Connect with us

Europe

ရုရှားနိုင်ငံ၏ အရံငွေကြေးများ ထက်ဝက်နီးပါး (ဒေါ်လာ ၆၄၀ ဘီလီယံခန့်) ထိန်းချုပ်ခံထားရ

ရုရှားရူဘယ် နှင့် အမေရိကန်ဒေါ်လာ ငွေကြေး နှစ်ရပ်ကို ၂၀၂၁ ခုနှစ် မတ် ၃ ရက်က အတူတကွ ယှဉ်တွဲပြသထားစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၆၄၀ ဘီလီယံ တန်ဖိုးရှိသော ရုရှားနိုင်ငံ၏ ရွှေ နှင့် နိုင်ငံခြားအရံငွေကြေးများမှ ထက်ဝက်နီးပါးသည် ထုတ်ယူသုံးစွဲခြင်း လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်၍ မရတော့ဘဲ ထိန်းချုပ်ခံထားလိုက်ရပြီဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး Anton Siluanov က မတ် ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ ဆပ်စရာရှိသော ကြွေးမြီများကို ရူဘယ်ငွေများဖြင့် ပေးချေသွားမည်ဖြစ်ကြောင်း Siluanov က ရုရှားရုပ်သံအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။

လတ်တလောဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခသည် ရုရှားနိုင်ငံဘဏ္ဍာရေးအဖွဲ့အစည်းများအတွက် လုပ်ငန်းလည်ပတ်ရန် မလွယ်ကူကြောင်း ၎င်းက ဆိုသည်။ သို့သော်လည်း ပြင်းထန်သည့် ငွေကြေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုအောက် ရောက်ရှိနေစဉ်မှာပင် နိုင်ငံ၏ မတည်ငွေရင်း အရံငွေကြေးများသည် ဘဏ်များအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် လုပ်ဆောင်ပေးထားဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ရုရှားအာဏာပိုင်များအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်း နှင့် နိုင်ငံ၏ ပင်စင်လစာငွေများ အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု Siluanov က မှတ်ချက်ပြုခဲ့သည်။

“ ပြောရမယ်ဆိုရင်တော့ အရေးကြီးကုန်စည်တွေထုတ်လုပ်ဖို့အတွက် ကျွန်တော်တို့မှာ ငွေကြေးအလုံအလောက်ရှိပါတယ် ၊ ဗဟိုဘဏ်က ဘဏ္ဍာရေးစနစ်အတွက် လိုအပ်တဲ့ ငွေစီးဆင်းမှု အဆင်ပြေစေဖို့ စီမံဆောင်ရွက်ပေးသွားမှာပါ ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ပြီးခဲ့သော လတွင် ယူကရိန်းနိုင်ငံ၌ အထူးစစ်ဆင်ရေးလုပ်ဆောင်ချိန်ကတည်းက ၎င်းပိုင်ဆိုင်သော ငွေကြေးများ ထိန်းချုပ်ခံရခြင်းအပါအဝင် ပြင်းထန်သော အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေခဲ့ရကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
Nearly half of Russia’s reserves frozen

MOSCOW, March 13 (Xinhua) — Near half of Russia’s roughly 640 billion U.S. dollars of gold and foreign currency reserves has been frozen, Russian Finance Minister Anton Siluanov said Sunday.
Siluanov said on a Russian TV program that Russia will pay roubles to its debt holders.
He said that the current conflict in Ukraine has not been easy for Russian financial institutions. Still, the country’s capital reserves have made it possible for banks under severe restrictions to function.
The Russian authorities will closely monitor inflation and the state of the country’s pensions, Siluanov noted.
“Of course, we have enough money to ensure the production of vital goods. The Central Bank will provide the necessary liquidity to the financial system,” he said.
Russia has been greeted with an onslaught of Western economic sanctions, including asset freezes, since the start of the Russian special military operation in Ukraine last month.

Russian ruble banknotes are seen with the U.S. dollars in the backdrop on March 2, 2021. (Xinhua/Shi Hao)