Connect with us

Europe

(ယူကရိန်းအခြေအနေ အချိန်နှင့်တစ်ပြေးညီ ဖြစ်စဉ်များ) ရုရှား-ယူကရိန်း တွေ့ဆုံဆွေးနွေးရန် သဘောတူ၊ ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်ဟု ရုရှား ဆို

ပိုလန်-ယူကရိန်းနယ်စပ် ပိုလန်နိုင်ငံ Przemyślရှိ ယူကရိန်းဒုက္ခသည်များ ယာယီစခန်းတစ်ခုအား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ယူကရိန်းနှင့်ရုရှား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ တွင် ရုရှား၌လိုအပ်သည့်အရင်းအမြစ်များပိုင်ဆိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင်၊ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းများ လည်ပတ်မှု အာမခံရှိစေအောင် ဆောင်ရွက်၍ ရကြောင်း ဆိုသည်။__ ယူကရိန်းမှ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲကို Pripyatမြစ်အနီး ဘီလာရုဇ်နှင့်ယူကရိန်းနယ်စပ်ဒေသတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရုရှား သမ္မတရုံး ပြန်ကြားရေးအတွင်းရေးမှူး Dmitry Peskovက ယူကရိန်းဘက်က ဘီလာရုဇ်နိုင်ငံ Gomelပြည်နယ်တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူပါက ထို့အတွက် ရုရှားက အသင့်ပြင်ထားပြီးဖြစ်ကြောင်း ယင်းနေ့အစောပိုင်းတွင် မီဒီယာများကို ပြောကြားခဲ့သည်။

ပိုလန်-ယူကရိန်းနယ်စပ် ပိုလန်နိုင်ငံ Przemyślရှိ ယူကရိန်းဒုက္ခသည်များ ယာယီစခန်းတစ်ခုအား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

__ ရုရှားဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ရုရှား၌ လိုအပ်သည့်အရင်းအမြစ်များ ပိုင်ဆိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင်၊ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းများ လည်ပတ်မှု အာမခံရှိစေအောင် ဆောင်ရွက်၍ ရကြောင်း ဆိုသည်။ ရုရှားဘက်က ဘဏ်အသီးသီး၏ရူဘယ်ငွေသားနှင့်ငွေသားမဟုတ်သော စီးဆင်းမှုကို အာမခံမည် ဖြစ်ကြောင်း၊ ရုရှားဘဏ်စနစ် တည်ငြိမ်ပြီး လုံလောက်သည့်အရင်းအနှီးနှင့်စီးဆင်းမှုရှိရာ ပြည်တွင်း ဘဏ်အားလုံးလက်ရှိတွင် ပုံမှန် လည်ပတ်နေကြောင်း ၊ ထို့အပြင် ပြည်တွင်း ဘဏ္ဍာရေးအချက်အလက်ပေးပို့သည့်စနစ်(SPFS)ကို အသုံးပြုပြီး သက်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပိုလန်-ယူကရိန်းနယ်စပ် ပိုလန်နိုင်ငံ Przemyślရှိ ယူကရိန်းဒုက္ခသည်များ ယာယီစခန်းတစ်ခုအား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

__ ရုရှားစစ်တပ် မဟာဗျူဟာ ဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားဖြင့် တပ်လှန့်ထားရန် ရုရှား သမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် အမိန့်ချခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပူတင်က ယင်းနေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ၊ စစ်ဦးစီးချုပ် Valery Gerasimov တို့နှင့် တွေ့ဆုံခဲ့ပြီး” “အဓိက နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ အဆင့်မြင့်အရာရှိတွေ ဟာ ကျွန်ုပ်တို့နိုင်ငံကို ကျူးကျော်လိုတဲ့ ပြောကြားမှုတွေကြောင့် ရုရှားစစ်တပ်ရှိဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားဖို့ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်ကို အမိန့်ပေးတာ ဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

ပိုလန်-ယူကရိန်းနယ်စပ် ပိုလန်နိုင်ငံ Przemyślရှိ ယူကရိန်းဒုက္ခသည်များ ယာယီစခန်းတစ်ခုအား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

__ ယူကရိန်းတပ်များက ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် ကိဗ်မြို့အတွင်း ရှိ“ရန်သူအဖွဲ့”နှင့် အပြန်အလှန် ပစ်ခတ်မှု ကြိမ်ဖန်များစွာ ရှိခဲ့ကြောင်း ယူကရိန်း မြို့တော်ကိဗ်၏ ပထမ ဒု-မြို့တော်ဝန်က Mykola Povoroznykက ဖေဖော်ဝါရီ ၂၇ ရက် လူမှုကွန်ရက် မီဒီယာတွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်း ကိဗ်မြို့၏အခြေအနေ တည်ငြိမ်ခဲ့ပြီး ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိနေကြာင်းဆိုသည်။

