Connect with us

Europe

ယူကရိန်းနှင့် ဘီလာရုဇ်တို့က အပြန်အလှန် စစ်ရေးလေ့ကျင့်မှုများ လေ့လာစောင့်ကြည့်ရန် စစ်သံမှူးများ စေလွှတ်

ယူကရိန်း သမ္မတ Volodymyr Zelensky က Donbass ဒေသရှိ ယူကရိန်းစစ်တပ်အား သွားရောက် စစ်ဆေး ကြည့်ရှုနေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ukrainian Presidential Office/Handout via Xinhua)

ကီးယက်ဗ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က နှင့် ဘီလာရုဇ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Victor Khrenin တို့က ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးမှ အပြန်အလှန် စစ်ရေးလေ့ကျင့်မှုများ လေ့လာစောင့်ကြည့်ရန် စစ်သံမှူးများ စေလွှတ်ရေး သဘောတူညီခဲ့ကြကြောင်း သိရသည်။အဆိုပါ ဆက်သွယ်မှုသည် ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေးပြန်လည် ထူထောင်ရန်၊ အန္တရာယ်ဖြစ်နိုင်ခြေအဆင့် လျှော့ချရန်နှင့် ဒေသတွင်း လုံခြုံရေးကို အာမခံရန် ရည်ရွယ်ထားကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်မှ ဖေဖော်ဝါရီ ၁၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်မှုကို ထိန်းချုပ်ရန်၊ အရေးပေါ် အခြေအနေများကို အပြန်အလှန်အသိပေးရန်အတွက် နှစ်ဖက်အကြားယုံကြည်မှုတည်ဆောက်ရေးနှင့် စစ်ရေးအရ ပွင့်လင်းမြင်သာမှုများကို တိုးမြှင့်ဆောင်ရွက်ရန် နှစ်နိုင်ငံနယ်စပ် စစ်ရေးလေ့ကျင့်မှုအတွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယူကရိန်း သမ္မတ Volodymyr Zelensky က Donbass ဒေသရှိ ယူကရိန်းစစ်တပ်အား သွားရောက် စစ်ဆေး ကြည့်ရှုနေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ukrainian Presidential Office/Handout via Xinhua)

နှစ်ဖက်အကြား ယုံကြည်မှု တိုးမြှင့်ရန်အတွက် ဘီလာရုဇ်က ယူကရိန်းတွင် ကျင်းပမည့် “နှင်းမုန်တိုင်းလေ့ကျင့်မှု -၂၀၂၂” စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုလေ့လာရန် စစ်သံမှူးများ စေလွှတ်မည်ဖြစ်ပြီး ယူကရိန်းအနေဖြင့်လည်း ဘီလာရုဇ်တွင် ကျင်းပသည့် စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုလေ့လာရန် စစ်သံမှူးများ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ ရုရှားနှင့် ဘီလာရုဇ်နှစ်နိုင်ငံစစ်တပ်တို့သည် “မဟာမိတ်များအကြား ပူးတွဲလေ့ကျင့်မှု ၂၀၂၂” ကို ဘီလာရုဇ်နိုင်ငံရှိ စစ်ရေးလေ့ကျင့်မှုနယ်မြေအများအပြားတွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံ မြို့တော် ကီးယက်ဗ်ရှိ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ပါဝင်နေသော စစ်သားတစ်ဦးကို ၂၀၂၁ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းစစ်တပ်သည် “နှင်းမုန်တိုင်းလေ့ကျင့်မှု ၂၀၂၂” ကို ယင်းကာလ၌ပင် နိုင်ငံတွင်းရှိ စစ်ရေးလေ့ကျင့်မှု နယ်မြေများစွာတွင် ပြုလုပ်ခဲ့ကြောင်း Reznikov က ယခင်က ပြောကြားခဲ့သည်။

မကြာသေးမီက ရုရှားနှင့် ယူကရိန်းကြား ဆက်ဆံရေးမှာ တင်းမာလာခဲ့ပြီး နှစ်ဖက်စလုံးက နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် လက်နက်စနစ် အများအပြား တပ်ဖြန့်ချထားခဲ့ကြောင်း၊ အမေရိကန်၊ ယူကရိန်းနှင့် မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ တို့က ရုရှားသည် ယူကရိန်းနယ်စပ်ဒေသအနီးတစ်ဝိုက်တွင် စစ်တပ်အများအပြား စုစည်းခဲ့ခြင်းကြောင့် ရုရှားက ယူကရိန်းကို “ကျူးကျော်ရန်” အလားအလာရှိနေသည်ဟု ပြောဆိုခဲ့ကြောင်း၊ ရုရှားက ယင်းအပေါ် ငြင်းဆိုခဲ့ပြီး နေတိုး(NATO) မဟာမိတ်အဖွဲ့၏ လှုပ်ရှားမှုများသည် ရုရှား၏ နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်နေရာ ရုရှားသည် မိမိ၏နယ်မြေကို ကာကွယ်ရန်အတွက် နိုင်ငံအတွင်း တပ်ဖွဲ့ဝင်များကို စည်းရုံးပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)

…………………………………………

(Chinese Version)

(国际•环球军情)乌克兰与白俄罗斯将互派武官观摩对方演习

2022-02-15 00:02:50 分类: 军事
新华社基辅2月14日电(记者李东旭)乌克兰国防部长列兹尼科夫14日与白俄罗斯国防部长赫列宁通电话,双方同意互派武官观摩对方演习。

乌克兰国防部网站14日发布声明说,此次通话旨在恢复对话、降低风险水平、确保地区安全。双方讨论了在两国边境军演期间采取建立互信和增加军事透明度的措施,以排除突发情况,并相互通报紧急情况。

声明说,为增强互信,白俄罗斯将派遣武官观摩乌克兰方面举行的“暴风雪-2022”演习,乌克兰将派武官观摩在白俄罗斯举行的演习。

据俄罗斯国防部通报,俄罗斯和白俄罗斯军队10日至20日在白俄罗斯多个军事训练场举行“联盟决心-2022”联合军演。

列兹尼科夫此前表示,乌克兰军队同期在该国多个军事训练场举行“暴风雪-2022”演习。
近期,俄罗斯同乌克兰关系持续紧张,双方在两国边境地区部署了大量军事人员和装备。美国、乌克兰和北约称俄罗斯在靠近乌东部边境地区集结重兵,有“入侵”之势。俄方予以否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。(参与记者:鲁金博)(完)
图说1- 4月8日,乌克兰总统泽连斯基(中)在顿巴斯地区乌政府军阵地视察。(新华社发,乌克兰总统办公室供图)

图说2- 4月8日,乌克兰总统泽连斯基(中)在顿巴斯地区乌政府军阵地视察。(新华社发,乌克兰总统办公室供图)
图说3- 8月24日,在乌克兰首都基辅,一名士兵参加阅兵式。(新华社发,谢尔盖•斯塔拉斯坚科摄)