Connect with us

Europe

ရုရှားနှင့် ပြင်သစ်သမ္မတတို့ ယူကရိန်းအရေး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

ပြင်သစ်သမ္မတ မက်ခရွန်နှင့် ရုရှားသမ္မတ ဗလာတီမာပူတင်တို့ ဒီဇင်ဘာ ၉ ရက်တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ကျင်းပသော နော်မန်ဒီပုံစံ (Normandy format) လေးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာတီမာပူတင်သည် မတ် ၂၉ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ နှစ်ဖက်စလုံးမှ ထိုနေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့သည့် ရုရှား-ယူကရိန်း အသစ်တစ်ကြိမ် ဆွေးနွေးမှုအပါအဝင် ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။ကရင်မလင် နန်းတော်ဝက်ဘ်ဆိုဒ် သတင်းအရ ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် နှစ်ဖက်စလုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထားဆွေးနွေးကြောင်း သိရသည်။ ပူတင်က ရုရှားစစ်တပ်မှ အရပ်သားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်အတွက် ထောက်ပံ့ပေးသော အရေးပေါ်လူသားချင်းစာနာထောက်ထားမှု စီမံဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ရုရှားက ဥရောပသမဂ္ဂနိုင်ငံများအပါအဝင် အချို့နိုင်ငံများသို့ သဘာဝဓာတ်ငွေ့ ရောင်းချသည့်အခါ ရူဘယ်နှင့် ပြောင်းလဲတွက်ချက်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးက ဆက်သွယ်မှုများ ဆက်လက်ထားရှိရန် သဘောတူခဲ့ကြောင်း သိရသည်။

ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် မက်ခရွန်က ယူကရိန်းအရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ မာရီယူပိုးလ်ရှိ နေထိုင်သူများကို ရွှေ့ပြောင်းပေးရန် ပူတင်အားပြောကြားပြီး ရုရှားဘက်မှ ယင်းအပေါ် ထည့်သွင်းစဉ်းစားမှုပြုလုပ်ပြီးမှသာလျှင် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ဟု ပြင်သစ်သမ္မတအိမ်တော်ထုတ်ပြန်ချက်ကို ကိုးကား၍ ပြင်သစ်မီဒီယာက မတ် ၂၉ ရက်တွင် သတင်းဖော်ပြထားသည်။ (Xinhua)

…………………………………………
(Chinese Version)

俄法总统通电话讨论乌克兰局势
新华社莫斯科3月29日电(记者耿鹏宇)俄罗斯总统普京29日与法国总统马克龙通电话,双方继续就乌克兰局势交换意见,其中包括当天在土耳其伊斯坦布尔结束的俄乌代表团新一轮谈判。

据克里姆林宫网站消息,双方在通话中特别关注人道主义问题。普京详细介绍俄军为提供紧急人道主义援助和确保平民安全撤离所采取的措施。双方还谈到俄方决定向包括欧盟国家在内的一些国家供应天然气时改用卢布结算的有关问题。双方一致同意继续保持联系。

另据法国媒体29日援引法国总统府的消息,马克龙在通话中向普京提出撤离乌克兰东南部港口城市马里乌波尔的居民,俄方表示将对此“予以考虑”后再做回应。(完)

12月9日,在法国巴黎,法国总统马克龙(右)和俄罗斯总统普京出席“诺曼底模式”四国峰会。(新华社记者高静摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.