滕省有26人死亡,共有2203人被逮捕。当局已掌握12名涉嫌策划骚乱的人员名单,并逮捕了其中一人。
恩特沙韦尼说,当前豪滕省局势正在好转,抢劫商铺的事件大幅减少,但抢劫事件在夸祖卢-纳塔尔省仍不时发生。对于抗议者阻断南非最大港口德班的主要道路问题,恩特沙韦尼表示,已派出警力护送运输车队,以保障氧气、药品等顺利运抵各大城市。
祖马7日夜因藐视法庭罪向警方投案,其支持者9日起在其家乡夸祖卢-纳塔尔省发起示威,要求释放祖马。抗议活动随后发展成暴力抢劫、纵火行为。南非总统拉马福萨12日派军队协助警察维持秩序,平息骚乱。(完)
1. A police officer deals with protesters looting a shop in Johannesburg, South Africa, on July 12, 2021. (Photo by Yeshiel/Xinhua)
2. Policemen detain protesters in Johannesburg, South Africa, on July 11, 2021. (Photo by Yeshiel/Xinhua)
3. A police officer detains a suspect looting a shop in Johannesburg, South Africa, on July 12, 2021. (Photo by Yeshiel/Xinhua)