Connect with us

Europe

ပူတင်နှင့် နိုင်ငံအများအပြားမှ ခေါင်းဆောင်များ ယူကရိန်းအရေး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ပြုလုပ်သော နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် နိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့် ဖုန်းဖြင့်ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတရုံး ဝက်ဘ်ဆိုဒ်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဆက်သွယ်ခဲ့ပြီး နှစ်ဖက်စလုံးမှ ယူကရိန်းပတ်ဝန်းကျင်အခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့သည်။ ပူတင်က ရုရှားအနေဖြင့် Donbass ဒေသတွင် အထူးစစ်ဆင်ရေး လုပ်ဆောင်ရခြင်း၏ အကြောင်းရင်များနှင့် သက်ဆိုင်ရာအခြေအနေများကို မက်ခရွန်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်အနေဖြင့် ဆက်သွယ်ဆွေးနွေးမှုများ ဆက်လက်ထားရှိရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ထို့ပြင် ပူတင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့လည်း ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း သိရသည်။ Donbass ဒေသရှိ အရပ်သားများအပေါ် ယူကရိန်းအစိုးရမှ လုပ်ဆောင်သည့် ကျူးကျော်မှုနှင့် မင့်ခ်သဘောတူညီချက်အပေါ် ဆိုးဝါးသော မူဝါဒများ လုပ်ဆောင်ခြင်းကို ရုရှားဘက်မှ မှတ်ချက်ပေးမှုကို ပူတင်က ရှင်းလင်းပြောကြားခဲ့သည်။ အထက်ပါအကြောင်းအရင်းအပြင် အမေရိကန်နှင့် ၎င်း၏ နေတိုး (NATO) မဟာမိတ်များက ယူကရိန်းနယ်မြေတွင် စစ်ရေးအရ ထားရှိမှုများကို ရုရှားက လက်မခံနိုင်သောကြောင့် ရုရှားမှ အထူးစစ်ဆင်ရေးစတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပူတင်က ဆိုသည်။ မိုဒီက ယူကရိန်းရှိ အိန္ဒိယနိုင်ငံသားများ လုံခြုံစေရန် ရုရှားဘက်မှ ကူညီပေးပါရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) အစောပိုင်းတွင် ပူတင်က အီရန်သမ္မတ ရိုင်စီနှင့်လည်း ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ပူတင်က ယူကရိန်းပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုများကို ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။ အမေရိကန်နှင့် နေတိုးတို့၏ အဖျက်သဘောဆောင်သော လှုပ်ရှားမှုအောက်တွင် ရုရှားဘက်မှ လုံခြုံရေးစိုးရိမ်မှုများကို နားလည်ပါကြောင်း ရိုင်စီက ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့က အီရန်နျူကလီးယားအရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)
(国际)普京与多国领导人通电话讨论乌克兰局势
2022-02-25 10:10:22 分类: 其他
新华社莫斯科2月25日电(记者黄河)据俄罗斯总统网站发布的通报,俄总统普京24日同多位外国领导人通电话,讨论乌克兰局势。
普京24日应约与法国总统马克龙通电话,双方就乌克兰周边局势交换意见。通报称,普京向马克龙“详尽解释”了俄方决定在顿巴斯地区进行特别军事行动的原因和有关情况。两国领导人同意继续保持联系。
此外,普京与印度总理莫迪通电话。通报说,普京概述了俄方有关乌克兰政府对顿巴斯地区平民采取侵略行动和对明斯克协议实行破坏性政策的评价。普京表示,鉴于这种情况,同时考虑到美国及其北约盟友在乌克兰领土上发展军事存在是俄无法接受的,俄方决定发起一次特别军事行动。通报称,莫迪请俄方协助确保目前在乌印度公民的安全。
当天早些时候,普京应约与伊朗总统莱希通电话。普京通报了乌克兰周边局势的发展。通报称,莱希对俄罗斯在美国和北约采取破坏稳定行动背景下表现出的安全担忧表示理解。双方还就伊朗核问题进行了讨论。(完)
图说-新华社照片,莫斯科,2021年12月23日俄罗斯总统普京在莫斯科召开年度记者会。新华社发(叶甫盖尼·西尼岑摄)