Connect with us

Science & Technology

၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ အာကာသယာဉ်လွှတ်တင်မှုအရေအတွက်နှင့် ထုထည် နှစ်မျိုးစလုံး စံချိန်တင်မြင့်မားခဲ့

Long March 2F သယ်ဆောင်သည့် ဒုံးပျံကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၂၁ခုနှစ်တွင် ကမ္ဘာ့အာကာသယာဉ်လွှတ်တင်ရေးလုပ်ငန်း အားကောင်းလာကာ လွှတ်တင်မှုအရေအတွက်နှင့် ထုထည် နှစ်မျိုးစလုံးသည်စံချိန်တင်မြင့်မားခဲ့ကြောင်း၊၂၀၂၁ ခုနှစ်အတွင်းကမ္ဘာပေါ်တွင်အာကာသယာဉ်လွှတ်တင်မှု ၁၄၆ကြိမ် ရှိခဲ့ပြီး ၁၉၅၇ ခုနှစ်မှစ၍ လွှတ်တင်မှု အမြင့်ဆုံး အရေအတွက်ဖြစ်ကြောင်းနှင့် အာကာသယာဉ် စုစုပေါင်း ၁,၈၄၆ စင်းလွှတ်တင်ခဲ့ပြီး စုစုပေါင်းလွှတ်တင်မှု ထုထည်ပမာဏ၇၇၇.၇၀ တန်ရှိခဲ့ကြောင်း၊ ၎င်းသည်အာကာသလွန်းပျံယာဉ်များ အနားယူပြီးနောက်ပိုင်းအများဆုံးပမာဏဖြစ်ကြောင်းတရုတ်နိုင်ငံအာကာသသိပ္ပံနှင့်နည်းပညာ ကော်ပိုရေးရှင်း(CASC)မှဖေဖော်ဝါရီ ၉ ရက်၌ ပြုလုပ်သော”တရုတ်နိုင်ငံအာကာသသိပ္ပံနှင့်နည်းပညာဆိုင်ရာစာအုပ်(၂၀၂၁ ခုနှစ်)”(2021 Blue Book of China Aerospace Science and Technology)ထုတ်ဝေသည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ်လွှတ်တင်ရေး အောင်မြင်မှုနှုန်းမှာ ၉၂.၅ ရာခိုင်နှုန်းဖြစ်ရာ အာကာသယာဉ်လွှတ်တင်မှုသည် မြင့်မားသောအန္တရာယ်ရှိနေဆဲဖြစ်ကြောင်း၊ ၎င်းတို့အနက် အမေရိကန်နိုင်ငံမှ အာကာသယာဉ်လွှတ်တင်ရေး မစ်ရှင် ၅၁ ခု၊ လွှတ်တင်ခဲ့သော အာကာသယာဉ် ထုထည်ပမာဏမှာ ၄၀၃.၃၄ တန် ရှိပြီး အခြားနိုင်ငံအသီးသီးမှ လွှတ်တင်ခဲ့သည့် အာကာသယာဉ် စုစုပေါင်း ထုထည်ပမာဏထက် ကျော်လွန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အာကာသယာဉ် လွှတ်တင်ရေးမစ်ရှင် ၅၅ ခု လုပ်ဆောင်ခဲ့ရာ ယင်းအရေအတွက်သည် ကမ္ဘာပေါ်တွင် ပထမအဆင့်ဖြင့် ရပ်တည်နေပြီး ၎င်း၏ စုစုပေါင်း ထုထည်ပမာဏသည် ၁၉၁.၁၉ တန်အထိ ရောက်ရှိလာခဲ့ပြီး ကာလတူထက် ၈၅.၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ရုရှား၊ ဥရောပ၊ ဂျပန်နှင့် အိန္ဒိယတို့သည် တရုတ်နှင့် အမေရိကန်ပြီးနောက် လွှတ်တင်မှု ထုထည်ပမာဏအရ တတိယမှ ဆဋ္ဌမအဆင့်အထိ အသီးသီးရပ်တည်ကြောင်း အဆိုပါစာအုပ်တွင် ဖော်ပြထားသည်။

