Connect with us

Politics, Law & Military

ယူကရိန်း အကျပ်အတည်းကို အစပြုသူက သူတစ်ပါးအားအပြစ်ပုံချမည့်အစား တာဝန်ယူသင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ရှင်းလင်းပြောကြားနေသည်ကို မတ် ၃ ရက်က တွေ့ရစဉ်(Photo from the Foreign Ministry website)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍ အနောက်တိုင်းမီဒီယာမှ တရုတ်နိုင်ငံနှင့် ဆက်စပ်ရေးသားဖော်ပြထားသည့် သတင်းအချက်အလက်များသည် အတုအယောင်ချည်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်းကို အစပြုသူများအနေဖြင့် ယူကရိန်းအကျပ်အတည်းအတွင်း မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သေချာဝေဖန်ဆန်းစစ်ရန် မျှော်လင့်ပြီး သူတစ်ပါးအားအပြစ်ပုံချမည့်အစား တာဝန်ယူသင့်ကြောင်း ၎င်းက ဆိုသည်။ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲကာလအတွင်း ယူကရိန်းကို မကျူးကျော်ဖို့ တရုတ်အကြီးတန်းအရာရှိက ရုရှားကို သတိပေးခဲ့သည်ဟု အနောက်တိုင်းထောက်လှမ်းရေး‌ အေဂျင်စီ၏ ဖော်ပြချက်ကို The New York Times က ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ တရုတ်သည် ရုရှား၏ စစ်ဆင်ရေးအစီအစဉ်ကို အတိုင်းအတာတစ်ခုအထိ သိရှိထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုအချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသလဲ” ဟုမေးမြန်းခဲ့သည်။

The New York Times မှ ဖော်ပြချက်သည် သတင်းအတုအယောင်များသာဖြစ်ပြီး ၎င်းတို့၏ အာရုံလွှဲပြီး သူတစ်ပါးအပေါ်အပြစ်ပုံချမှု မှတ်ချက်မျိုးသည် အလွန်စက်ဆုပ်ဖွယ်ကောင်းကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။ “ယူကရိန်းအရေးဟာ လက်ရှိအခြေအနေအထိ ဘယ်လိုပြောင်းလဲလာခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းက အလွန်ရှင်းပါတယ်။ ယူကရိန်းအရေးအစပြုတဲ့ အဓိကအချက်ကို ကျွန်တော်တို့အားလုံး သိနားလည်ပါတယ်”ဟု ၎င်းကဆိုသည်။

နေတိုးက ရုရှားအပေါ်ဆက်လက်ချဲ့ထွင်နေခြင်းက အမေရိကန် မူဝါဒ၏ အဆိပ်အတောက်တစ်ခုဖြစ်သည်ဟု ဆိုဗီယက်ယူနီယံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း George Frost Kennan က ၁၉၉၀ ပြည့်လွန်နှစ်များက အမေရိကန်အစိုးရအား အကြံပြုခဲ့သော်လည်း အမေရိကန်အစိုးရက လျစ်လျူရှုခဲ့သည်။ အမေရိကန်သည် နေတိုးက အရှေ့ဘက်သို့တိုးချဲ့ခြင်းနှင့် ပတ်သက်၍ မှားယွင်းသော မူဝါဒချမှတ်ခဲ့ခြင်းကြောင့် ရုရှားနှင့် ဆက်ဆံရေး တင်းမားလာခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်အစိုးရက ၎င်းနှင့်ပတ်သက်၍ တာဝန်ကြီးကြောင်း အမေရိကန်၏ လူသိများသော နိုင်ငံတကာရေးရာပညာရှင် Thomas Loren Friedman က မကြာသေးမီထုတ်ပြန်သော ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။ အမေရိကန်သမ္မတ ဘိုင်ဒန်သည် ယူကရိန်းအား နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံမည်မဟုတ်ဟု အာမခံချက်ပေးကာ အဆိုပါ အကျပ်အတည်းကို အဆုံးသတ်နိုင်ကြောင်းနှင့် စစ်ပွဲဖြစ်ပွားမှုကို တားဆီးနိုင်သော်လည်း ၎င်းတို့က ထိုကဲ့သို့ ဖြေရှင်းခဲ့ခြင်းမရှိပေဟု အမေရိကန်လွှတ်တော်အမတ်ဟောင်း Tulsi Gabbard က ပြောကြားခဲ့ကြောင်း ဝမ်ဝန်ပင်းက ဆိုသည်။

ပြဿနာကို အစပြုသူက ထိုကိစ္စရပ်များကို ဖြေရှင်းရန်လိုအပ်ကြောင်း၊ ထို့ပြင် ယူကရိန်း အကျပ်အတည်းကို အစပြုသူများက ၎င်းတို့အနေဖြင့် ယူကရိန်းအကျပ်အတည်းအတွင်း မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သေချာဝေဖန်ဆန်းစစ်ရန် မျှော်လင့်ပြီး သူတစ်ပါးအားအပြစ်ပုံချမည့်အစား တာဝန်ဝတ္တရားကို ထမ်းဆောင်ကာ လက်တွေ့ကျသော လုပ်ဆောင်မှုများဖြင့် အခြေအနေ တင်းမာမှုကို ဖြေလျော့စေရန် ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

………………………………………………

(Chinese Version)

外交部:乌克兰危机始作俑者应承担应尽责任而非嫁祸于人
2022-03-03 20:43:20 分类: 政治法律
新华社北京3月3日电(记者成欣)就西方媒体针对乌克兰问题发表报道中的有关涉华内容,外交部发言人汪文斌3日表示,相关报道纯属虚假信息。希望危机始作俑者好好反思一下他们在乌克兰危机中扮演的角色,切实承担起应尽责任,而不是嫁祸于人。
当日例行记者会上,有记者问:《纽约时报》2日援引西方情报机构报告称,中方高级官员曾告诫俄方高级官员,不要在北京冬奥会期间“入侵”乌克兰。报道称,这表明中方对俄军事行动计划有一定程度了解。中方对此有何评论?
汪文斌表示,《纽约时报》的报道纯属虚假信息。这种转移视线、甩锅推责的言论十分卑劣。“乌克兰问题演变到今天这种局面,来龙去脉是很清楚的。究竟症结何在,大家心知肚明。”
汪文斌说,近来国际媒体多次提到,美国前驻苏联大使乔治·凯南在上世纪90年代就对政府提出忠告,指出北约针对俄罗斯的持续扩张将是美国政策中最致命的错误。遗憾的是,美国政府对此置若罔闻。美国著名国际问题专家托马斯·弗里德曼近日发表文章指出,美国关于“北约东扩”的重大决策失误导致与俄方关系恶化,美政府应该承担相当大的责任。美国前国会众议员加巴德表示,拜登总统只要保证不接纳乌克兰加入北约,就可以结束此次危机,阻止爆发战争,但他们不这样做。
“解铃还须系铃人。希望危机始作俑者好好反思一下他们在乌克兰危机中扮演的角色,切实承担起应尽责任,为缓和局势、解决问题拿出实际行动,而不是嫁祸于人。”他说。(完)