Connect with us

Asia

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယား ရေဆိုးဆိုင်ရာ စုံစမ်းစစ်ဆေးမှုစတင်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ဖူကူရှီးမားနျူကလီးယားရေဆိုးများအား ပင်လယ်အတွင်းသို့ စွန့်ပစ်ရန် ဆုံးဖြတ်မှုအပေါ် ဆန့်ကျင်ဆန္ဒပြနေသည်ကို ဧပြီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်၍ ဂျပန်နိုင်ငံရှိ ဖူကူရှီးမားဒိုင်အိချိနျူကလီးယားဓာတ်အားပေးစက်ရုံ၏ နျူကလီးယား ညစ်ညမ်းရေလုံခြုံမှုကိစ္စရပ် စုံစမ်းစစ်ဆေးမှုများကို စတင်နေပြီး ယခုနှစ်တွင် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတစ်ရပ်ကို ဖော်ထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

IAEA စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကျွမ်းကျင်သူ ၁၅ ဦး ပါဝင်ကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်က ဂျပန်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီသို့ သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တွင် ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်းနှင့် ယင်းနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်ဆိုင်ရာ စစ်ဆေးမှု အခြေအနေများကို ထုတ်ဖော်ရန် ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ဖူကူရှီးမားနျူကလီးယားရေဆိုးများအား ပင်လယ်အတွင်းသို့ စွန့်ပစ်ရန် ဆုံးဖြတ်မှုအပေါ် ဆန့်ကျင်ဆန္ဒပြနေသည်ကို ဧပြီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

IAEA စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မူလက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဂျပန်သို့ သွားရောက်ကာ စုံစမ်းစစ်ဆေးများပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါသက်ရောက်မှုကြောင့် ယခုအချိန်အထိ ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

၂၀၁၁ ခုနှစ် မတ် ၁၁ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံရှိ ပင်မစက်ခန်းများ အရည်ပျော်ကျခြင်း၊ ရေဒီယို သတ္တိကြွ ဓါတ်ပစ္စည်းများယိုစိမ့်ခြင်း ၊ ပင်မစက်ခန်း ဆက်တိုက်အေးနေခြင်းနှင့် မိုးရေ၊ မြေအောက်ရေများက ဓါတ်ပေါင်းဖို အဆောက်အအုံများအတွင်းသို့ စီးဝင်ခြင်းများက နျူကလီးယားစွန့်ပစ်ညစ်ညမ်းရေ အများအပြား ဖြစ်ပေါ်မှုကို ဆက်လက်ဆိုးရွားစေသည်။ လက်ရှိတွင် တန်ချိန် သန်းပေါင်း ၁.၃ ခန့်ရှိသော ညစ်ညမ်းရေများမှာ ဖူကူရှီးမား အမှတ်(၁) နျူကလီးယား ဓာတ်အားပေးစက်ရုံ၌ သိုလှောင်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ အစိုးရက ၂၀၂၁ ခုနှစ် ဧပြီ ၄ ရက်တွင် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယား စွန့်ပစ်ရေဆိုးများကို ပင်လယ်ထဲသို့ စွန့်ထုတ်ရေး ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံအား လည်ပတ်နေသော တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက ၂၀၂၃ ခုနှစ် နွေဦးရာသီတွင် ယင်းညစ်ညမ်းရေများကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စတင်စွန့်ထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ ဤလုပ်ဆောင်ချက်ကို ဂျပန်နှင့် အနီးဝန်းကျင်ရှိနိုင်ငံများအား စိုးရိမ်ပူပန်မှုမြင့်တက်ခဲ့သည်။ ဖူကူရှီးမားစီရင်စု ငါးလုပ်ငန်းအဖွဲ့က ပင်လယ်ထဲသို့ နျူကလီးယား ညစ်ညမ်းရေများ စွန့်ပစ်ခြင်းကို ဆက်လက်ကန့်ကွက်လျက်ရှိကြောင်း၊ နိုင်ငံတကာ လေ့လာသုံးသပ်သူများကလည်း ဂျပန်အနေဖြင့် ဤဆုံးဖြတ်ချက်ကို အိမ်နီးချင်းနိုင်ငံများနှင့် အပြည့်အဝတိုင်ပင်ဆွေးနွေးပြီးမှသာ သတိရှိရှိ လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(Chinese Version)

国际原子能机构调查小组开始在日本调查福岛核污水问题

2022-02-14 17:33:29 分类: 科学技术
新华社东京2月14日电(记者华义)国际原子能机构调查小组14日起开始在日本调查“经处理后”的福岛第一核电站核污水安全性问题,并准备在今年整理出一份中期调查报告。

据日本经济产业省发布的消息,国际原子能机构调查小组一行包括来自中国和韩国等15个国家的15位专家。该调查小组14日开始走访日本经济产业省和东京电力公司等单位,并将于15日、16日前往福岛第一核电站现场调查。此后,调查小组将于18日召开记者会说明本次调查的有关情况。

国际原子能机构调查小组原计划2021年年底前来日调查,但是受新冠疫情影响推迟到现在。
2011年“3•11”大地震导致福岛第一核电站堆芯熔毁、放射性物质外泄,持续冷却堆芯的作业以及雨水、地下水流入反应堆设施产生了大量核污水,并在不断增加。目前福岛第一核电站内共储存约130万吨核污水。

日本政府2021年4月决定,准备将福岛第一核电站的核污水经过滤并稀释后排放入海。运营福岛第一核电站的东京电力公司计划于2023年春季开始向太平洋排放核污水。此举在日本国内和周边国家引发担忧,福岛县渔业协会持续反对排放核污水入海,国际观察人士强烈呼吁日方在与周边国家充分协商的基础上慎重做出决策。

图说1- 这张2012年2月20日拍摄的图片显示的是,工作人员在日本福岛县福岛第一核电站四号机组建筑内工作。(新华社发)

图说2- 2021年4月13日,抗议者在日本东京的首相官邸外反对福岛核污水排入大海。(新华社记者杜潇逸摄)