Connect with us

Africa & Middle East

တရုတ်နိုင်ငံ ရေတပ် သင်္ဘောအုပ်စုသယ်ဆောင်သည့် ကပ်ဘေးကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ တွန်ဂါနိုင်ငံသို့ ရောက်ရှိ

တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရေးအဖွဲ့ Wuzhishan သင်္ဘောကြီး ဆိပ်ကမ်းမှ ထွက်ခွာသွားသည်ကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နူကူးအလိုဟာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ပင်လယ်ရေမိုင် ၅,၂၀၀ ကျော် ဆက်တိုက်ခရီးနှင်ပြီးနောက် တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသည့် တရုတ်နိုင်ငံ ရေတပ် သင်္ဘောအုပ်စုသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် တွန်ဂါနိုင်ငံ နူကူးအလိုဟာဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။တွန်ဂါနိုင်ငံ၏ မီးတောင်ကပ်ဘေး ကယ်ဆယ်ရေး အကူအညီတောင်းခံမှုကြောင့် တရုတ်နိုင်ငံ စစ်တပ်မှ စေလွှတ်သည့် ရေတပ်သင်္ဘောအုပ်စုသည် ဒုတိယအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန်အတွက် ဇန်နဝါရီ ၃၁ ရက်က ကွမ်ကျိုးမြို့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ယခုအကြိမ်ပေးပို့မှုတွင် ရွှေ့လျားနေအိမ်၊ ထွန်စက်၊ မီးစက်၊ ရေစုပ်စက်၊ ရေသန့်စက်နှင့် အရေးပေါ် အစားအသောက်၊ ဆေးကုသရေးနှင့်ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ အပါအဝင် ကပ်ဘေးကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်း စုစုပေါင်းတန်ချိန် ၁,၄၀၀ ကျော် ရှိကြောင်း သိရသည်။

တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များ ထောက်ပို့ရေးကုန်ပစ္စည်းများ တင်ဆောင်နေသည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သင်္ဘောခရီးနှင်သည့်ကာလတွင် အဖွဲ့ဝင်အားလုံးကို နျူကလစ်အက်ဆစ် ၃ ကြိမ် ဆေးစစ်ခြင်း၊ နေ့စဉ် ကျန်းမာရေးစောင့်ကြည့်မှုများပြုလုပ်ခြင်း ရေယာဉ်တစ်စီးလုံး အချိန်အပိုင်းအခြားအလိုက်ပိုးသတ်ခြင်းနှင့်အတူ ကပ်ရောဂါ ကာကွယ်ရေး သင်တန်းနှင့် ရောဂါကာကွယ်ရေးဝတ်စုံ အသုံးပြုမှု လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ပြီး တာဝန်ထမ်းဆောင်သူနှင့်အထောက်အပံ့ပစ္စည်းများ ရောဂါကာကွယ်ထိန်းချုပ်ရေး အန္တရာယ်လုံးဝ ကင်းစင်အောင် အာမခံထားရှိမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များ ထောက်ပို့ရေးကုန်ပစ္စည်းများ တင်ဆောင်နေသည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကမ်းကပ်မည့် အခြေအနေအပြောင်းအလဲအလိုက် ပို့ဆောင်ရေးအဖွဲ့သည် အထောက်အပံ့ပစ္စည်းများ သင်္ဘောချကမ်းတင်မည့်နည်းလမ်းများကို ရေးဆွဲထားရာ ညွှန်ကြားရေး၊ ကြိုးဖြေရွှေ့ပြောင်းရေး၊ ကုန်းပတ်ပေါ်တွင် ကရိန်းဖြင့် ဆွဲတင်ရေး စသည့် တာဝန်အဖွဲ့ ၁၃ ဖွဲ့ ခွဲထားပြီး ကဏ္ဍအလိုက် အတိအကျ ညှိနှိုင်းစီစဉ်ထားလေ့ကျင့်ထားပြီးရာ ထောက်ပံ့ရေးပစ္စည်းများကို ထိရောက်လုံခြုံစွာ ကမ်းတင်ပေးနိုင်ရန်အတွက် အခိုင်အမာ အုတ်မြစ်ချထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————————-
(Chinese Version)

(军事)中国海军舰艇编队运送救灾物资抵达汤加

2022-02-15 16:08:39
新华社努库阿洛法2月15日电(周演成、薛成清)连续航行5200余海里后,赴汤加执行运送救灾物资任务的中国海军舰艇编队于15日抵达汤加努库阿洛法港。

应汤加王国关于火山灾害救援的请求,中国军队派遣海军舰艇于1月31日从广州出发,启运第二批中国援助汤加物资。此次运送的救灾物资共计1400余吨,主要包括移动板房、拖拉机、发电机、水泵、净水器及应急食品、医疗防疫器材等。

航渡期间,编队开展了3次全员核酸检测,每天进行健康监测,定期进行全舰消杀,并组织卫生防疫授课和穿脱防护服实操培训,确保任务人员和装载物资疫情防控 “零风险”。

根据靠泊码头情况变化,编队不断修订完善物资卸载方案,成立调度指挥、搬运解固、舱面吊装等13个任务组,明确职责分工和协同计划安排,开展指挥协同推演和各岗位专业训练,为高效安全完成物资卸载打下坚实基础。(完)

图说1:1月31日,赴汤加执行运送救灾物资任务海上运输编队起航,五指山舰驶离码头。 新华社发(周演成 摄)

图说2:赴汤加执行运送救灾物资任务海上运输编队官兵在装载救灾物资(无人机照片,1月28日摄)。 新华社发(殷征 摄)

图说3:赴汤加执行运送救灾物资任务海上运输编队官兵在装载救灾物资(1月29日摄)。 新华社发(薛成清 摄)