Connect with us

INTERNATIONAL ORGANIZATION

ရုရှား-ပြင်သစ် နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး၊ ယူကရိန်းအရေး သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် သဘောတူ

ရုရှား သမ္မတ ပူတင်နှင့် ပြင်သစ်သမ္မတ မိုက်ခရွန်အား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

ရုရှား သမ္မတ ပူတင်နှင့် ပြင်သစ် သမ္မတ မိုက်ခရွန်တို့သည် ဖေဖော်ဝါရီ ၂၀ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ ယူကရိန်းအရေး သံတမန်နည်းလမ်းဖြင့် ဖြေရှင်းသင့်သည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း သိရသည်။နှစ်နိုင်ငံ ခေါင်းဆောင်များ ဆက်သွယ်ဆွေးနွေးမှုတွင် ယူကရိန်းအရှေ့ပိုင်းဒေသ ထိတွေ့မှုဖြစ်ပွားသည့် နယ်မြေတစ်လျောက် အခြေအနေ ဆိုးဝါးလာမှုကို အထူးဂရုပြုခဲ့ကြကြောင်း ရုရှား သမ္မတ ဝဘ်ဆိုက်က ယင်းနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။ အပစ်ခတ်ရပ်စဲရေးနှင့် ပဋိပက္ခ ဖြေလျှော့နိုင်ရေးအတွက် “နော်မန်ဒီ ပုံစံ” သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းသင့်သည်ဟု နှစ်ဖက်စလုံးက ယူဆကြသည်။

ပူတင်က ယူကရိန်း အရှေ့ပိုင်းဒေသ အခြေအနေ ပို၍တင်းမာလာရခြင်းသည် ယူကရိန်းအစိုးရတပ်၏ ရန်စမှုကြောင့် ဖြစ်ကြောင်း ဆိုသည်။ နေတိုးအဖွဲ့ ယူကရိန်းအစိုးရထံသို့ ခေတ်မီလက်နက်ခဲယမ်းများ မပြတ်ပေးပို့နေခြင်းသည် စစ်ရေးနည်လမ်းသုံးရန် ယူကရိန်းကို တွန်းအားပေးခြင်း ဖြစ်ကြောင်း ၊ ပိုမို ပြင်းထန်လာသည့် လက်နက်ခဲယမ်းတိုက်ခိုက်မှုများကို ရှောင်တိမ်းရန်အတွက် နောက်ဆက်တွဲက ဒုက္ခခံစားနေရသည့် ယူကရိန်းအရှေ့ပိုင်းဒေသ အရပ်သားများက ရုရှားသို့ ရွှေ့ပြောင်းလာခြင်းပင် ဖြစ်ကြောင်း ဆိုသည်။ ယူကရိန်းသည် ဆွေးနွေးမည့်ပုံယောင်ပြခြင်းသာဖြစ်ပြီး မင့်စ်ခ် သဘောတူညီချက် အကောင်အထည် ဖော်ဆောင်မှုမရှိခဲ့ကြောင်း ပူတင်က ပြစ်တင်ဝေဖန်ခဲ့သည်။

ပြင်သစ် သမ္မတ အိမ်တော်၏ ဖေဖော်ဝါရီ ၂၀ ရက် သတင်းထုတ်ပြန်ချက်များအရ မိုက်ခရွန်နှင့်ပူတင်၏ ဆက်သွယ်ဆွေးနွေးမှုတွင် အကျိုးဖြစ်ထွန်စေမည့် လှုပ်ရှားမှုများ လုပ်ဆောင်ရန်၊ တင်းမာသည့်အခြေအနေ အရှိန်အဟုန် မြင့်တက်မှု မဖြစ်စေဖို့ ရှောင်ရှားရန်၊ အန္တရာယ်လျှော့ချရန်၊ ငြိမ်းချမ်းရေးထိန်းသိမ်းရန် အခိုင်အမာ ကတိကဝတ်ပြုခဲ့ကြကြောင်း သိရသည်။

မျက်မှောက်အကျပ်အတည်းကို သံတမန်ရေးနည်းလမ်းဖြင့် ဦးစားပေးဖြေရှင်းကြရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြရာ “နော်မန်ဒီ ပုံစံ”အောက်တွင် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန်၊ အပစ်ခတ်ရပ်စဲရေးကတိကဝတ်များ ထိရောက်မှုရှိစေရေး ယူကရိန်း-ရုရှား- ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ပါဝင်သည့် သုံးဖက်ဆက်သွယ်ဆွေးနွေးရေးအဖွဲ့ ယူကရိန်းအရေးအစည်းအဝေးကို လာမည့် နာရီအနည်းငယ်အတွင်း ကျင်းပအောင် တွန်းအားပေးရန် စသည်တို့ ပါဝင်ကြောင်း သိရသည်။