အခြားသတင်းဖော်ပြချက်များအရ ကိဗ်မြို့ ရှိ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်း စီမံရေးနေရာတစ်ခုသည် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ရုရှား အမြောက်ကျည်ဆံထိမှန်ခဲ့ကြောင်း၊ ကနဦးသုံးသပ်ချက်များအရ အနီးရှိနေထိုင်သူများ၏ လုံခြုံရေးကို လတ်တလော အန္တရာယ်မဖြစ်စေကြောင်း သိရသည်။

ပိုလန်-ယူကရိန်းနယ်စပ် ပိုလန်နိုင်ငံ Przemyślရှိ ယူကရိန်းဒုက္ခသည်များ ယာယီစခန်းတစ်ခုအား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

__ ဖေဖော်ဝါရီ ၂၆ ရက်အထိဆိုလျှင် ယူကရိန်းတပ်က ရုရှားဘက်က စစ်သား ၄,၃၀၀ ကျော်၊ စစ်လေယာဉ် ၂၇ စီး၊ ရဟတ်ယာဉ် ၂၆ စီး၊ မောင်းသူမဲ့ဒရုန်းယာဉ် ၂ စီး၊ တင့်ကား ၁၄၆ စီး၊ သံချပ်ကာယာဉ် ၇၀၆ စီးကို ရှင်းလင်းဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး ဒုတိယဝန်ကြီး Hanna Maliar၏ ဖေဖော်ဝါရီ ၂၇ ရက် ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းအမျိုးသားသတင်းအေဂျင်စီ(Ukrinform)က ဖော်ပြခဲ့သည်။

__ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယား၊ စလိုဗေးနီးယား နိုင်ငံများ၏”ချစ်ကြည်ရင်းနှီးမှုကင်းမဲ့သည့် ဆုံးဖြတ်ချက်”ကြောင့် ရုရှားသည် ယင်းနိုင်ငံများ၏ လေကြောင်းကုမ္ပဏီနှင့် ပြည်တွင်းတွင် မှတ်ပုံတင်ထားသည့် လေကြောင်းကုမ္ပဏီများ၏ လေယာဉ် ရုရှား သို့မဟုတ် ရုရှားနိုင်ငံသို့ ဖြတ်သန်းပျံသန်းမှုများကို ကန့်သတ်သွားမည် ဖြစ်သည်ဟု ရုရှား ဖက်ဒရေးရှင်း လေကြောင်းပို့ဆောင်ရေးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း ယနေ့ရုရှား(Rossiya Segodnya)သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

__ ရက်ဆက် ယူကရိန်း စစ်မီးလောင်ကျွမ်းမှုများကြောင့် လူပေါင်း ၁၆၀,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲပြီး ၎င်းတို့အနက် နယ်စပ်ဖြတ်ကျော်၍ ဥရောပအိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခိုလုံသူ ၁၁၆,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး(OCHA)က ဖေဖော်ဝါရီ ၂၇ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အကယ်၍ အခြေအနေထိန်းမနိုင် သိမ်းမရ ဖြစ်ပါက ယူကရိန်းဒုက္ခသည်အရေအတွက် ၅ သန်းကျော် ရှိလာနိုင်ကြောင်း ဆိုသည်။ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်း ၄ နာရီမှ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၅ နာရီအထိ ပစ်ခတ်မှုများကြောင့် သေဆုံးဒဏ်ရာရသည့် အရပ်သား အနည်းဆုံး ၂၄၀ ရှိပြီး ၎င်းတို့အနက် သေဆုံးသူ အနည်းဆုံး ၆၄ ဦး ရှိကြောင်း ၊ စစ်ရေးလှုပ်ရှားမှုဒေသများတွင် လူပေါင်း သိန်းနှင့်ချီ ရေနှင့်လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပွားလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

__ ရုရှားသမ္မတ ပူတင်သည် ချိန်းဆိုချက်အရ ဖေဖော်ဝါရီ ၂၇ ရက်က အစ္စရေး ဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက် နှင့် ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်ဝဘ်ဆိုက်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဆက်သွယ်ဆွေးနွေးရာတွင် ပူတင်က ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ရသည့် ဖြစ်စဉ်ကို ပြောကြားခဲ့ပြီး အစ္စရေးဘက်က စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် ကြိုးပမ်းညှိနှိုင်းပေးလိုကြောင်း ပြောကြားခဲ့သည်။

