Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂)ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၆ ရက်က ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် (၂)ထံသို့ ၎င်း နန်းတက်သည့်နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသဝဏ်လွှာပေးပိုခဲ့သည်။သဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန်က ဘုရင်မကြီး အဲလိဇဘက် (၂)သည် တရုတ်-ဗြိတိန် ချစ်ကြည်ရေးကို စဉ်ဆက်မပြတ် အလေးထားအားပေးခဲ့ရာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု၏ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သူနှင့်တွန်းအားပေးသူ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်-ဗြိတိန် သံအမတ်အဆင့် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်ဖြစ်ရာ ယင်းကာလကို နှစ်ဖက်စလုံးက အခွင့်အရေးအဖြစ်သဘောထားပြီး ချစ်ကြည်ရေး၊ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစွာ တည်ဆောက်ရေး ၊ ပူးပေါင်းဖလှယ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး၊ နိုင်ငံတကာ သွေးစည်းညီညွတ်ရေးကို မြှင့်တင်ရေး ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကျိုးကိုသယ်ပိုးရေး၊ နိုင်ငံတကာအသိုက်အဝန်းနှင့်လက်တွဲကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးသစ်များ တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————–
(Chinese Version)

(国际)习近平向英国女王伊丽莎白二世致贺电
2022-02-07 10:33:27
新华社北京2月7日电2月6日,国家主席习近平向英国女王伊丽莎白二世致贺电,祝贺她登基70周年。

习近平指出,伊丽莎白二世女王长期关心和支持中英友好,是中英关系发展的亲历者和推动者。今年适逢中英建立大使级外交关系50周年,希望双方以此为契机,深化友好互信,扩大交流合作,共促国际团结,造福两国和两国人民,为国际社会携手应对全球性挑战,促进世界和平稳定和繁荣发展作出新贡献。(完)

图说1: 1月30日,中共中央、国务院在北京人民大会堂举行2022年春节团拜会。中共中央总书记、国家主席、中央军委主席习近平发表讲话。 新华社记者 鞠鹏 摄