Connect with us

Europe

နေတိုးက ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများသို့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၄၀၀၀ ကျော် စေလွှတ်၍ ရုရှားအပေါ် ဖိအားပေးနိုင်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပ သမဂ္ဂ ခေါင်းဆောင်များ၏ဗီဒီယိုထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

နေတိုးက ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံမျာသို့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ ပိုမိုဖြန့်ကျက်ရန် စဉ်းစားထားကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံစစ်တပ်များအား သက်ဆိုင်ရာစီမံချက်များ စီစဉ်ရန် တောင်းဆိုထားကြောင်း အရှေ့ဥရောပရှိ မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားသမ္မတအစောင့်တပ်များကို သြဂုတ် ၂၇ ရက်က စစ်ဘက်ဆိုင်ရာ တေးဂီတပွဲတော်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းကို ရုရှား ကျူးကျော်မည်ဟု အမေရိကန်နှင့်နေတိုးဘက်က ထိုနေ့(ဖေဖော်ဝါရီ ၁၆ ရက်)တွင် မပြတ်ပြောကြားခဲ့ရာ ရုရှားကို ဆန့်ကျင်သည့် “ကယောင်ခြောက်ခြား သွေးရူးသွေးတန်း” သတင်းဖြင့် တိုက်စစ်ဆင်မှုမှာ ပြီးဆုံးရန် ဝေးသေးသည်ဟု ရုရှားက တုံ့ပြန်ခဲ့သည်။

တင်းမာမှုအခြေအနေကို ဆက်လက်ဖန်တီးနေ

နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg က အဖွဲ့ဝင်နိုင်ငံ အသီးသီးမှ ကာကွယ်ရေးဝန်ကြီးများအနေဖြင့် နေတိုး၏ အဟိတ်အဟန့်နှင့်ကာကွယ်ရေးစွမ်းရည်များ တိုးမြှင့်ရန် ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများတွင် တိုက်ခိုက်ရေးတပ်ဖွဲ့သစ်များဖွဲ့စည်းမှု အပါအဝင် စီစဉ်မှုများပြုလုပ်ကြရန် ပြောကြားခဲ့သည်။

နေတိုးက ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားသို့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၄,၀၀၀ ခန့်ရှိသော စစ်တပ် လေးဖွဲ့စေလွှတ်နိုင်ဖွယ်ရှိကြောင်းနှင့် ရိုမေးနီးယားအခြေစိုက်တပ်များကို ပြင်သစ်နိုင်ငံမှ တာဝန်ယူထားကြောင်း အမည်မဖော်လိုသော ဥရောပ သံအမတ်များက ရိုက်တာသတင်းဌာနအား ပြောကြားခဲ့သည်။

ခရိုင်းမီးယားဒေသသည် ၂၀၁၄ ခုနှစ် တွင် ယူကရိန်းမှ ခွဲထွက်ပြီး ရုရှားသို့ဝင်ရောက်ကြောင်း ကြေညာခဲ့ပြီးနောက် နေတိုးက အမေရိကန်၊ ဂျာမနီ၊ ကနေဒါနှင့် ဗြိတိန်တို့ အသီးသီး ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့် ရှိသည့် တိုက်ခိုက်ရေးတပ် ၄ ခုကို ပိုလန်နှင့် ဘောလ်တစ်ပင်လယ်သုံးနိုင်ငံဖြစ်သည့် လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

ရုရှားစစ်တပ်သည် ယူကရိန်းနယ်စပ်မှ ဆုတ်ခွာသွားခြင်းမရှိသေးဘဲ ပိုမိုများသော ရုရှားတပ်ဖွဲ့များ နယ်စပ်သို့ ဆက်လက်ချီတက်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများအရ တွေ့ရပြီး တင်းမာမှု အခြေအနေမှာ ဖြေလျော့သွားခြင်းမရှိဟု Stoltenberg က ဖေဖော်ဝါရီ ၁၆ ရက် တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရ ဂြိုဟ်တုဓာတ်ပုံများအရ ရုရှစစ်တပ်က ယူကရိန်းနယ်စပ် ၆ ကီလိုမီတာအကွာရှိ ဘီလာရုဇ်နယ်မြေအတွင်း Pontoon ယာယီတံတားတည်ဆောက်နေကြောင်း Maxar Technologies မှ ပြောကြားခဲ့သည်။ ၎င်းအမေရိကန်ကုမ္ပဏီက မကြာသေးမီကာလအတွင်း စီးပွားဖြစ်ဂြိုဟ်တုများဖြင့် ရုရှားစစ်တပ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြောင်း သိရသည်။

