Connect with us

Europe

ရုရှား-ဘီလာရုဇ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အချိန် ထပ်တိုး လုပ်ဆောင်

ရုရှား-ဘီလာရုဇ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်ခြင်းအား ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

ဘီလာရုဇ်နိုင်ငံအတွင်း ဘီလာရုဇ်-ရုရှား စစ်တပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး မဟာမိတ်နှစ်နိုင်ငံ၏ လျင်မြန်စွာ တုန့်ပြန်စွမ်းကို စမ်းသပ်သွားမည် ဖြစ်ကြောင်း ဘီလာရုဇ် ကာကွယ်ရေးဝန်ကြီး Victor Khreninက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ရုရှား-ဘီလာရုဇ် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလ့ကျင့်မှု “Allied Resolve-2022”ကို ဖေဖော်ဝါရီ ၁၀ ရက်က ဘီလာရုဇ်တွင် စတင်လုပ်ဆောင်ခဲ့ရာ မူလက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြီးဆုံးရန် သတ်မှတ်ခဲ့သည်။

ရုရှား-ဘီလာရုဇ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်ခြင်းအား ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

Victor Khreninက “(ဘီလာရုဇ်၊ ရုရှား)မဟာမိတ်နိုင်ငံ ပြင်ပ နယ်စပ်မှာ စစ်ရေးလှုပ်ရှားများပြားလာခြင်းနဲ့ ယူကရိန်း Donbas ဒေသ အခြေအနေ ဆိုးဝါးလာခြင်းတွေကြောင့် နှစ်နိုင်ငံ သမ္မတတွေက မဟာမိတ်နိုင်ငံ တုန့်ပြန်ရေးတပ်ဖွဲ့ကို စမ်းသပ်မှုဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်”ဟု ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား-ဘီလာရုဇ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်ခြင်းအား ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

ယူကရိန်းသည် ရုရှား၊ ဘီလာရုဇ် နှစ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသည်။ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသ ၌ ယခုရက်ပိုင်း အခြေအနေတင်းမာမှုများ ပို၍ ဆိုးဝါးလာသည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန် အစိုးရက “ရုရှားခြိမ်းခြောက်မှု”ဟု ပုံကြီးချဲ့အရောင်ဆိုးပြီး ယူကရိန်းကို ရုရှား ကျူးကျော်တော့မည်ဟု ပြောကြားလျက်ရှိသည်။

Victor Khreninက”ဥရောပတိုက်မှာ လက်ရှိ စစ်ရေးအငွေ့အသက်များနေတယ်၊ ရည်ရွယ်ချက်ရှိရှိ စစ်ဖြစ်အောင် တွန်းပို့ခံနေရတယ်”ဟု ဆိုသည်။
ဘီလာရုဇ်-ရုရှား ပူးတွဲ စစ်ရေးလေ့ကျင့်ရသည့် ရည်ရွယ်ချက်က နှစ်နိုင်ငံ ကာကွယ်ရေးအနေအထားကို စမ်းစစ်ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်အနီး ရန်လိုသောအင်အားစုများ၏ စစ်ရေးပြင်ဆင်မှုကို အပြည့်အဝ ရင်ဆိုင် လျှော့ချနိုင်ရန်အတွက် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှား-ဘီလာရုဇ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်ခြင်းအား ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရုရှား-ဘီလာရုဇ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်ခြင်းအား ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပူးတွဲစစ်ရေးလေ့ကျင့်မှု အချိန်ထပ်တိုးသည့် သတင်းကို ရုရှားအစိုးရက လတ်တလောတွင် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
အမေရိကန် ဦးဆောင်သည့် မြောက်အတ္တလန်တစ်သဘောတူစာချုပ်အဖွဲ့သည် ပြီးခဲ့သည့်နှစ်က ရုရှားနိုင်ငံ အနောက်ပိုင်းအနီးတစ်ဝိုက်ဒေသများတွင် လေ့ကျင့်မှုနှင့်ထောက်လှမ်းမှုများ မြှင့်တင်ဆောင်ရွက်ခဲ့ရာ ထို့အပေါ် ရုရှားအစိုးရက ပြင်းပြင်းထန်ထန် မကျေနပ်မှုများဖြစ်ခဲ့သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစပြီး ရုရှားနှင့်ယူကရိန်းဆက်ဆံရေး ပို၍ တင်းမာလာသည်။ အမေရိကန် စသည့် အနောက်နိုင်ငံများက ယူကရိန်းနှင့်ထိစပ်နေသည့် နယ်စပ်ဒေသများတွင် ရုရှား စစ်အင်အား အလုံးအရင်းချထားခြင်းသည် ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်လိုခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။ “ကျူးကျော်ဝင်ရောက်ခြင်း”အဆိုကို ရုရှားအစိုးရက ငြင်းဆိုခဲ့ပြီး အမေရိကန်နှင့် နေတိုးအဖွဲ့သည် ရုရှားနိုင်ငံ အနောက်ပိုင်း အိမ်နီးချင်းနိုင်ငံ၌ စစ်အင်အား ဖြန့်ကျက်ထားရာ ရုရှားလုံခြုံရေးကို တစ်ဆင့်တိုးခြိမ်းခြောက်မှု ဖြစ်စေကြောင်း၊ မိမိ ပိုင်နက်နယ်မြေအတွင်း တပ်ဖွဲ့ဝင်နေရာချထားရေးအတွက် ရုရှားတွင် အခွင့်ရှိရာ အခြားနိုင်ငံသို့ တိုက်ခိုက်ရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရုရှား-ဘီလာရုဇ် ပူးတွဲစစ်ရေးလေ့ကျင့်မှုအချိန် ထပ်တိုးလိုက်ခြင်းသည် ယူကရိန်းသို့ ရုရှား ကျူးကျော်ဝင်ရောက်မည် စိုးရိမ်မှုကို ထပ်တိုးစေကြောင်း ဖေဖော်ဝါရီ ၂၀ ရက် တွင် မီဒီယာများ၏ မေးမြန်းချက်ကို ဖြေဆိုခဲ့သည်။

