Connect with us

Asia

တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲမှု လေးလတာ ကာလအတွင်း ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်မှု ကဏ္ဍ နှစ်ခုလုံး အရှိန်အဟုန်မြင့် တိုးတက်မှုရရှိ

တရုတ်-လာအို ရထားလမ်း လျှပ်စစ်ကျည်ဆန်ရထားကြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယွမ်ကျန်းမြစ်ကူးတံတားကို ဖြတ်သန်းသွားသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ပြေးဆွဲမှုသည် ဧပြီ ၃ ရက်အထိဆိုလျှင် လေးလရှိပြီဖြစ်ရာ စုစုပေါင်း သယ်ယူပို့ဆောင်သည့် ခရီးသည် အရေအတွက် ၂.၂၅၄ သန်း ၊ ကုန်ပစ္စည်း တန်ချိန် ၁.၃၁ သန်း ရှိခဲ့ကြောင်း ၊ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်မှု ကဏ္ဍ နှစ်ခုလုံးတွင် အရှိန်အဟုန်မြင့် တိုးတက်မှုရှိကြောင်း ဧပြီ ၄ ရက်တွင် China State Railway Group Co., Ltd.မှ သိရသည်။ တရုတ်-လာအို ရထားလမ်းသည် နှစ်နိုင်ငံပြည်သူများ အဆင်ပြေလွယ်ကူမြန်ဆန်သည့် ခရီးသွားလာရေး၊ ပြည်တွင်းပြည်ပနှစ်ဖက်လည်ပတ်မှု ချောမွေ့စေရေး၊ တရုတ်-လာအို စီးပွားရေးစင်္ကြံ ထူထောင်ရေးတို့အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။

ခရီးသည်သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် တရုတ်-လာအို ရထားလမ်း၏ Fuxing နှင့် “လန်ချန်း”ကျည်ဆန်ရထားများသည် လုံခြုံမှု၊ စိမ်းလန်းမှု၊ အဆင်ပြေပြီး သက်တောင့်သက်သာရှိမှု၊ မြန်ဆန်မှု စသည်တို့ကြောင့် ရထားလမ်းတစ်လျှောက် ပြည်သူများက နှစ်သက်ကြပြီး ၎င်းတို့အတွက် ခရီးထွက်ရာတွင် ပထမရွေးချယ်မှုဖြစ်လာသည်။ ထို့ပြင် တရုတ်-လာအို ရထားလမ်းသည် နွေဦးပွဲတော်ကာလတွင် ခရီးသည်ပို့ဆောင်မှုတွက် ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့ပြီး ခရီးသည်ပို့ဆောင်မှုစွမ်းရည်မှာ ဆက်လက်အားကောင်းနေဆဲဖြစ်သည်။ တရုတ်နိုင်ငံအတွင်း ရထားလမ်းအပိုင်းတွင် ကျည်ဆန်ရထား နေ့စဉ် အသွားအပြန် ၂၃.၅ ခေါက်စီ ၊ အမြင့်ဆုံး ၃၂.၅ ခေါက်စီရှိပြီး စုစုပေါင်း သယ်ယူပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၂.၀၃ သန်း ရှိပြီဖြစ်ကြောင်း သိရသည်။ လာအိုနိုင်ငံ ရထားလမ်းအပိုင်းတွင် ကျည်ဆန်ရထား နေ့စဉ် အသွားအပြန် ၂ ခေါက်စီ ရှိပြီး စုစုပေါင်း သယ်ယူပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၂၂၄,၀၀၀ ရှိပြီဖြစ်ကြောင်း နေ့စဉ် ပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ အမြင့်ဆုံး ၂,၈၀၀ ထိရှိကြောင်း သိရသည်။

ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံနှင့် အာဆီယံအကြား အဆင်ပြေလွယ်ကူမြန်ဆန်သည့်သော ကုန်စည်ထောက်ပို့ရေးလမ်းကြောင်း ဖြစ်လာခဲ့ရာ သယ်ယူပို့ဆောင်ရေးကြာချိန်နှင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ကာ နိုင်ငံတကာ ကုန်စည်ထောက်ပို့‌ရေး ရွှေဝါရောင်လမ်းကြောင်းဖြစ်လာခဲ့သည်။ ကုန်စည်ပို့ဆောင်ရေးသည် ထိုင်း၊ မြန်မာ၊ လာအို၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်္ကာပူ စသည့်နိုင်ငံနှင့် ဒေသပေါင်း ၁၀ ခု ကျော်ကို လွှမ်းခြုံနိုင်ခဲ့ရာ လမ်းကြောင်းတစ်လျှောက် စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုကို ထိထိရောက်ရောက် တွန်းအားပေးခဲ့သည်။ တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြီးနောက် ကုန်စည်ရထား အစီးရေ စုစုပေါင်း ၂,၀၂၃ စီး၊ ကုန်တန်ချိန် ၁.၃၁ သန်း ပို့ဆောင်ပြီးဖြစ်ရာ ၎င်းအနက် နိုင်ငံတကာ ကုန်စည်ရထား အစီး ၄၂၇ စီး ၊ ကုန်တန်ချိန် ၃၁၀,၀၀၀ ကျော် ပို့ဆောင်မှုရှိကြောင်း၊ ကုန်စည်ပို့ဆောင်မှုပမာဏသည် ဖွင့်လှစ်ပြေးဆွဲပြီး ပထမလတွင် ၁၇၀,၀၀၀ မှ စတုတ္ထလ ၃၆၀,၀၀၀ အထိတိုးမြင့်လာခဲ့သည်။ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းအမျိုးအစားများမှာ စတင်ဖွင့်လှစ်ချိန် ကနဦးကာလတွင် ရာဘာ၊ မြေဩဇာ၊ ကုန်စုံပစ္စည်းများမှ အီလက်ထရောနစ်၊ Photovoltaic၊ ဆက်သွယ်ရေး၊ မော်တော်ယာဉ်၊ အထည်၊ ဟင်းသီးဟင်းရွက်၊ ပန်းပင်စသည့် ကုန်ပစ္စည်းအမျိုးအစား ၁၀၀ ကျော်အထိ ပါဝင်လာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
中老铁路开通运营四个月客货运输两旺
新华社北京4月4日电(记者樊曦)记者4日从中国国家铁路集团有限公司获悉,截至4月3日,中老铁路已开通运营四个月,累计发送旅客225.4万人次,发送货物131万吨,呈现客货运输两旺态势,为服务两国民众便捷高效出行、畅通国内国际双循环、促进中老经济走廊建设发挥了积极作用。
客运方面,中老铁路复兴号、澜沧号列车运行安全、绿色、便捷、舒适,缩短了城市间的时空距离,受到沿线民众青睐,成为出行首选,旅客发送量持续强劲增长,经受了春运考验,国内段日均开行旅客列车23.5对,最高峰开行32.5对,累计发送旅客203万人次;老挝段日均开行客车2对,累计发送旅客22.4万人次,最高日发送旅客2800多人。
货运方面,中老铁路在中国和东盟间构建起一条便捷高效的物流通道,运输时间和物流成本大幅压缩,成为国际物流的黄金线路,发运货物已覆盖泰国、缅甸、老挝、马来西亚、柬埔寨、新加坡等10余个国家和地区,有力促进了沿线经贸往来。中老铁路开通以来,已累计开行货物列车2023列,发送货物131万吨,其中开行跨境货物列车427列,发送货物超过31万吨,货物运量从开通第一个月的17万吨提高到第四个月的36万吨,货物品类从开通初期的橡胶、化肥、百货扩展至电子、光伏、通信、汽车、纺织、蔬菜、鲜花等产品,达100多种。(完)