မိုက်ခရွန်သည် ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ယူကရိန်း သမ္မတ ဇယ်လန်းစကီး နှင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဇယ်လန်းစကီးက ရန်လိုရန်စမှုများကို တုန့်ပြန်မည်မဟုတ်ကြောင်းနှင့် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို လိုက်နာမည်ဟု ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလ ၁၈ ရက်တွင် ယူကရိန်းနိုင်ငံအရှေ့ပိုင်း အရပ်ဘက်လက်နက်ကိုင်အဖွဲ့ တည်ထောင်ထားသည့် Donetsk People’s Republic အစိုးရရှိရာဒေသတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထို့နောက် လက်နက်ကိုင်အဖွဲ့က ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှု ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိခြင်းကြောင်း ကြေညာခဲ့ရာ ယင်းနေ့မှစပြီး ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက် ရုရှားသို့ ရွှေ့ပြောင်းခဲ့ကြကြောင်း သိရသည်။

ယူကရိန်းအရှေ့ပိုင်းဒေသမှ ဝင်ရောက်လာသည့် ဒုက္ခသည်များ ဆက်တိုက်များပြားလာခြင်းကြောင့် ရုရှားနိုင်ငံ တောင်ပိုင်းRostov Oblast ပြည်နယ်ကို အရေးပေါ်အခြေအနေအဖြစ် ယင်းပြည်နယ်အစိုးရက ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီလတွင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသတွင် ယူကရိန်းအစိုးရတပ်နှင့်အရပ်ဘက်လက်နက်ကိုင်များအကြား ပဋိပက္ခ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ နိုင်ငံတကာ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာနှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ဘီလာရုဇ် မြို့တော်မင့်စ်ခ်တွင် နှစ်ဖက်အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်။ ထို့နောက် ယူကရိန်းအရှေ့ပိုင်းဒေသ လက်နက်ကိုင်ပဋိပက္ခအကြီးအကျယ်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အသေးစား အပြန်အလှန်ပစ်ခတ်မှုများ တစ်ခါတစ်ရံ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………………..

(Chinese Version)
(国际)俄法领导人通电话 认为应通过外交途径解决乌克兰问题

2022-02-21 04:28:15 分类: 政治法律
新华社莫斯科2月20日电(记者黄河)俄罗斯总统普京20日应约与法国总统马克龙通电话,双方认为应通过外交途径解决乌克兰问题。

俄罗斯总统网站当天发布消息说,两国领导人在通话中对乌克兰东部地区接触线地带局势急剧恶化表示严重关切。双方认为,应在“诺曼底模式”下通过外交途径寻求解决方案,以实现停火并逐步化解冲突。

普京表示,乌东地区紧张局势升级的原因是乌政府军的挑衅行为。北约不断向乌克兰政府提供现代化武器弹药,推动乌采取军事手段。结果遭受苦难的是乌东地区平民,他们被迫向俄罗斯疏散,以躲避愈演愈烈的炮火袭击。普京批评乌方只是做出谈判姿态,并表示明斯克协议从未得到落实。

另据法国总统府20日发表的新闻公报,马克龙和普京在通话中坚定承诺,将采取一切有益行动,避免事态升级,降低风险,维护和平。双方同意优先通过外交途径解决当前危机,包括恢复“诺曼底模式”下的工作;推动乌克兰问题三方联络小组(乌克兰、俄罗斯、欧洲安全与合作组织)在未来数小时内举行会议,以达成停火承诺等。

公报说,马克龙还分别于19日和20日与乌克兰总统泽连斯基通电话,泽连斯基表示不会对挑衅行为作出回应并遵守停火协议。

本月18日,乌克兰东部民间武装自行成立的“顿涅茨克人民共和国”政府所在地发生爆炸。乌东民间武装随后宣布,因存在乌克兰发起军事行动的危险,自即日起向俄罗斯大规模集中疏散当地居民。俄南部罗斯托夫州政府19日宣布,由于从乌东地区涌入的难民数量持续增加,该州即日起进入紧急状态。

2014年4月,乌克兰东部顿巴斯地区爆发乌政府军和民间武装之间的大规模武装冲突。经国际社会斡旋,冲突双方分别于2014年9月和2015年2月在白俄罗斯首都明斯克达成停火协议。此后,乌东地区大规模武装冲突得到控制,但小规模交火事件时有发生。(参与记者:徐永春)(完)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.