Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ် Pasaman Barat ခရိုင်တွင် အင်အား ၆.၂ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသော နေအိမ်တစ်လုံးအား ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Indonesia's Meteorology, Climatology and Geophysics Agency/Handout via Xinhua)

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အနောက်ဆူမတြားပြည်နယ်တွင် ဖေဖော်ဝါရီ ၂၅ ရက်၌ အင်အား ၆.၂ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး အခြားသူ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အနောက်ဆူမတြားပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လျော့ပါးရေးဌာန အကြီးအကဲ Jumaidi က ငလျင်ကြောင့် အဆောက်အဦများနှင့် နေအိမ်များ ပျက်စီးသွားခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“လူနှစ်ဦးသေဆုံးပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့တဲ့ အချက်အလက်တွေ ကျွန်တော်တို့ ရရှိထားပါတယ်။ ငလျင်အန္တရာယ်ကို ကျွန်တော်တို့ အကဲဖြတ်နေတုန်းပါပဲ” ဟု Jumaidi က ပြောခဲ့သည်။ (Xinhua)

…………………………………………
(English Version)

1st LD Writethru: Strong quake kills at least 2 in western Indonesia
JAKARTA, Feb. 25 (Xinhua) — At least two persons were killed and dozens of others wounded as a 6.2-magnitude quake hit Indonesia’s western province of West Sumatra on Friday, an official said.
Head of the Operation Unit of Disaster Management and Mitigation Agency of West Sumatra Province Jumaidi told Xinhua by phone that the quake also destroyed buildings and houses.
“So far we have the figure that two people died and many others got injuries. We are still assessing the risks of the quake,” said Jumaidi. Enditem
Photo : WEST SUMATRA, Feb. 25, 2022 (Xinhua) — Photo taken with mobile phone shows a damaged house after a 6.2-magnitude earthquake at Pasaman Barat district in West Sumatra, Indonesia, Feb. 25, 2022. At least two persons were killed and dozens of others wounded as a 6.2-magnitude quake hit Indonesia’s western province of West Sumatra on Friday, an official said. (Indonesia’s Meteorology, Climatology and Geophysics Agency/Handout via Xinhua)