Connect with us

International Organizations

ပင်လယ်နီအခြေအနေ ဆောလျင်စွာ အရှိန်လျော့ကျရေးအား တွန်းအားပေးရန် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

ယီမင်နိုင်ငံ မြို့တော်ဆန်နား မြောက်ပိုင်း၌ အမေရိကန်စစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများကို ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၁၅ ရက် (ဆင်ဟွာ)
ပင်လယ်နီအခြေအနေ ဆောလျင်စွာ အရှိန်လျော့ကျရေးအား တွန်းအားပေးရန်၊ နိုင်ငံရေးအရ ဖြေရှင်းခြင်း ဦးတည်ချက်လားရာအား စွဲမြဲစွာ ကိုင်စွဲထားရန်၊ ယီမင်နိုင်ငံအပေါ် လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုအား တိုးချဲ့သွားရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် စွန်းလေက မေ ၁၄ ရက် လုံခြုံရေးကောင်စီ၏ ယီမင်အရေးကိစ္စ တံခါးဖွင့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပင်လယ်နီအခြေအနေ အဆက်မပြတ်လှုပ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် စိုးရိမ်ပူပန်ရကြောင်း စွန်းလေက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်လအတွင်း အမေရိကန်နှင့် ဗြိတိန်သည် ယီမင်အပေါ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဟူသီလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးတို့သည် အပြန်အလှန် တိုက်ခိုက်ကြသဖြင့် လူအများအပြား သေဆုံးဒဏ်ရာရမှုနှင့် အခြေခံအဆောက်အဦ ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ လတ်တလောရက်ပိုင်းတွင် အမေရိကန်နှင့် ဟူသီလက်နက်ကိုင်အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုကြောင်းနှင့် ယင်းအတွက် အိုမန်နိုင်ငံ၏ ကြိုးပမ်းမှုများကို တန်ဖိုးထားချီးကျူးကြောင်း၊ ဘက်အသီးသီးအနေဖြင့် ယင်းအခါမယတွင် အခြေအနေ ဆောလျင်စွာ အရှိန်လျော့ကျရေးအား တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးက ထိန်းထိန်းသိမ်းသိမ်း တည်တည်ငြိမ်ငြိမ်လုပ်ဆောင်၍ အခြေအနေတင်းမာမှု ပိုမိုဆိုးရွားလာစေနိုင်သည့် လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်ရန် ထပ်မံတိုက်တွန်းကြောင်း၊ ဟူသီလက်နက်ကိုင်များက ကုန်သည်သင်္ဘောများအပေါ် နှောင့်ယှက်မှုအား ရပ်တန့်ခြင်းဖြင့် ပင်လယ်နီရေပြင် ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်း ဘေးကင်းလုံခြုံမှုအား ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းကြောင်း၊ ယီမင်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဘေးကင်းလုံခြုံမှုနှင့် ပိုင်နက်မြေပြည့်စုံမှုကို လေးစားရမည်ဖြစ်ပြီး ရရှိပြီးသား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယီမင်အရေးကိစ္စသည် ရှုပ်ထွေးသော အကြောင်းရင်းရှိသော်လည်း နောက်ဆုံးတွင် နိုင်ငံရေးအရနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ ဘက်အသီးသီးက ခိုင်မာသောဆုံးဖြတ်မှုနှင့် ဆန္ဒကို ဖော်ပြခြင်းဖြင့် ထိတွေ့ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ “ယီမင်ပြည်သူများ ဦးဆောင်ကာ ယီမင်ပြည်သူများ ပိုင်ဆိုင်သော” ဘက်စုံနိုင်ငံရေးလုပ်ငန်းစဉ်အား တွန်းအားပေးခြင်း‌ဖြင့် ပြန်လည်သင့်မြတ်ရေးအား ဆောလျင်စွာ ဖော်ဆောင်ပြီး စီးပွားရေး ပြန်လည်တည်ဆောက်မှုအား စတင်ရန် တိုက်တွန်းကြောင်း၊ ဒေသတွင်းနိုင်ငံများက ယင်းအတွက် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှပါဝင်ခြင်းကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဟန်စ်ဂရန်းဘာ့ဂ်က