တောင်ကိုးရီးယားနိုင်ငံ၊ Jeollanam-do၊ Goheung gun ရှိ Naro Aerospace Center မှ NURI ဒုံးပျံလွှတ်တင်နေသည်ကို အောက်တို ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၁ခုနှစ်တွင် တရုတ်နိုင်ငံသည်အာကာသလွှတ်တင်ရေးလုပ်ငန်းတွင်ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအာကာသသိပ္ပံနှင့်နည်းပညာ ကော်ပိုရေးရှင်း ၏ Long March စီးရီး လွှတ်တင်ရေးယာဉ်သည်၂၀၂၁ခုနှစ်တွင် လွှတ်တင်မှု ၄၈ ကြိမ်အောင်မြင်ပြီးမြောက်ခဲ့ပြီးအာကာသယာဉ် ၁၀၃ စင်း၊ အာကာယာဉ်လွှတ်တင်မှု ထုထည်ပမာဏ ၁၈၉.၆၅ တန်ရှိကြောင်း၊ ၎င်းတို့အနက်အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်း၏ Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံမှလွှတ်တင်ရေးလုပ်ငန်း ၄ ကြိမ်လုပ်ဆောင်ခဲ့ရာ၃ ကြိမ် အောင်မြင်ခဲ့ပြီး စုစုပေါင်း ဂြိုဟ်တု ၅ လုံး အာကာသထဲသို့ လွှတ်တင်ခဲ့ကြောင်း၊Galactic Energy ၏ Ceres-1 လွှတ်တင်ရေးယာဉ်သည် လွှတ်တင်မှု၁ ကြိမ်အောင်မြင်ခဲ့ပြီး၊ i-Space ၏ Hyperbola-1 လွှတ်တင်ရေးယာဉ်မှ လွှတ်တင်မှု ၂ ကြိမ် မအောင်မြင်ခဲ့ကြောင်း ပေကျင်း အာကာသ သိပ္ပံနှင့် နည်းပညာ သတင်းအချက်အလက်အင်စတီကျု၏ ဒါရိုက်တာ He Yang က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာကာသသိပ္ပံနှင့် နည်းပညာလုပ်ငန်းကော်ပိုရေးရှင်း၏ အာကာသဌာန လက်ထောက်ညွှန်ကြားရေးမှူး Ma Tao က ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အာကာသလွှတ်တင်မှုအရေအတွက်သည် ဆက်လက်မြင့်မားမည်ဖြစ်ကြောင်းနှင့် အဓိက လုပ်ငန်းစဉ်များ ဆက်တိုက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ လူလိုက်ပါသော အာကာသယာဥ်ပျံသန်းမှု ၆ ကြိမ် လုပ်ဆောင်ရန် စီစဉ်ထားပြီး၊ Tianhe အာကာသစခန်း ပင်မစခန်းကို ထိန်းချုပ်ရေးစင်တာအဖြစ်၊ Wentian နှင့် Mengtian စမ်းသပ်စခန်းများကို ပင်မစမ်းသပ်ပလပ်ဖောင်းများအဖြစ်၊ တစ်နှစ်ပတ်လုံး အစောင့်အရှောက်ရှိ အာကာသစခန်းတစ်ခုအဖြစ် တည်ဆောက်ရန်နှင့် Long March-6A သယ်ဆောင်ရေးဒုံးပျံအပြင်အခြားစီးပွားဖြစ် လွှတ်တင်ရေးယာဉ်များ၏ ပထမဦးဆုံး ပျံသန်းခြင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

—————————————-
(Chinese Version)

(新华全媒+)2021年世界航天发射次数和发射质量均创新高

2022-02-09 17:16:54 分类: 科学技术
新华社北京2月9日电(记者胡喆、张泉)2021年,世界航天发射活动呈现强劲态势,发射次数和发射质量均创新高。记者从中国航天科技集团有限公司9日在京召开的《中国航天科技活动蓝皮书(2021年)》发布会上了解到,2021年全球共实施146次发射任务,为1957年以来最高发射次数;发射航天器总数量1846个,创历史新高,总质量777.70吨,为航天飞机退役以来的最大值。

蓝皮书显示,2021年,全球年度发射成功率92.5%,航天发射活动仍具有较高风险性。其中,美国开展51次航天发射,发射载荷总质量403.34吨,超过其他各国发射航天器质量总和;中国航天共执行55次发射任务,发射次数居世界首位,发射航天器总质量再创新高,达到191.19吨,同比增长85.5%。俄罗斯、欧洲、日本、印度分列中美之后,发射载荷质量居世界第三至第六位。

2021年,中国航天发射活动继续取得重大突破。北京空间科技信息研究所所长何洋介绍,航天科技集团长征系列运载火箭2021年完成48次发射任务,全部取得成功,发射次数居世界宇航企业第一,发射航天器总数量103个,总质量189.65吨。航天科工集团快舟一号甲运载火箭实施4次发射,其中3次成功,共发射5颗卫星。星河动力公司谷神星一号运载火箭成功执行1次发射任务。星际荣耀公司双曲线一号运载火箭2次发射失利。

航天科技集团宇航部副部长马涛介绍,2022年中国航天发射次数将继续维持高位,计划开展一系列重大任务。全年载人航天工程计划实施6次发射任务,以天和核心舱为控制中心,问天、梦天实验舱为主要实验平台,全面建成常年有人照料的空间站,长征六号甲运载火箭及多型商业运载火箭将首飞。(完)

图说1- 首次实现径向交会对接
图说2-  10月21日,韩国运载火箭“世界”号在韩国全罗南道高兴郡的罗老宇航中心发射升空。(新华社发,韩国航空宇宙研究院供图)