Connect with us

International Organizations

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးသည်တင်ရေယာဉ်မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၃၈ ဦးအထိမြင့်တက်

ဒါကာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခရီးသည်တင်ရေယာဉ်တစ်စီး ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက လမ်းခုလတ်တွင် မီးလောင်မှု ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၈ ဦးအထိမြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၁၀၀ ခန့် ရှိကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာတောင်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် တည်ရှိသော Jhalakati ခရိုင် ဖြစ်သည်။မီးလောင်မှုသည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံ အရာရှိ တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းမှာ အင်ဂျင်ခန်းအတွင်း မီးလောင်မှုမှ စတင်ဖြစ်ပွားခဲ့ကြောင်း ကနဦး သိရှိရသည်။ ရေယာဉ်ပေါ်တွင် ခရီးသည် ၁၀၀၀ ခန့်တင်ဆောင်ပြီး သေဆုံးသူ ၃၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၀ ခန့်ရှိကြောင်းသိရသည်။ နိုင်ငံခြားသားများ ထိခိုက်ဒဏ်ရာရသေဆုံးမှု သတင်းများ ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jhalakati ခရိုင်တွင်ခရီးသည်တင်ရေယာဉ် မီးလောင်မှုဖြစ်ပွားနေသည်ကို ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိတွင် ခရီးသည်ရေယာဉ်အား ကမ်းဘေးသို့ဆိုက်ကပ်ကာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားပြီးနောက် ခရီးသည်အများအပြားမှာ ရေငုပ်ကာ ရေယာဉ်မှ ထွက်ပြေးခဲ့ကြကြောင်းနှင့် အဆိုပါမီးလောင်မှုမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)

(国际)孟加拉国客船火灾死亡人数升至38人

新华社达卡12月24日电(记者刘春涛)孟加拉国一艘客船24日凌晨在航行途中起火导致重大人员伤亡,目前死亡人数已升至38人,另有约100人受伤。

事发地位于孟首都达卡以南约200公里的恰洛加蒂县。
当地一名官员对新华社记者说,火灾发生在凌晨3时许,初步判断是发动机室起火导致火灾,当时船上载客约1000人,现已发现38具遇难者遗体,另有约100名伤者。目前还没有收到外国人受伤或者遇难的报告。

客船目前已经靠岸,大火已熄灭,搜救仍在继续。一些幸存者对当地媒体表示,火灾发生后,许多乘客跳水逃离客船,大火持续约3个小时。(完)
图说1- 这是12月24日在孟加拉国恰洛加蒂县拍摄的起火的客船。新华社发
图说2-12月24日,在孟加拉国恰洛加蒂县,救援人员在失火船只上搜救。新华社发z