Connect with us

Africa & Middle East

ကွန်ဂိုနိုင်ငံ (DRC) တွင် ရထားလမ်းချော်မှုကြောင့် သေဆုံးသူ ၇၅ ဦးအထိ မြင့်တက်လာ

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း Lualaba ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရထားလမ်းချော်မှုမြင်ကွင်းကို မတ် ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ကင်ရှာဆာ ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း Lualaba ပြည်နယ်၌ မတ် ၁၀ ရက် ညတွင်ဖြစ်ပွားခဲ့သည့် ကုန်တင်ရထားတစ်စင်း လမ်းချော်မှုဖြစ်ရပ်တွင် သေဆုံးသူ ၇၅ ဦးအထိမြင့်တက်လာကြောင်း ကွန်ဂို(DRC)နိုင်ငံပိုင်ရထားလမ်းကုမ္ပဏီ ပြောကြားချက်အရ သိရသည်။

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း Lualaba ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရထားလမ်းချော်မှုမြင်ကွင်းကို မတ် ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း Lualaba ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရထားလမ်းချော်မှုမြင်ကွင်းကို မတ် ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ဖြစ်ရပ်တွင် လူ ၇၅ ဦး သေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအနက် ၂၈ ဦးမှာ စိုးရိမ်ဖွယ် ပြင်းထန်ကြောင်း ကွန်ဂို (DRC) နိုင်ငံပိုင် ရထားလမ်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက မတ် ၁၃ ရက်တွင် ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြထားသည်။

သတင်းဖော်ပြချက်များအရ အဆိုပါ ရထားသည် မတ် ၁၀ ရက်ညပိုင်းတွင် Lualaba ပြည်နယ် Lubdi ဒေသသို့ ရောက်ရှိခဲ့စဉ် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး ရထားတွဲအများအပြား လမ်းချော်ကာ မြောင်းထဲသို့ ပျက်ကျသွားခဲ့ကြောင်း သိရသည်။ ကွန်ဂို (DRC) ၌ ကုန်တင်ရထားများတွင် ခရီးသည်များတင်ဆောင်ခြင်းကို တားမြစ်ထားသော်လည်း အခင်းဖြစ်ပွားချိန်တွင် ကုန်တင်ရထားပေါ်တွင် လူအများအပြားလိုက်ပါလာကြောင်း သိရသည်။
ရထားလမ်းနှင့် စက်ခေါင်းများ ဟောင်းနွမ်းမှု၊ ခရီးသည်နှင့် ကုန်ပစ္စည်းများ ဝန်ပိုတင်ဆောင်မှုစသည်တို့ကြောင့် ရထားလမ်းချော်မှု ဖြစ်ရပ်သည် ကွန်ဂို(DRC) တွင် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)刚果(金)火车脱轨事故死亡人数升至75人

新华社布拉柴维尔3月13日电(记者史彧)金沙萨消息:刚果(金)国家铁路公司13日说,刚果(金)东南部卢阿拉巴省10日晚发生的货运列车脱轨事故死亡人数已升至75人。

刚果(金)国家铁路公司负责人法比安·穆通博当天在一份声明中说,事故已造成75人死亡,另有125人受伤,其中28人伤势严重。

据报道,事故列车10日晚在行驶至卢阿拉巴省卢布迪地区时发生故障,多节车厢脱轨坠沟。尽管刚果(金)禁止货运列车搭载乘客,但事发时该货运列车上有大量人员。

由于铁道和机车老化,乘客和货物超载等问题,火车脱轨事故在刚果(金)时有发生。(完)