Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီလုပ်ငန်းမှ ဆီနီဂေါနိုင်ငံတွင် တည်ဆောက်သည့် Foundiougneတံတားက ယင်းဒေသအတွက် “မြစ်ဖြတ်ကူးသွားလာရသည့် အခက်အခဲ”ကို အတိတ်သမိုင်းတွင် ထားရစ်နိုင်စေခဲ့

ဆီနီဂေါနိုင်ငံ Fatick ဒေသ Foundiougneမြို့ ရှိ Foundiougne မြစ်ကူးတံတားကြီးအား ဇန်နဝါရီ ၁၆ ရက် တွေ့ရစဉ်(ဆင်ဟွာ)

ဒတ်ကာ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

“ကျွန်တော်တို့ မျှော်လင့်နေတာကြာပြီဖြစ်တဲ့ ဒီတံတားကြီးဖွင့်လှစ်လိုက်ပါပြီ”ဟု ဆီနီဂေါနိုင်ငံ Foundiougneမြို့နေ ပြည်သူတစ်ဦးဖြစ်သည့် ဒီအောက်ဖ် အတွက်ဆိုရလျှင် နှစ်သစ်တွင် အပျော်ရွှင်ဆုံးက Foundiougneတံတားကြီး တရားဝင် ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းများက ၃ နှစ်ကြာ တည်ဆောက်ခဲံသော ဆီနီဂေါနိုင်ငံ Foundiougne တံတားကြီးကို တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းစီမံကိန်းသည် “ဆီနီဂေါ ပြန်လည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်”များအနက် ဦးစားပေးဆောင်ရွက်သည့် အရေးကြီး စီမံကိန်းတစ်ခု ဖြစ်သလို တရုတ်နိုင်ငံက တရုတ်-အာဖရိက “ပူးပေါင်းဆောင်ရွက်မှု ၁၀ ရပ် အစီအစဉ်”၏ အသေးစိတ် ဖော်ဆောင်မှုလည်း ဖြစ်သည်။

ဆီနီဂေါနိုင်ငံ Fatick ဒေသ Foundiougneမြို့ ရှိ Foundiougne မြစ်ကူးတံတားကြီးအား ဇန်နဝါရီ ၁၆ ရက် တွေ့ရစဉ်(ဆင်ဟွာ)

Foundiougne တံတားကြီးသည် ဆီနီဂေါနိုင်ငံ Fatick ဒေသ၊ Foundiougneပြည်နယ် Foundiougneမြို့ရှိ Saloumမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားခြင်း ဖြစ်သည်။ တံတားကြီးမတည်ဆောက်မီ ကူးတို့လှေဖြင့် မြစ်ကို ဖြတ်ကူးရန်လိုအပ်ရာ ကားနှင့်ဖြတ်သန်းမည်ဆိုပါက အနည်းဆုံး အချိန် ၁ နာရီကြာ စောင့်ဆိုင်းပြီးမှသာ ရေယာဉ်ငယ်ပေါ် သို့ တိုးကြိတ်စီးရခြင်းကြောင်း လူသူကုန်စည် ကူးသန်းသွားလာမှု လွန်စွာ အဆင်မပြေခက်ခဲမှုများ ရှိခဲ့သည်။

ဆီနီဂေါနိုင်ငံ Fatick ဒေသ Foundiougneမြို့ ရှိ Foundiougne မြစ်ကူးတံတားကြီးအား ဇန်နဝါရီ ၁၆ ရက် တွေ့ရစဉ်(ဆင်ဟွာ)

“တံတားမဖွင့်ခင်က ကျွန်တော်တို့ မြစ်ကူးသွားလာရတာ တော်တော် အဆင်မပြေဖြစ်တယ်၊ တံတားကြီးတည်ဆောက်ပြီးစီးတော့ အလုပ်သွားအလုပ်ပြန်အချိန်ကုန် အများကြီး သက်သာသွားတယ်”ဟု ဒီအောက်ဖ်က ပြောသည်။

တံတားကြီးကို ငေးကြည့်ရင်း Foundiougneပြည်နယ် အုပ်ချုပ်ရေးမှူးလက်ထောက် အန်းဒီရာလ်က “အရင်တုန်းက ကူးတို့လှေစီးပြီး မြစ်ကူးရင် အနည်းဆုံး တစ်နာရီကနေ တစ်နာရီခွဲကြာတယ်၊ အခုတော့ မိနစ်ပိုင်းအတွင်းမှာပဲ တံတားကို ဖြတ်သန်းသွားလာနိုင်ပြီ။ အများကြီးအဆင်ပြေချောမွေ့သွားသလို အချိန်ကုန်အများကြီးသက်သာစေတယ်”ဟု ဆိုသည်။