မကြာသေးမီက ရုရှားစစ်တပ်သည် ရုရှား-ယူကရိန်း နယ်စပ်သို့ တပ်ဖွဲ့ဝင် ၇,၀၀၀ ကျော် စေလွှတ်ခဲ့ကြောင်း၊ ၎င်းတို့အနက် အချို့တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၆ ရက်တွင် နယ်စပ်ဒေသသို့ ရောက်ရှိခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန် အစိုးရ အရာရှိတစ်ဦးကပြောကြားခဲ့သည်။ သို့သော် ၎င်းမှ တရားဝင်အထောက်အထားပြသခြင်းမရှိကြောင်း သိရသည်။

ရုရှားစစ်တပ်ဆုတ်ခွာမှုကို မတွေ့ရှိကြောင်းနှင့် ရုရှား၏ အဓိက တပ်ဖွဲ့များသည် ရုရှား-ယူကရိန်း နယ်စပ်သို့ ဆက်လက် ချီတက်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဖေဖော်ဝါရီ ၁၆ ရက် တွင် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

ကယောင်ခြောက်ခြား သွေးရူးသွေးတန်းလုပ်ဆောင်မှုများ ဆက်လုပ်နေ

ရုရှားတောင်ပိုင်းစစ်ဌာနမှ တပ်ဖွဲ့ဝင်များက ခရိုင်းမီးယား ဒေသတွင် စစ်ရေးလေ့ကျင့်မှုပြီးဆုံးခဲ့ပြီး Dagestan သမ္မတနိုင်ငံနှင့် Ossetia မြောက်ပိုင်းသမ္မတနိုင်ငံရှိ ၎င်းတို့၏ အခြေစိုက်စခန်းများသို့ အသီးသီးပြန်လည်ထွက်ခွာခဲ့ကြောင်းနှင့် အနောက်ပိုင်းစစ်ဌာနမှ စစ်တပ်များသည် Nizhny Novgorod ဒေသရှိ ၎င်းတို့၏အခြေစိုက်စခန်းများသို့ ပြန်ရန်ထွက်ခွာခဲ့ကြောင်းနှင့် အခြားလေ့ကျင့်ရေးတပ်ဖွဲ့များမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၅ ရက် တွင် ထုတ်ပြန်ခဲ့သည်။ ရုရှားဘက်မှ ထုတ်ပြန်ခဲ့သည့် ဗီဒီယိုများအရ အချို့သော တင့်ကားနှင့် သံချပ်ကာယာဉ်များက ကုန်တင်ရထားဖြင့် ခရိုင်းမီးယားမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

အမေရိကန်၊ ဗြိတိန်နှင့် နေတိုးတို့က ရုရှားစစ်တပ်ဆုတ်ခွာမှုအပေါ် သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုကာ ရုရှားဘက်မှအထောက်အထားများဖြင့် သက်သေပြရန် တောင်းဆိုခဲ့ကြောင်း၊ ရုရှားကို ဆန့်ကျင်သည့် “ကယောင်ခြောက်ခြား သွေးရူးသွေးတန်း” သတင်းဖြင့် တိုက်စစ်ဆင်မှု ပြီးဆုံးရန် ဝေးသေးသည်ဟု ရုရှားက ဖေဖော်ဝါရီ ၁၆ ရက်တွင် တုံ့ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် အနောက်နိုင်ငံများမှအရေးကြီး ပုဂ္ဂိုလ်များက ယူကရိန်းကို ရုရှား ကျူးကျော်မည်ဟု မပြတ်ပြောကြားခဲ့ပြီး ၊ အချို့အနောက်မီဒီယာများက ရုရှားသည် တပ်ဖွဲ့ဝင် ၂၀၀,၀၀၀ ဖြင့် ယူကရိန်းနိုင်ငံသို့ ဖေဖော်ဝါရီ ၁၆ ရက် ဒေသစံတော်ချိန် ၃း၀၀ (ပေကျင်းစီတော်ချိန် ၉း၀၀ နာရီ) တွင် ကျူးကျော်မည်ဟု အခိုင်အမာဆိုခဲ့သည်။