__ ဘယ်လ်ဂျီယမ်နိုင်ငံက ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရိုငွေ ၃ သန်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း ဘယ်လ်ဂျီယမ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီး Meryame Kitirက ဖေဖော်ဝါရီ ၂၇ ရက် လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် ကြေညာခဲ့သည်။ စစ်ကြောင့် ထိခိုက်နစ်နာသူများနှင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် လူဦးရေသည် နေ့စဉ်နှင့်အမျှတိုးလာရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဖိအားများ ပို၍ထပ်တိုးလာကြောင်း ၎င်းက ဆိုသည်။ (Xinhua)

—————————

(Chinese Version)

(乌克兰局势)最新动态:俄乌同意进行和平谈判 俄表示可以维持金融稳定

2022-02-27 23:53:18 分类: 政治法律
新华社北京2月27日电综合新华社驻外记者报道:乌克兰和俄罗斯方面27日都表示,双方将进行和平谈判。俄罗斯中央银行27日发表声明说,俄方拥有必要资源,可以维持金融稳定,保障金融领域业务运转。
——乌克兰总统办公室27日发布消息说,乌克兰将派代表团同俄罗斯进行和平谈判,谈判将在普里皮亚季河附近的白俄罗斯和乌克兰边境地区进行。俄罗斯总统新闻秘书佩斯科夫当天早些时候对媒体说,乌克兰方面同意在白俄罗斯戈梅利州同俄方举行谈判,俄方对此已做好准备。

——俄罗斯中央银行27日发表声明说,俄方拥有必要资源,可以维持金融稳定,保障金融领域业务运转。俄方将保障各银行的卢布现金与非现金流通。俄银行系统稳定,拥有足够资本与流动性,俄境内所有银行目前运转正常。此外,俄方将使用本土版金融信息传输系统(SPFS)完成相关业务。

——据克里姆林宫网站消息,俄罗斯总统普京27日下令将俄军威慑力量调至特殊战备状态。普京当天在会见俄国防部长绍伊古和俄军总参谋长格拉西莫夫时说:“由于主要北约国家的高级官员对我国发表侵略性言论,我命令国防部长和总参谋长将俄军的威慑力量调整至特殊战备状态。”

——乌克兰首都基辅第一副市长波沃罗兹尼克27日在社交媒体上说,乌克兰军队26日夜间与进入基辅市区的“敌方团伙”发生数次交火。27日早上,基辅局势平静,完全在乌军队控制之下。另据报道,基辅的一处放射性废料处理场27日凌晨被俄方炮弹击中,初步评估显示暂不会威胁到附近居民安全。

——据乌克兰国家通讯社报道,乌国防部副部长马利亚尔27日说,截至26日,乌克兰军队击毙俄罗斯军人4300余人,击落俄军飞机27架、直升机26架、无人机2架,击毁俄军坦克146辆、装甲车706辆。

——今日俄罗斯通讯社27日报道,俄罗斯联邦航空运输局在声明中说,鉴于拉脱维亚、立陶宛、爱沙尼亚和斯洛文尼亚做出的“不友好决定”,俄方将对上述国家航空公司及在其境内注册航空公司航班飞往俄罗斯和过境俄罗斯采取限制措施。

——联合国人道主义事务协调厅27日发布报告说,连日来,乌克兰战火已使16万人流离失所,其中超过11.6万人越过边界逃往欧洲邻国。如果局势失控,乌克兰难民人数可能多达500万人。报告说,当地时间2月24日凌晨4时至26日下午5时,至少有240名平民在炮火中伤亡,其中至少64人死亡。报告还显示,军事行动区已经有数十万人断水断电。

——克里姆林宫网站27日发表声明说,俄罗斯总统普京27日应约与以色列总理贝内特通电话讨论乌克兰局势。普京在通话中向以方通报了俄方特别军事行动进程。以方表示愿就暂停军事行动提供调停努力。
——比利时发展合作大臣基蒂尔27日通过社交媒体宣布,比利时将向乌克兰提供300万欧元人道主义援助。她表示,战争受害者和流离失所的人数每天都在增加,人道主义援助压力与日俱增。(参与记者:李东旭、王晓梅、耿鹏宇、李奥、李铭、聂晓阳)(完)

图说:(直击波乌边境)这是2月26日在波兰普热梅希尔拍摄的一处乌克兰人临时安置点。