ဆီနီဂေါနိုင်ငံ Fatick ဒေသ Foundiougneမြို့ ရှိ Foundiougne မြစ်ကူးတံတားကြီးအား ဇန်နဝါရီ ၁၆ ရက် တွေ့ရစဉ်(ဆင်ဟွာ)

China Railway Seventh Group ဝူဟန့်ကုမ္ပဏီ Foundiougne တံတား စီမံကိန်း မန်နေဂျာ ချန်ရွှိရန်က Saloum မြစ်ကြမ်းခင်း၏ဘူမိအနေအထားက ရှုပ်ထွေးရာ တံတားဆိပ်ခံဖောင်ဒေးရှင်းတူးသည့်အခါ နည်းပညာအခက်အခဲများနှင့် ကြုံခဲ့ရကြောင်း ပြောသည်။ ထို့အပြင် တံတားရှိရာနေရာသည် အပူချိန်မြင့်မားသည့် ဒေသဖြစ်ပြီး နေ့ဆိုင်းအလုပ်ချိန် သာမန်အပူချိန်သည် ၄၅ ဒီဂရီ စင်တီဂရိတ်နှင့်အထက်ရှိကြောင်း၊ တရုတ်ဝန်ထမ်းများက အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကာအကျပ်အတည်း တစ်ခုပြီးတစ်ခု မဆုတ်မနစ် ဖြေရှင်း ပေးနိုင်ခဲ့ကြောင်း ဆိုသည်။

ဆီနီဂေါနိုင်ငံ Fatick ဒေသ Foundiougneမြို့ ရှိ Foundiougne မြစ်ကူးတံတားကြီးအား ဇန်နဝါရီ ၁၆ ရက် တွေ့ရစဉ်(ဆင်ဟွာ)

တံတားကြီးဖွင့်လှစ်နိုင်ခြင်းနှင့်အတူ ဒေသခံများအတွက် “မြစ်ဖြတ်ကူးရာ အခက်အခဲ”သည် အတိတ်က သမိုင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။ ဆီနီဂေါနိုင်ငံ၏ အရှည်ဆုံးတံတားဖြစ်သည့် Foundiougne တံတားကြီးသည် နိုင်ငံ၏ တောင်နှင့်မြောက်ကို ဆက်စပ်ပေးသော အဓိက လမ်းကြောင်းတစ်ခုဖြစ်သလို အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ရာ အရေးကြီးလမ်းပန်းဆက်သွယ်ရေးအချက်အချာလည်း ဖြစ်သည်။ ဤတံတားကြီးသည် ဆီနီဂေါနိုင်ငံအတွက် အရေးကြီးသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ရုံသာမက တရုတ်-အာဖရိက ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုအနက်ကို အပြည့်အဝ ဖော်ပြနိုင်ကြောင်း အန်းဒီရာလ်က ဆိုသည်။ (Xinhua)

———————————–
(Chinese Version)
(经济)通讯:中企承建塞内加尔方久尼大桥让当地“过河难”成为历史
2022-02-09 22:04:36
新华社达喀尔2月9日电通讯:中企承建塞内加尔方久尼大桥让当地“过河难”成为历史
新华社记者王子正
“我们期盼已久的这座大桥终于开通了!”对于塞内加尔方久尼市居民迪奥普来说,新年最开心的事就是方久尼大桥正式开通。
日前,历经三年多紧张施工,塞内加尔方久尼大桥正式开通。该项目是“塞内加尔振兴计划”中优先重大项目之一,也是中方积极落实中非“十大合作计划”的具体体现。
方久尼大桥位于塞内加尔法蒂克大区方久尼省方久尼市,横跨萨卢姆河。大桥建成前,人们过河需要乘独木舟,车辆过河则需等待至少1小时,才能挤上一艘很小的混装船,人员货物往来极为不便。
“大桥开通前,我们过河很不方便,大桥的建成大大缩短了通勤时间。”迪奥普对记者说。
看着眼前开通的大桥,方久尼省省长助理恩迪亚耶深有感触:“以前坐渡船过河至少要一小时到一个半小时,现在几分钟就可以过桥。这座桥确实带来了方便,让我们节省了大量时间。”
中铁七局武汉公司方久尼大桥项目部经理陈绪仁介绍,萨卢姆河河床地质复杂,桥墩深基坑施工时遇到多个技术难题。另外大桥地处高温地区,日间施工期间气温常在45摄氏度以上。面对种种困难,中方员工迎难而上,解决了一个又一个难题。
随着大桥的开通,“过河难”对当地居民来说已经成为历史。作为塞内加尔最长的桥梁,方久尼大桥成为连接塞内加尔南北方的主干道之一,也是前往邻国的重要交通节点。恩迪亚耶说,这座大桥不仅对塞内加尔有重要意义,也是中非友谊与合作的完美诠释。(完)
图说1:这是1月16日拍摄的位于塞内加尔法蒂克大区方久尼市的方久尼大桥。新华社记者 王子正 摄