Connect with us

China

ထိုင်ဝမ်နှင့် ယူကရိန်းအရေးအား နှိုင်းယှဉ်ပြောဆိုခြင်းက မီးနှင့်ဆော့ကစားခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဧပြီ ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ထိုင်ဝမ်တို့သည် အချင်းချင်းချိတ်ဆက်နေကြပြီး အချို့သူများက ကွဲပြားသော ကိစ္စရပ်နှစ်ခုဖြစ်သည့် ထိုင်ဝမ်နှင့် ယူကရိန်းအရေးကို နှိုင်းယှဉ်ပြောဆိုကာ မငြိမ်မသက်မှုကို အခွင့်ကောင်းယူ၍ လူများအား ရှုပ်ထွေးစေရန် ကြံစည်နေကြောင်းနှင့် ထိုသို့လုပ်ဆောင်ချက်မှာ မီးနှင့်ဆော့ကစားခြင်းဖြစ်ပြီး ကစားသူကိုယ်တိုင်သာ မီးမြိုက်ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဧပြီ ၇ ရက် ဆက်စပ်သောမေးခွန်းများ ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “တရုတ်ပြည်မကြီးက ထိုင်ဝမ်ကိုကျူးကျော်လာပါက အမေရိကန်အနေဖြင့် ရုရှားမှ ယူကရိန်းကို ကျူးကျော်စဉ် ရုရှားအပေါ် လုပ်ဆောင်သော ဒဏ်ခတ်ပိတ်ဆို့မှုတွေနည်းတူ လုပ်ဆောင်နိုင်စွမ်းရှိတယ်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောကြားခဲ့ပါတယ်။ ထိုနေ့မှာပဲ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman က တရုတ်နိုင်ငံအနေနဲ့ ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း အနောက်နိုင်ငံများ၏ ညှိနှိုင်းတုံ့ပြန်မှုအပေါ် သင်ခန်းစာယူသင့်ကြောင်းနှင့် ထိုင်ဝမ်ကို စစ်အင်အားဖြင့် သိမ်းယူခြင်းကို လက်မခံကြောင်း ပြောကြားခဲ့မှုအပေါ် တရုတ်နိုင်ငံက မည်သို့မှတ်ချက်ပြုလိုပါသနည်း” ဟု မေးမြန်းခဲ့သည်။
ကမ္ဘာပေါ်၌ တရုတ်တစ်နိုင်ငံတည်းရှိရာ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ခွဲခြားမရသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကျောက်လိကျန်းက ထည့်သွင်းပြောကြားခဲ့သည်။ ထိုင်ဝမ်အရေးသည် တရုတ်ပြည်တွင်းစစ် ကျန်ရစ်ခဲ့သည့် ပြဿနာတစ်ခုဖြစ်ရာ မည်သည့်နည်းလမ်းဖြင့် ထိုင်ဝမ်အရေးကို ဖြေရှင်းသည်ဖြစ်စေ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးပင်ဖြစ်ကြောင်းနှင့် မည်သည့်နိုင်ငံကမှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အချုပ်အခြာအာဏာ နှင့် နယ်မြေပိုင်နက် ပြည့်စုံမှု ထိန်းသိမ်းရန်မှာ တရုတ်ပြည်သူများ၏ သန္နိဋ္ဌာန်နှင့် ဆန္ဒဖြစ်ကြောင်း “ကျွန်တော်တို့အနေနဲ့ အစွမ်းကုန်ကြိုးပမ်းမှုနဲ့ စိတ်ရင်းစေတနာမှန်ဖြင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အလားအလာကို ကြိုးပမ်းသွားမှာဖြစ်တယ်၊ ဒါပေမဲ့ ပြင်ပအင်အားစုတွေရဲ့ စွက်ဖက်မှုနဲ့ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးသမားတွေနဲ့ သူတို့ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို ပစ်မှတ်ထားတဲ့ လိုအပ်တဲ့ စီမံချက်တွေကိုတော့ ထိန်းသိမ်းသွားမှာ ဖြစ်တယ်” ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
လက်ရှိတွင် ထိုင်ဝမ်အာဏာပိုင်များက “အမေရိကန် အားကိုးကာ လွတ်လပ်ရေးရယူရန်” ကြိုးပမ်းနေကြပြီး အမေရိကန်ရှိ အချို့သူများက “ထိုင်ဝမ်ဖြင့် တရုတ်ကို ထိန်းချုပ်ရန်” ကြံစည်နေသောကြောင့် ထိုင်ဝမ်ရေလက်ကြား အခြေအနေမှာ တင်းမာမှုအသစ်နှင့် ရင်ဆိုင်နေရသည်။ အမေရိကန်နှင့် ထိုင်ဝမ်တို့သည် အချင်းချင်းချိတ်ဆက်နေကြပြီး အချို့သူများက ကွဲပြားသော ကိစ္စရပ်နှစ်ခုဖြစ်သည့် ထိုင်ဝမ်နှင့် ယူကရိန်းအရေးကို နှိုင်းယှဉ်ပြောဆိုကာ မငြိမ်မသက်မှုကို အခွင့်ကောင်းယူ၍ ရှုပ်ထွေးစေရန် ရည်ရွယ်ကြံစည်နေကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်းမှာ မီးနှင့်ဆော့ကစားခြင်းဖြစ်ပြီး ကစားသူကိုယ်တိုင်သာ မီးမြိုက်ခံရမည်ဖြစ်ကြောင်း ကျောက်လိကျန်းက ဆိုသည်။ (Xinhua)

………………………………………
(Chinese Version)
外交部:将台湾和乌克兰问题相提并论是在玩火

新华社北京4月7日电(记者温馨、孙楠)外交部发言人赵立坚7日在回答相关问题时表示,美台相互勾连,个别人甚至蓄意将台湾和乌克兰这两个有着本质区别的问题相提并论,企图混淆视听,趁乱渔利。这是在玩火,玩火者必将自焚。
在当日例行记者会上,有记者问:据报道,4月6日,美国财政部长耶伦表示,如中国大陆“侵略”台湾,美有能力和决心采取与制裁俄侵乌同样的行动。同日,美国常务副国务卿舍曼表示,中方应从西方在俄乌冲突问题上的协调反应中吸取教训,即任何武力夺取台湾的行为均不可接受。中方对此有何评论?
赵立坚表示,世界上只有一个中国,台湾是中国领土不可分割的一部分。台湾问题是中国内战遗留问题。用什么方式解决台湾问题,是中国内政,任何外国无权干涉。
他强调,中国人民捍卫主权和领土完整的决心和意志坚定不移。“我们愿以最大诚意、尽最大努力争取和平统一的前景,但保留采取一切必要措施的选项,针对的是外部势力干涉和极少数‘台独’分裂分子及其分裂活动。”
赵立坚表示,当前台海局势面临新一轮紧张,根源是台湾当局一再企图“倚美谋独”,而美方一些人有意搞“以台制华”。“美台相互勾连,个别人甚至蓄意将台湾和乌克兰这两个有着本质区别的问题相提并论,企图混淆视听,趁乱渔利。这是在玩火,玩火者必将自焚。”(完)