Connect with us

Europe

ယူကရိန်းတွင် ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှုကို အစီအစဉ်အတိုင်း လုပ်ဆောင်နေကြာင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူးပြော

ယူကရိန်းနိုင်ငံ၊ ခါကိဗ်ရှိ အဆောက်အအုံတစ်လုံးတွင် မီးသတ်သမားတစ်ဦး တာဝန်ထမ်းဆောင်နေသည်ကို မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ယူကရိန်းတွင် ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှုများကို ယခင်အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေကြာင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် မတ် ၂၂ ရက်တွင် လူသားချင်းစာတာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများ ဆက်လက်ဖွင့်လှစ်ကာ ဒေသနေပြည်သူများအား ဘေးလွတ်ရာသို့ ဆက်လက်ရွှေ့ပြောင်းပေးနေကြောင်း သိရသည်။—— “ အထူးစစ်ဆင်ရေးဟာ ရက်အနည်းငယ်အချိန်သာ လိုအပ်မယ်လို့ အရင်ကတည်းက ဘယ်သူမှမယူဆခဲ့ပါဘူး၊ ဒါဟာ လေးနက်တဲ့ လှုပ်ရှားမှု တစ်ရပ်ဖြစ်ပြီး လေးနက်တဲ့ ရည်မှန်းချက်ရှိပါတယ်၊ ရုရှားရဲ့ စစ်ဆင်ရေးဟာ ယူကရိန်းကို သိမ်းပိုက်ဖို့မဟုတ်ပါဘူး” ဟု ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၂၂ ရက် CNN နှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားသည်။

—— ရုရှားသမ္မတ ဗလာတီမာပူတင်သည် ယူကရိန်းအခြေအနေနှင့် ပတ်သက်၍ မတ်၂၂ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး လက်ရှိလုပ်ဆောင်နေသည့် ရုရှား-ယူကရိန်း ဆွေးနွေးမှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

—— ယူကရိန်းသမ္မတ ဇယ်လန်းစကီးသည် မတ် ၂၂ ရက်တွင် အီတလီပါလီမန်သို့ ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့ပြီး ယူကရိန်းတွင် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရန် ရုရှားအား ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ရန်နှင့် ဖိအားများပိုမိုပေးရန် တောင်းဆိုခဲ့သည်။ အီတလီဝန်ကြီးချုပ် Mario Draghi က ယူကရိန်းအရေးတွင် ဘေးလွတ်ရာသို့ ခိုလှုံသူများအား ထောက်ပံ့မှုများပံ့ပိုးသွားမည်ဟု ကတိပေးခဲ့ပြီး ဥရောပသမဂ္ဂသို့ ယူကရိန်းဝင်ရောက်ရန် အီတလီမှ ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။

—— တူရကီနိုင်ငံသမ္မတ အာဒိုဂန်သည် မတ် ၂၂ ရက်တွင် တူရကီသို့ အလည်အပတ်ရောက်ရှိနေသည့် နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutt နှင့် အန်ကာရာတွင် တွေ့ဆုံခဲ့သည်။ သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုများသာ ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းနှင့် တူရကီသည် “စေတနာမှန်မှန်ကြိုးပမ်းမှု”ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တူရကီသည် ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ညှိနှိုင်းသူအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး နယ်သာလန်သည် တူရကီ၏ ကြားဝင်ညှိနှိုင်းပေးမှု အခန်းကဏ္ဍကို ထောက်ခံကြောင်း Rutt က ပြောကြားခဲ့သည်။

—— ရုရှားသည် မတ် ၂၂ ရက် ည ၁၀ နာရီမှစ၍ ကိဗ်၊ ချာနီဟစ်ဗ်၊ ဆူးမီနှင့် ခါကိဗ် စသည့်ဒေသများတွင် ရုရှားနှင့် ယူကရိန်းအခြားနေရာသို့ သွားရောက်နိုင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရုရှားအမျိုးသား ကာကွယ်ရေးကွပ်ကဲမှုဌာန အကြီးအကဲ Mikhail Mizantsevက မတ် ၂၂ ရက်က ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားက ယူကရိန်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ၄,၃၄၅ တန် ပေးပို့ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု ၅၃၆ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း Mizantsev က ပြောကြားခဲ့သည်။

___ ယူကရိန်းသမ္မတရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး Kyrylo Tymoshenko က ယူကရိန်းသည် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းမှ ယူကရိန်းပြည်သူ ၂၁၁,၀၀၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ပြီး ၎င်းတို့အနက် ၃၂,၀၀၀ ခန့်သည် မရီဥပိုလ်သို့ သွားရောက်ခဲ့ကြောင်း မတ် ၂၂ ရက်တွင်ပြောကြားခဲ့သည်။ ယင်းနေ့တွင် အရပ်သား စုစုပေါင်း ၅,၉၂၆ ဦးသည် မရီဥပိုလ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

