Connect with us

Europe

ရုရှားနိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် ဘောလ်တစ်နိုင်ငံများ၏ သံတမန် ၁၀ ဦးကို နှင်ထုတ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံအနီး သွားလာနေသူများအား မတ် ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက ဆတူလက်တုံ့ပြန်သည့်အနေဖြင့် ဘောလ်တစ်နိုင်ငံ သုံးနိုင်ငံမှ သံတမန် စုစုပေါင်း ၁၀ ဦးကို နှင်ထုတ်လိုက်ကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက လတ်ဗီးယား ၊ လစ်သူယေးနီးယား နှင့် အက်စ်တိုးနီးယား နိုင်ငံတို့မှ သံအမတ်များအား ဆင့်ခေါ်ခဲ့ပြီး ရုရှားသံတမန်များအား နှင်ထုတ်ခြင်းကို “ တမင်တကာ ၊ တရားနည်းလမ်းမကျ” လုပ်ဆောင်ချက်ဟု ဆိုကာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

လစ်သူယေးနီးယားနိုင်ငံမှ သံတမန် ၄ ဦး ၊ လတ်ဗီးယားနိုင်ငံမှ သံတမန် ၃ ဦး နှင့် အက်စ်တိုးနီးယားနိုင်ငံမှ သံတမန် ၃ ဦးတို့ကို အပြန်အလှန် စည်မျဉ်းစည်းကမ်းအပေါ်တွင် အခြေခံ၍ ရုရှားနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မတ် ၁၈ ရက်တွင် ဘောလ်တစ်နိုင်ငံများသည် ယူကရိန်းနိုင်ငံ၌ ဖြစ်ပွားနေဆဲ တိုက်ခိုက်မှုများကို ထည့်သွင်းစဉ်းစားခြင်း နှင့် ၎င်းတို့၏ သံတမန်ရေးရာအဆင့်အတန်းကို ဆန့်ကျင်သည့် လှုပ်ရှားမှုများနှင့်ဆက်စပ်၍ ရုရှားသံတမန် စုစုပေါင်း ၁၀ ဦးအား ညှိနှိုင်းဆောင်ရွက်သည့် နည်းလမ်းတစ်ခုဖြင့် နှင်ထုတ်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)

Russia expels 10 diplomats of Baltic states in retaliation

MOSCOW, March 29 (Xinhua) — Russia said Tuesday that it is expelling a combined number of 10 diplomats of the three Baltic states in tit-for-tat retaliation.

The Russian Foreign Ministry summoned the ambassadors of Latvia, Lithuania and Estonia and strongly protested “the provocative, unjustified” expulsion of Russian diplomats, the ministry said in a statement.

Four diplomats of Lithuania, three of Latvia and three of Estonia were ordered to leave Russia based on the principle of reciprocity, it said.
On March 18, the Baltic nations in a coordinated way expelled a total of 10 Russian diplomats “in connection with activities that are contrary to their diplomatic status and taking into account ongoing Russian aggression in Ukraine.” Enditem

Photo – People walk near the building of the Russian Foreign Ministry in Moscow March 28, 2022. North Macedonia has declared five Russian diplomats as personae non grata, the country’s Ministry of Foreign Affairs said on Monday. (Xinhua/Bai Xueqi)