Connect with us

Europe

ရုရှားက နိုင်ငံပေါင်းစုံဘက်ပေါင်းစုံနှင့်အတူ အရပ်သားများကို ယူကရိန်းမှထွက်ခွာရန် ကူညီလိုကြောင်းပြော

ယူကရိန်းနိုင်ငံ ဒွန်ဘတ်စ်ဒေသရှိ အပျက်အစီးမြင်ကွင်းကို မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် နိုင်ငံပေါင်းစုံနှင့်အတူ အရပ်သားများကို ယူကရိန်းမှထွက်ခွာရန် ကူညီသွားလိုကြောင်း ရုရှား အမျိုးသားကာကွယ်ရေး စီမံခန့်ခွဲမှုစင်တာ တာဝန်ရှိသူ Mikhail Minzintsev က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။ရုရှားအနေဖြင့် ယူကရိန်းမှ ရုရှားသို့ သက်ဆိုင်ရာ လေယာဉ်များဖြင့် ထွက်ခွာလာသည့် နိုင်ငံအသီးသီးမှ နိုင်ငံသားများအား အဆင်ပြေချောမွေ့စေရန် ရုရှားရှိ လေဆိပ်များတွင် စီစဉ်ပေးထားကြောင်း ထိုနေ့၌ ကျင်းပသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်တုန့်ပြန်ရေး ပူးပေါင်းညှိနှိုင်းရေး စီမံခန့်ခွဲမှုစင်တာ၏ သတင်းစာရှင်းလင်းပွဲတွင် Mizintsev က ပြောကြားခဲ့သည်။

မတ် ၂ ရက်အထိ ကုလသမဂ္ဂ၊ ယူကရိန်းရှိ OSCE ဌာနခွဲအပြင် ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ဂါနာ၊ ဂရိ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ တရုတ်၊ ပိုလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဂျပန် စသည့်နိုင်ငံများက ရုရှားအနေဖြင့် သက်ဆိုင်သူများအား ယူကရိန်းမှထွက်ခွာရာတွင် အကူအညီပေးမည်ဟု မျှော်လင့်ကြောင်း ရုရှားအား လျှောက်ထားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားအထူးစစ်ဆင်ရေး လွှမ်းခြုံသည့် ဒေသမှ အရပ်သားများကလည်း ရွှေ့ပြောင်းရာတွင် အကူအညီပေးရန် ရုရှားဘက်သို့ လျှောက်ထားကြောင်း သိရသည်။

ရုရှားစစ်တပ်သည် မတ် ၂ ရက်တွင် ယူကရိန်းရှိ ကုလသမဂ္ဂဌာနခွဲနှင့် ယူကရိန်းရှိ ဂရိသံရုံးမှ ဝန်ထမ်းများအား လုံခြုံစွာ ထွက်ခွာနိုင်ရေးအတွက် ကူညီပေးခဲ့ကြောင်းနှင့် မတ် ၁ ရက်တွင် ရုရှားက OSCE ဝန်ထမ်းများအား Rostov-on-Don သို့ ရွှေ့ပြောင်းရန် အကူအညီပေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်ထဲတွင် Mizintsev က ယူကရိန်းမှ ထွက်ခွာရန်ဆန္ဒရှိသူများ အမြန်ဆုံး ထွက်ခွာနိုင်ရန် ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းကို ဆောလျင်စွာ စီစဉ်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ယူကရိန်းအား တိုက်တွန်းခဲ့သည်။ လက်ရှိတွင် ရုရှားစစ်တပ်မှ ထိန်းချုပ်ထားသော နယ်မြေများ၌ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းများ ဖွင့်လှစ်ထားရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ယူကရိန်းနိုင်ငံရှိ ကလေးသူငယ် ၃၉,၀၀၀ အပါအဝင် လူပေါင်း ၁၄၀,၀၀၀ ခန့်သည် နယ်စပ်စစ်ဆေးရေးဂိတ် ၁၁ ခုမှတစ်ဆင့် ရုရှားနိုင်ငံသို့ ‌ရွေ့ပြောင်းလာခဲ့ကြသည်။ ရုရှားနိုင်ငံက ယာယီနေရာချထားရေးစခန်း ၇,၀၀၀ ကျော် တည်ဆောက်ထားပြီး ထွက်ခွာလာသူများအတွက် လိုအပ်သော ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ယူကရိန်းအနေဖြင့် မိမိနိုင်ငံသားများနှင့် အချို့သောဓားစာခံအဖြစ် ချုပ်နှောင်ခံထားရသည့် နိုင်ငံခြားသားများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဦးစွာဖြေရှင်းပေးသင့်ကြောင်း Mizintsev က ယူကရိန်း‌ခေါင်းဆောင်များအား တိုက်တွန်းပြောကြားခဲ့သည်။ “အဓိကတော့ ကုလသမဂ္ဂနဲ့ OSCE နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒီကိစ္စတွေကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

………………………………………………

(Chinese Version)

(乌克兰局势)俄愿同各方一道帮助平民撤离乌克兰

2022-03-03 12:09:29 分类: 政治法律
新华社莫斯科3月3日电(记者黄河)俄罗斯国家防御指挥中心负责人米津采夫2日表示,俄方愿意同各方一道帮助平民撤离乌克兰。

米津采夫当天在人道主义应急响应跨部门协调指挥部的吹风会上表示,俄方已安排俄国内机场,为各国飞机接回从乌克兰撤到俄罗斯的侨民提供便利。

米津采夫说,截至2日,已有联合国、欧安组织驻乌克兰分支机构以及比利时、英国、加纳、希腊、印度、印度尼西亚、意大利、中国、波兰、法国、瑞士、日本等国向俄方提出申请,希望协助撤离相关人员。此外,俄军特别军事行动覆盖区域的平民也向俄方提出撤离申请。

他介绍,俄军2日已协助联合国驻乌分支机构和希腊驻乌大使馆人员安全撤离,1日俄方协助欧安组织工作人员撤到俄罗斯顿河畔罗斯托夫市。

米津采夫同时向国际组织和乌方发出呼吁,希望尽快在乌克兰建立人道主义通道,让愿意撤离的人尽快离开。目前,在俄军控制的区域已经设立了人道主义通道。

他说,目前,包括3.9万名儿童在内的14万人已通过11个边境检查站从乌克兰撤到俄罗斯。俄方已设立了七千多个临时安置点,并为撤离人员提供必要服务。

米津采夫呼吁乌克兰领导人确保优先解决本国公民以及在一些定居点实际上被当作人质的外国公民的人道主义问题。“我们希望国际组织,主要是联合国和欧安组织,在这件事上为我们提供帮助。”(完)
图说- 3月3日,在顿涅茨克,一名居民站在遭受炮击后受损的房屋前。 新华社发(维克多摄)