Connect with us

Africa & Middle East

အီရန်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံနှင့် ပုံမှန်ဆွေးနွေးမှုများ ယာယီဆိုင်းငံ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ အီရန်နိုင်ငံ အလံအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံ နှင့် ပုံမှန်ဆွေးနွေးမှုများအား ယာယီဆိုင်းငံ့လိုက်ကြောင်း အီရန်နိုင်ငံ၏ Press TV က မတ် ၁၃ ရက်တွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။

အီရတ်နိုင်ငံ၌ ကျင်းပရန် ရက်သတ်မှတ်စီစဉ်ထားသည့် ဆွေးနွေးပွဲများကို အီရန်ဘက်က တစ်ဖက်သတ် နှင့် ယာယီ ဆိုင်းငံထားလိုက်ကြောင်း ထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။

ဆွေးနွေးပွဲရပ်ဆိုင်းသည့် အကြောင်းပြချက် သို့မဟုတ် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်မည့် နေ့ရက်အား ဖော်ပြထားခြင်း ယင်းထုတ်လွှင့်မှုတွင် မရှိကြောင်း သိရသည်။

အီရတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးသည့် ဆွေးနွေးမှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက်တွင်
၆ နှစ်ကြာ ရပ်နားထားခဲ့သော Jeddah မြို့ရှိ ၎င်းတို့၏ လှုပ်ရှားမှုများကို ပြန်လည် လုပ်ဆောင်ရေးအတွက် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ ကိုယ်စားလှယ်အဖွဲ့တစ်ခုစေလွှတ်ရန် ဆော်ဒီအာရေးဗျနိုင်ငံသို့ အီရန်နိုင်ငံက ကိုယ်စားလှယ်သုံး ဦးစေလွှတ်ခဲ့ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံက ရှီးယိုက်ဘာသာရေးခေါင်းဆောင်တစ်ဦးအား သေဒဏ်ကွပ်မျက်ခဲ့ပြီးနောက် အီရန်နိုင်ငံ၌ ဆော်ဒီသံတမန်များ တိုက်ခိုက်ခံခဲ့ရခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသည် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် အီရန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
Iran “temporarily” suspends normalization talks with Saudi Arabia: report
TEHRAN, March 13 (Xinhua) — Iran has “temporarily” suspended normalization talks with Saudi Arabia, Iran’s Press TV reported on Sunday.
The Iranian side has “unilaterally and temporarily” suspended the talks which was slated to be held in Iraq next week, according to the report.
The report did not specify the reason for the pause or a date for resuming the negotiations.
Following several rounds of talks brokered by Iraq, Iran sent three diplomats to Saudi Arabia in January as a delegation to the Organisation of Islamic Cooperation to resume their activities in Jeddah after a six-year hiatus.
Saudi Arabia cut diplomatic ties with Iran in early 2016 in protest against the attacks on Saudi diplomatic mission in Iran after the Saudi execution of a Shiite cleric. ■
Photo – An Iranian flag is pictured at the United Nations headquarters in New York, Jan. 8, 2020. (Xinhua/Li Muzi)