Connect with us

Asia

အမေရိကန်၏ ရေနံတင်သင်္ဘော ထိန်းချုပ်မှုသည် အီရန်၏ရေနံတိုးမြှင့်တင်ပို့မှုကို ဟန့်တားနိုင်မည်မဟုတ်ဟု အီရန်အရာရှိပြော

လက်ဘနွန်နိုင်ငံ Beqaa ဒေသခံများက အီရန်လောင်စာဆီတင်ကားများအား ကြိုဆိုနေသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)
မကြာသေးမီလများက အမေရိကန်၏ အီရန်ရေနံတင်သင်္ဘောများ ထိန်းချုပ်ခြင်းလုပ်ဆောင်ချက်သည် အီရန်၏ရေနံတိုးမြှင့်တင်ပို့မှုကို ဟန့်တားနိုင်ခဲ့ခြင်းမရှိကြောင်း အီရန် ရေနံစွမ်းအင်ဝန်ကြီး Javad Ogi က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် အီရန်ရေနံတင်ပို့မှုအား ဟန့်တားရန်အတွက် လွန်ခဲ့သည့်လအနည်းငယ်က အီရန်ရေနံတင်သင်္ဘောများအပေါ် ကျူးလွန်မှုများစွာ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။”ရန်သူက ကျွန်တော်တို့ရဲ့ (ရေနံ) တင်ပို့ခြင်းနဲ့ စာချုပ်တွေချုပ်ဖို့ မတားနိုင်မှန်းသိတဲ့အခါ သူတို့ဟာ ကျွန်တော်တို့ရဲ့ သင်္ဘောနောက်ကို လိုက်တယ်” ဟု Javad Ogi က မီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။

AP သတင်းဌာန၏ မတ် ၁၀ ရက်တွင် ထုတ်ပြန်သော သတင်းအရ အမေရိကန်သည် Bahamas တွင် အီရန်ရေနံတင်သင်္ဘောနှစ်စင်းအား ထိန်းချုပ်လိုက် ကြောင်း သိရသည်။

အီရန်က ရေနံဝယ်လက်အသစ်များ ရှာဖွေတွေ့ရှိနိုင်မှုနှင့် ၎င်းတို့က ရေနံဝယ်ယူမှုစာချုပ် ရရှိရန်အတွက် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့သဖြင့် အီရန်ရေနံတင်ပို့သည် ပိတ်ဆို့အရေးယူမှု အပြင်းထန်ဆုံးကာလမှာပင် တိုး၍ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ “ဗီယင်နာ ဆွေးနွေးမှုရလဒ်ကိုလည်း စောင့်ဖို့မလိုတော့ဘူး ” ဟု Ogi က ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အမေရိကန်က အီရန်နျူကလီးယားသဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပြင်းထန်သောပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်၏ နေ့စဉ်ပျမ်းမျှ ရေနံတင်ပို့မှုသည် ပိတ်ဆို့အရေးယူမှုမပြုလုပ်မီ စည်ပေါင်း ၂.၅ သန်းကျော်မှ စည် ၁ သန်းအောက်ထိ သိသိသာသာ ကျဆင်းသွားခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် နေ့စဉ် ရေနံစိမ်း စည် ၁ သိန်းခန့်သာ တင်ပို့နိုင်တော့ကြောင်း သိရသည်။

အီရန်၏ရေနံတင်ပို့မှုအခြေအနေ စုံစမ်းရေးကုမ္ပဏီများ ခန့်မှန်းချက်အရ အီရန်၏ရေနံတင်ပို့မှုသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စည်ပေါင်း ၁ သန်းကျော်အထိ မြင့်တက်လာကြောင်း သိရသည်။ အီရန်သည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့သည့်၂၀၁၈ ခုနှစ်မတိုင်မီကာလများဆီက ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှု ပမာဏအထိ ပြန်လည်ရောက်ရှိရန် အပြည့်အဝ ပြင်ဆင်ထားကြောင်း Ogi က ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်တို့ကြား အီရန်နျူကလီးယားသဘောတူညီချက် ပြန်လည်လိုက်နာရေး စတင်ခြင်းအား တွန်းအားပေးရန်သဘောတူညီချက်တွင်ပါ၀င်သော အဖွဲ့အစည်းများသည် ၂၀၂၁ ခုနှစ် ဧပြီမှစ၍ ဗီယင်နာတွင် ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ Ogi ၏ အဆိုအရ အီရန်၏ ရေနံတင်ပို့မှု တိုးလာမှုသည် ဗီယင်နာ ဆွေးနွေးမှုတွင် “အလျှော့အတင်း လုပ်ပိုင်ခွင့်”ကိုပင် မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် အီရန်အကြား အီရန်နျူကလီးယားသဘောတူညီချက်အား ပြန်လည်လိုက်နာရေးဆိုင်ရာ နောက်ဆုံးစာသားကို စီစဉ်ထားပြီဖြစ်သော်လည်း “ပြင်ပအကြောင်းအရာများ” ကြောင့် ဗီယင်နာဆွေးနွေးပွဲကို ခေတ္တရပ်တန့်ရန် လိုအပ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) ၏ နိုင်ငံခြားရေး နှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell ကပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)
伊朗官员:美国扣船阻挡不了伊朗增加石油出口
2022-03-13 10:22:01 分类: 社会
新华社北京3月13日电 伊朗石油部长贾瓦德·奥吉12日说,美国近几个月扣押伊朗油轮并没有阻挡伊朗石油出口增加。
奥吉接受伊朗媒体采访时说,过去几个月,美国多次侵犯伊朗油轮,以阻止伊朗石油出口,“当敌人意识到他们无法阻止我们出口(石油)和签署合同时,他们就去追我们的船”。
据美联社10日报道,美国在巴哈马群岛扣押两艘伊朗油轮。
奥吉说,得益于伊方发掘新买家,用多种方式争取石油采购合同,“伊朗石油出口在最严厉制裁下实现增长,也不用等(奥地利首都)维也纳谈判出结果”。
美国2018年单方面退出伊朗核问题全面协议并对伊朗实施严厉制裁后,伊朗日均石油出口量从制裁前超250万桶大幅下降到不足100万桶,2020年一度只有10万桶。
追踪伊朗石油出口情况的多家公司推算,伊朗石油出口时隔近三年首次增加到超过100万桶。奥吉先前表示,伊朗“已做好充分准备”,将石油生产和出口恢复到2018年美国实施对伊制裁之前的水平。
为推动美伊两国恢复履行伊核协议,协议相关方2021年4月以来在维也纳举行多轮谈判。按奥吉的说法,伊朗石油出口增加甚至提升了在维也纳谈判中的“议价能力”。
欧盟外交与安全政策高级代表何塞普·博雷利11日在社交媒体发文称,有关美伊恢复履行伊核协议的最终文本已基本准备好,但由于“外部因素”,维也纳会谈需要暂停。(刘秀玲)
图说- 2021年9月16日,黎巴嫩贝卡地区的民众欢迎装有伊朗燃油的油罐车队。(新华社发,比拉尔·贾维希摄)