Connect with us

Politics, Law & Military

တရုတ်နိုင်ငံသည် မှန်ကန်မျှတပြီး သမိုင်း၏မှန်ကန်သည့်ဘက်တွင် ရပ်တည်ရန်အဆိုပြုကြောင်း ဝမ်ရိပြော

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံခြားရေးမူဝါဒနှင့်ပြည်ပဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများအပေါ် သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားနေသည်ကို မတ် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၉ ရက် ညနေပိုင်းတွင် အန်းဟွေးပြည်နယ်Tunxi ၌ သတင်းထောက်များ၏ တွေ့ဆုံမေးမြန်းမှုကိုဖြေကြားစဉ် တရုတ် နှင့် အမေရိကန် သမ္မတတို့ ၏ ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်မှုအခြေအနေကို ရှင်းလင်း ပြောကြားခဲ့သည်။သမ္မတရှီကျင့်ဖိန်က ယူကရိန်းအရေးအပေါ် တရုတ်၏ရပ်တည်ချက်ကို ရှင်းလင်းစုံလင်စွာ ပြောကြားခဲ့ရာ ၎င်းမှထွက်ပေါ်လာသော အရေးကြီးဆုံးအချက်ပြမှုအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အစဉ်အမြဲထိန်းသိမ်းသော အင်အားဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ၊ စစ်ရေးဆန့်ကျင်မှုကို အမြဲအဆိုပြုကြောင်း၊ ယင်းမှာတရုတ်နိုင်ငံ၏ သမိုင်းယဉ်ကျေးမှုအစဉ်အလာဖြစ်သလို တရုတ်နိုင်ငံ၏ တသမတ်တည်းသော နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံသည် အစဉ်အမြဲ မှန်ကန်မျှတမှုကိုအခြေခံပြီး ကိစ္စရပ်၏အမှားအမှန် ဖြစ်ပျက်ပုံအရ သီးခြားလွတ်လပ်စွာ မိမိဘာသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းနှင့် မည့်သည့်ပြင်ပခြိမ်းခြောက်မှု၊ ဖိအားများကိုမှလက်ခံမည်မဟုတ်သလို တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိ စွပ်စွဲမှုနှင့် သံသယများမှုကိုလည်း လက်ခံမည်မဟုတ်ကြောင်း ဝမ်ရိကပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ယူကရိန်းအကျပ်အတည်းဖြေရှင်းရန် အဓိကကဏ္ဍ၂ ခု ပါဝင်သည့် တရုတ်နိုင်ငံနည်းလမ်းကို အဆိုပြုခဲ့သည်။ လက်ရှိအလျင်ဆောင်ရွက်သင့်သည်မှာ သက်ဆိုင်ရာနိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှု တွန်းအားပေးကာ အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန်ဆောင်ရွက်သင့်ကြောင်းနှင့် အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများဖြစ်ပွားမှုမှ ကာကွယ်ရန် ဘက်ပေါင်းစုံအနေဖြင့် အတူလုပ်ဆောင်သင့်ကြောင်း ဝမ်က ရှင်းလင်းပြောကြားခဲ့သည်။ ရေရှည်အတွက် ဖြေရှင်းချက်မှာ စစ်အေးခေတ်အတွေးအခေါ်ကို လုံးဝဥဿုံစွန့်လွှတ်ရမည်ဖြစ်ကြောင်း၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ စစ်မှန်သော မျှတမှု၊ ထိရောက်မှု၊ ရေရှည်တည်တံ့သော ဒေသဆိုင်ရာ လုံခြုံရေးမူဘောင်ကိုဖန်တီးရမည်ဖြစ်ကြောင်း၊ သို့မှသာ ဥရောပတိုက် ရေရှည်တည်ငြိမ်မှုရရှိနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် မှန်ကန်၍ တရားမျှတပြီး နိုင်ငံအများစု၏ လိုလားချက်နှင့်တူညီကြောင်း ၊ တရုတ်နိုင်ငံ၏ အဆိုပြုချက်သည် သမိုင်း၏မှန်ကန်သည့်ဘက်တွင် ရှိနေသည်ကို အချိန်ကာလစီးဆင်းမှုအလျေှာက်သိနိုင်မည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။(Xinhua)

———————
(Chinese Version)
王毅:中方的主张客观公允,站在历史正确的一边
2022-03-20 10:17:53 来源: 新华网
新华社合肥3月20日电(记者岳媛媛)3月19日晚,国务委员兼外长王毅在安徽屯溪接受记者采访,介绍了中美元首视频通话就乌克兰问题交换意见的情况。

王毅表示,习近平主席清晰、全面地阐明了中国在乌克兰问题上的立场,发出的最重要信息是,中国始终是维护世界和平的力量。我们一贯主张维护和平、反对战争。这不仅根植于中国的历史文化传统,也是中方一以贯之的外交政策。中方将继续根据事情本身的是非曲直,本着客观公正的态度,独立自主地做出判断。我们决不接受任何外来胁迫和压力,也反对任何针对中国的无端指责和猜忌。

王毅强调,习近平主席还提出了解决乌克兰危机的中国方案,主要包括两方面。当务之急是各方要一起推动当事方对话谈判,尽快停火止战,避免平民伤亡,尤其要防止发生人道主义危机。长远之道是要摒弃冷战思维,不搞集团对抗,真正形成平衡、有效、可持续的地区安全架构,这样才能实现欧洲大陆的长治久安。

王毅说,中方的立场客观公允,同大多数国家的愿望相一致,时间将证明,中方的主张是站在历史正确的一边。