Connect with us

International Organizations

အိန္ဒိယနိုင်ငံ အနောက်ပိုင်းပြည်နယ်တွင် လေတပ်မှ MiG-21 တိုက်လေယာဉ် ပျက်ကျ

နယူးဒေလီ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယလေတပ် (IAF) ၏ MiG-21 တိုက်လေယာဉ်တစ်စင်းသည် အနောက်ပိုင်း Rajasthan ပြည်နယ်တွင် ပျက်ကျခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။အဆိုပါလေယာဉ်သည် ဒီဇင်ဘာ ၂၄ ရက်က လေ့ကျင့်ရေးပျံသန်းနေစဉ်အတွင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှင့်ပတ်သက်သည့် အချက်အလက်များကို မသိရှိရသေးပေ။”ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်း ဒေသစံတော်ချိန် ည ၈:၃၀ နာရီခန့်တွင် IAF ၏ MiG-21 လေယာဉ်သည် လေ့ကျင့်ရေးအစီအစဉ်တစ်ခုအတွင်း အနောက်ဘက်ခြမ်း၌ ပျံသန်းရင်း မတော်တဆမှုဖြစ်ခဲ့ကြောင်း၊ နောက်ထပ်အသေးစိတ်အချက်အလက်များကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း’’ IAF မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
လေယာဉ်သည် Rajasthan ခရိုင် Jaisalmer မြို့ရှိ Sam ရဲစခန်းနယ်မြေပိုင်နေရာဖြစ်သော အမျိုးသား သဲကန္တာရ ဥယျာဉ်ဧရိယာတွင် ပျက်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ ဒေသခံမီဒီယာများက ဖော်ပြသည်။

IAF ၏အဆိုအရ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန် ညွှန်ကြားထားပြီး လေယာဉ်ပျက်ကျသည့်နေရာကိုမူ အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။

ဒီဇင်ဘာ ၈ ရက်တွင်လည်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat လိုက်ပါလာသော စစ်ရဟတ်ယာဉ်တစ်စင်းသည် Tamil Nadu ပြည်နယ်၏ မြို့တော် Chennai ၏ အနောက်တောင်ဘက် ၅၃၈ ကီလိုမီတာအကွာရှိ Nilgiris ခရိုင် Coonoor ဧရိယာတွင် ပျက်ကျခဲ့ကြောင်း သိရသည်။ (Xinhua)

———————————
(English Version)
Indian Air Force MiG-21 fighter aircraft crashes in western state: media

NEW DELHI, Dec. 25 (Xinhua) — A MiG-21 fighter aircraft of the Indian Air Force (IAF) has crashed in the western state of Rajasthan, local media reports said.The aircraft crashed on Friday during a training sortie, and there is no information available about the pilot.

“This evening, around 8:30 p.m. (local time), a MiG-21 aircraft of IAF met with a flying accident in the western sector during a training sortie. Further details are awaited,” reads a statement issued by IAF.

Local media reports quoting police said the aircraft crashed in the Desert National Park area under the Sam police station in Jaisalmer district of Rajasthan.

According to IAF, an inquiry was being ordered into the crash and the exact location of the crash has also not been revealed yet.
On Dec. 8, a military helicopter crashed at Coonoor area of Nilgiris district, about 538 km southwest of Chennai, the capital city of Tamil Nadu, killing India’s Chief of Defence Staff General Bipin Rawat. Enditem