ယခုလ ၁၈ ရက်မှစပြီး ယူကရိန်း Donbas ဒေသ တင်းမာမှုအခြေအနေ မြင့်တက်လာခဲ့သည်။ ဒေသခံအရပ်ဘက် လက်နက်ကိုင်များက ယူကရိန်းအစိုးရတပ် အမြောက်ပစ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ထို့အပေါ် ယူကရိန်းအစိုးရ ကအရှေ့ပိုင်းဒေသကို ထိုးစစ်ဆင်ခြင်း မရှိသလို ထိုသို့ ဆောင်ရွက်လိုသည့် ဆန္ဒ မရှိဟု အလေးထား ပြောကြားခဲ့သည်။ (Xinhua)

———————————————

(Chinese Version)

俄罗斯、白俄罗斯延长在白联合军演
2022-02-21 14:35:37 分类: 社会
图片轮播
新华社北京2月21日电 白俄罗斯国防部长维克托•赫列宁20日说,白俄罗斯和俄罗斯军队将继续在白境内演习,以检验这两个联盟国家快速反应部队的能力。

俄白两国10日在白俄罗斯启动“联盟决心-2022”联合军演,原定20日结束演习。
赫列宁20日说:“由于(白、俄)联盟国家外部边境附近军事活动越来越多和(乌克兰)顿巴斯地区局势恶化,白、俄两国总统决定继续检验联盟国家反应部队。”

乌克兰与俄白两国接壤。乌东部顿巴斯地区紧张局势近日加剧。与此同时,美国政府加大力度渲染“俄罗斯威胁”,声称俄罗斯即将“入侵”乌克兰。

赫列宁说:“欧洲当前火药味非常浓,正被蓄意推向战争。”
他说,白、俄联合军演旨在检验两国防御状态,以充分应对并削弱两国边境附近敌对力量的“军事准备”。
俄罗斯政府暂时没有就延长联合军演发布信息。
美国主导的北大西洋公约组织去年增加在俄西部周边地区演习和侦察的频率。俄罗斯政府对此强烈不满。

去年年底以来,俄罗斯与乌克兰关系更趋紧张。美国等西方国家声称,俄罗斯在与乌克兰交界地区集结重兵,意欲“入侵”乌克兰。俄罗斯政府斥责“入侵说”。俄方强调,美国和北约在俄西部邻国部署军事力量,进一步威胁俄方安全,俄有权在自身境内调动部队,无意攻击他国。
美国国务卿安东尼•布林肯20日回答媒体提问时称,俄白延长联合军演令他更加担心俄罗斯可能“入侵”乌克兰。

本月18日以来,乌克兰顿巴斯地区紧张局势升级。当地民间武装称乌克兰政府军发动炮击。乌政府强调并未也无意向东部地区发起进攻。(吴宝澍)

图说:2月19日,俄罗斯与白俄罗斯的“联盟决心-2022”联合军演最后阶段实战演习在白俄罗斯奥布兹—列斯诺夫斯基靶场进行。(新华社发,任科夫摄)