ပို၍များပြားသည့်ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်သွားရန် ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယီမင်၏ လူသားချင်းစာနာမှု လုပ်ငန်းများတွင် ပစ္စည်းထောက်ပံ့ပေးမှု မလုံလောက်ခြင်း၊ ဘေးကင်းလုံခြုံမှု အန္တရာယ်၊ အဓိကနိုင်ငံမူဝါဒ အကျိုးသက်ရောက်မှုများ ပြင်ပသို့ကူးစက်ခြင်း စသည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရသဖြင့် နိုင်ငံတကာအသိုက်အဝန်းက ထောက်ခံပံ့ပိုးမှုများ တိုးမြှင့်ရန် အရေးတကြီးလိုအပ်နေကြောင်း စွန်းလေက ထောက်ပြပြောကြားခဲ့သည်။ မည်သည့်အခြေအနေတွင်မဆို အရပ်သားပြည်သူနှင့် အရပ်ဘက်သုံး အဆောက်အဦများကို တိုက်ခိုက်ရေးပစ်မှတ်အဖြစ် သဘောထား၍မရကြောင်း၊ ဟူသီလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသူအားလုံးကို ချက်ချင်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပင်လယ်နီ အခြေအနေတင်းမာမှုသည် ဂါဇာဒေသအခြေအနေနှင့် များစွာစပ်လျဉ်းမှုရှိကြောင်း စွန်းလေက အလေးထားပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း နိုင်ငံတကာအသိုက်အဝန်း၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများကြားတွင် အစ္စရေးက ဂါဇာဒေသ၌ စစ်မီးများ ပြန်လည်စတင်လောင်ကျွမ်းအောင် လုပ်ဆောင်ခြင်း၊ ဂါဇာဒေသကို အဆက်မပြတ် ဝန်းရံပိတ်ဆို့မှုများ လုပ်ဆောင်ခြင်း၊ ဒေသတွင်း ဘေးကင်းလုံခြုံမှုနှင့် တည်ငြိမ်မှုသည် ပိုမိုများပြားသော စိန်ခေါ်မှုများနှင့် ကြုံတွေ့ရခြင်းတို့သည် များစွာ စိုးရိမ်ပူပန်မှု ဖြစ်စေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက ဂါဇာဒေသ ရေရှည်အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်မှုကို အားလုံးထက်ပိုအရေးကြီးသော ဦးစားပေးကိစ္စရပ်အဖြစ် သဘောထားကာ ဒေသတွင်းအခြေအနေတစ်ရပ်လုံး အရှိန်လျော့ကျရေးအား တွန်းအားပေးခြင်းဖြင့် ယီမင်နှင့် ပင်လယ်နီ၏ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ဖော်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ယီမင်နိုင်ငံ မြို့တော်ဆန်နားတွင် လေကြောင်းတိုက်ခိုက်ခံထားရသော ဈေးတစ်ခု၌ ပြည်သူများ စုဝေးနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————————————————————————–
(Chinese Version)
中方呼吁推动红海局势尽快降温
新华社联合国5月14日电 中国常驻联合国副代表孙磊14日在安理会也门问题公开会上发言,呼吁推动红海局势尽快降温,坚持政治解决方向,加大对也门人道援助力度。
孙磊说,红海局势持续动荡,令人担忧。过去两个月,美英对也门实施空袭,胡塞武装同以色列相互袭击,造成重大人员伤亡和基础设施损毁。近日,美国和胡塞武装达成停火协议。中方对此表示欢迎,赞赏阿曼为此所作努力,希望各方以此为契机,推动局势尽快降温。中方再次呼吁所有各方保持冷静克制,避免采取加剧紧张局势的行动,呼吁胡塞武装停止袭扰商船,维护红海水域航道安全。也门的主权、安全和领土完整应得到尊重,已经达成的停火协议应得到执行。
孙磊表示,也门问题有复杂原因,最终要靠政治解决。中方呼吁也门各方展现决断和意愿,恢复接触沟通,通过对话谈判化解分歧,推进“也门人主导、也门人所有”的全面政治进程,早日实现和解,开启经济重建。中方支持地区国家为此发挥更大作用,支持联合国也门问题特使格伦德贝里继续作出更多努力。
孙磊指出,也门人道工作面临供资不足、安全风险、主要国家政策影响外溢等多重挑战,亟需国际社会加大支持。任何情况下都不能将平民和民用基础设施作为袭击目标。中方呼吁胡塞武装立即无条件释放所有被扣押人员。
孙磊强调,红海紧张局势同加沙局势密切关联。近期,以色列不顾国际社会强烈反对,重新燃起加沙战火,持续围困封锁加沙,地区安全稳定面临更多挑战,令人深感担忧和关切。国际社会应将实现加沙持久停火作为压倒一切的优先事项,推动地区整体局势实现降温,恢复也门和红海的和平稳定。(完)
图说1:这是4月27日在也门首都萨那北部拍摄的美军空袭后的废墟。新华社发(穆罕默德·穆罕默德摄)
图说2:4月21日,在也门首都萨那,人们聚集在遭空袭的市场。新华社发(穆罕默德·穆罕默德摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.