——ရုရှားသည် မတ် ၂၂ ရက်တွင် ပစ်မှတ်တိကျသော တာဝေးပစ်ဒုံးကျည်များဖြင့် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၈၃ ခုနှင့် ဒရုန်း ၆ စင်း ကိုဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က ပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ရုရှားအထူးစစ်ရေးလှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်က ယူကရိန်းဒရုန်း ၂၃၆ စင်း၊ လေကြောင်းကာကွယ်ရေးစနစ် ၁၈၅ စုံ၊ တင့်ကားနှင့် အခြားသံချပ်ကာကား ၁၅၄၇ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၁၅၄ လက်၊ အမြောက်နှင့် စိန်ပြောင်း ၆၁၂ ခု၊ အထူးစစ်ယာဉ် ၁၃၄၃ စီး တို့ကို ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

——ရုရှားစစ်တပ်သည် မတ် ၂၂ ရက်တွင် ကိဗ်၊ Zhitomir၊၊ ခါကိဗ်၊ ချာနီဟစ်ဗ်နှင့် Donetsk ဒေသများရှိ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒုံးကျည်နှင့် ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ် စစ်ဦးစီချုပ်ရုံး၏ သတင်းဖော်ပြချက်အရ သိရသည်။ ရုရှားတပ်ဖွဲ့ဝင်များက မတ် ၂၁ ရက် ညပိုင်းတွင် Nikolayev ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ရာ ဆိပ်ကမ်းအခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း ယူကရိန်းပင်လယ်ဆိပ်ကမ်းကြီးကြပ်ရေးဌာနက မတ် ၂၂ ရက်တွင် လူမှုကွန်ယက်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
(乌克兰局势)最新动态:俄总统新闻秘书称俄在乌特别军事行动正按计划进行 俄乌继续开放多条人道主义通道疏散民众
2022-03-23 08:34:39 分类: 政治法律
新华社纽约3月22日电综合新华社驻外记者报道:俄罗斯总统新闻秘书佩斯科夫22日表示,俄罗斯在乌克兰的特别军事行动正在按照事先确定的任务和计划进行。俄乌双方22日继续开放多条人道主义通道疏散民众。
——据塔斯社报道,俄罗斯总统新闻秘书佩斯科夫22日接受美国有线电视新闻网采访时表示,从一开始就没有人认为特别军事行动只需要几天时间,“这是一次严肃的行动,有着严肃的目标”,而占领乌克兰并不是俄方行动的目标。
——据克里姆林宫网站消息,俄罗斯总统普京22日应约同法国总统马克龙通电话,继续讨论乌克兰局势,并就正在进行的俄乌谈判交换意见。
——乌克兰总统泽连斯基22日以视频方式对意大利议会发表演讲,呼吁对俄罗斯加大制裁力度、施加更多压力,以尽快在乌克兰实现和平。意大利总理德拉吉承诺将继续向乌克兰避难者提供支持,并表示意大利支持乌克兰加入欧盟。
——土耳其总统埃尔多安22日在安卡拉会见到访的荷兰首相吕特。埃尔多安在随后举行的联合记者会上表示,外交谈判是解决俄乌冲突的唯一出路,土耳其将继续进行“真诚的努力”。吕特表示,土耳其在调解俄乌冲突中一直扮演“关键角色”,荷兰支持土耳其发挥调解作用。
——据俄罗斯国防部官网通报,俄国家防御指挥中心负责人米津采夫22日晚在吹风会上表示,22日10时起,俄方继续在基辅、切尔尼戈夫、苏梅和哈尔科夫开放通往俄罗斯以及乌克兰其他地区的人道主义通道。乌方则开放了多条通往扎波罗热的人道主义通道。米津采夫同时表示,俄方已向乌克兰运送人道主义物资4345吨,开展人道主义行动536次。
——据乌克兰国家通讯社消息,乌总统办公室副主任季莫申科22日说,乌方已通过人道主义通道疏散乌克兰民众21.1万人,其中疏散马里乌波尔民众3.2万人。乌克兰副总理韦列修克22日在新闻发布会上表示,当天有5926名居民驾驶私家车通过人道主义通道撤离马里乌波尔。
——据俄罗斯国防部网站消息,俄国防部发言人科纳申科夫22日通报说,俄军当天使用远程高精度武器继续打击乌克兰军事设施,共打击了乌克兰83个军事目标,并击落6架无人机。自俄罗斯开展特别军事行动以来,俄军已摧毁乌方236架无人机、185套防空导弹系统、1547辆坦克和其他装甲车辆、154台多管火箭炮、612门野战火炮和迫击炮、1343辆特种军用车辆。
——据乌克兰武装部队总参谋部消息,俄罗斯军队22日对基辅州、日托米尔州、哈尔科夫州、切尔尼戈夫州和顿涅茨克地区的军用和民用设施进行了导弹和炸弹攻击。乌克兰海港管理局22日在社交媒体上发文说,尼古拉耶夫港21日晚遭到俄军袭击,港口基础设施遭到严重破坏。(参与记者:黄河、李东旭、李铭、熊思浩、贺飞)(完)