ရုရှားသမ္မတ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က “မနေ့ညက ကျွန်တော်တို့ အိမ်ရေးကောင်းခဲ့ပါတယ်၊ ဒီနေ့မှာတော့ အလုပ်တွေကို တည်တည်ငြိမ်ငြိမ် စတင်နိုင်ခဲ့တယ်” ဟု ဖေဖော်ဝါရီ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အနောက်တိုင်းမီဒီယာများက ရုရှားနှင့် ပတ်သက်သည့် မှားယွင်းသောသတင်းအမြောက်အမြား ထုတ်ပြန်ခဲ့ရာ “အနောက်နိုင်ငံ၏ ကယောင်ခြောက်ခြား သွေးရူးသွေးတန်းဖြစ်မှု အထွတ်အထိပ်သို့ရောက်ရှိနေပြီ” ဟု အဓိပ္ပာယ်ဆောင်ပါသလားဟု သတင်းထောက်တစ်ဦးမေးမြန်းခဲ့ရာ Peskov က “အထွတ်အထိပ်သို့ရောက်ချိန်နဲ့ ဝေးသေးတယ်” ဟု Peskov ကဖြေကြားခဲ့သည်။(Xinhua)
…………………………………………
(Chinese Version)
挤压俄罗斯安全空间 北约或向中东欧派遣4000人作战部队
2022-02-17 15:44:17 分类: 社会
图片轮播
新华社北京2月17日电 北大西洋公约组织16日说,北约考虑在中欧和东南欧部署更多作战部队,已要求成员国军方制定相应计划。
同一天,美国和北约继续渲染俄罗斯对乌克兰“大军压境”。俄罗斯回应说,这种针对俄方、“歇斯底里”的信息战还远没有到头。
继续渲染紧张气氛
北约秘书长延斯•斯托尔滕贝格说,各成员国国防部长“决定安排更多选项,以进一步增强北约的震慑力和防卫能力,包括在欧洲中部和东南部地区组建新的作战部队”。
2021年2月26日,北约秘书长斯托尔滕贝格在比利时布鲁塞尔出席欧盟领导人视频峰会第二日会议。(新华社发,欧盟供图)
几名不愿公开姓名的欧洲外交官告诉路透社,北约可能向罗马尼亚、保加利亚、匈牙利和斯洛伐克派遣4支作战部队,总人数大概4000人,罗马尼亚的驻军已经由法国“承揽”。
2014年克里米亚宣布脱离乌克兰、加入俄罗斯后,北约向波兰和波罗的海三国即立陶宛、拉脱维亚、爱沙尼亚派出4支作战部队,分别由美国、德国、加拿大和英国军队领导,总人数大约5000人。
斯托尔滕贝格16日说,卫星图像显示俄军并未从俄罗斯与乌克兰接壤边境撤走,“我们看到的是他们反而增兵,更多俄军还在赶来的路上,所以,迄今为止,局势并未降级”。
马克萨尔科技公司称,最新卫星图像显示,俄军在白俄罗斯境内距离乌克兰国界6公里的地方修建一座新的浮桥。这家美国企业近段时间一直利用商业卫星图像“监视”俄军行动。
一名不愿公开姓名的美国政府官员声称,美方掌握的情报显示,俄军近来向俄乌边境增派多达7000名军人,其中一部分在16日抵达。这名官员没有出示证据。
美国国务卿安东尼•布林肯16日接受媒体采访时称,美方没有看到俄方撤军,“我们继续看到俄军关键部队向俄乌边境挺进,而非后撤”。
“歇斯底里远未到头”
俄罗斯国防部15日说,俄南部军区部队结束在克里米亚半岛的军事演习,启程返回其位于俄联邦达吉斯坦共和国和北奥塞梯共和国的驻地;西部军区部队正在返回其位于下诺夫哥罗德州的基地。其他武装部队的大规模作战训练仍在继续。俄方发布的视频显示,一些坦克和装甲车辆开上铁路货运列车,离开克里米亚。
2021年8月27日,俄罗斯总统卫队在军乐节上表演。(新华社发,叶甫盖尼•西尼岑摄)
美国、英国和北约对俄方说法表示怀疑,向俄方索要“证据”。俄方16日回应说,西方针对俄罗斯的“歇斯底里”还远没有到头。
包括美国总统约瑟夫•拜登在内的西方政要多日来不断渲染俄罗斯兵临乌克兰的“危险”,还有西方媒体言之凿凿称,俄方很可能调动“20万大军”,于乌克兰当地时间16日3时(北京时间16日9时)“入侵”。
俄罗斯总统新闻秘书德米特里•佩斯科夫16日在记者会上说,昨夜“我们睡得挺好”,当天早晨“平静地开始一天的工作”。
有记者问佩斯科夫,西方国家媒体发布大量针对俄罗斯的不实消息,是否意味着“西方的歇斯底里达到最高峰”,佩斯科夫答道:“老实说……可能远远没到(最高峰)。”(王宏彬)