Connect with us

Europe

ယူကရိန်းအရေးနှင့်ပတ်သက်၍ ဂျာမနီ-ပြင်သစ် နှစ်နိုင်ငံခေါင်းဆောင်များ၏သံခင်းတမန်ခင်းလှုပ်ရှားမှုများ

ပြင်သစ် သမ္မတ မိုက်ခရွန်က ပါရီမြို့ သမ္မတအိမ်တော်တွင် လာရောက်လည်ပတ်သည့် ဂျာမနီဝန်ကြီးချုပ်Olaf Scholzအား ကြိုဆိုနေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

ပြင်သစ်သမ္မတ မိုက်ခရွန်သည် ဖေဖော်ဝါရီ ၈ ရက်တွင် ယူကရိန်း မြို့တော် ကီးယက်သို့ ရောက်ရှိခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သလို ထိုမတိုင်မီ တစ်ရက်ကလည်း ရုရှားနိုင်ငံ မြို့တော် မော်စကိုသို့ သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် ယူကရိန်းအရေး ၅ နာရီကျော် ကြာ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် Olaf Scholzက ဖေဖော်ဝါရီ ၇ ရက်တွင် အမေရိကန်သို့ သွားရောက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကီးယက်နှင့်မော်စကိုသို့ သွားရောက်ရန် သတ်မှတ်ထားသည်။

ပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုရလဒ်များကို မီဒီယာများအား ပြောကြားရာ၌ မိုက်ခရွန်က နှစ်ဖက်ဆွေးနွေးမှုတွင် အခြေအနေတင်းမာမှု “လျော့နည်းသွားခြင်းမရှိသလို မြှင့်တက်လာခြင်းလည်းမရှိဘူး”ဟု ယုံကြည်ကြောင်း ဆိုသည်။ ယခုအကြိမ် သွားရောက်တွေ့ဆုံသည့် “ရည်ရွယ်ချက်က တင်းမာမှုအဆင့်မြင့်လာမှာကို တားဆီးဖို့၊ ရှုထောင့်အသစ်တစ်ခုကို ဖွင့်လှစ်ဖို့ပါပဲ…. ဒီရည်ရွယ်ချက်က အကောင်အထည်ဖော်ပြီးပါပြီ”ဟု ၎င်းက ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ မိုက်ခရွန်က ပြင်သစ်နိုင်ငံ ပါရီမြို့ ပါရီ ငြိမ်းချမ်းရေးဖိုရမ်တွင် အမှာစကားပြောကြားနေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မိုက်ခရွန်က “ဒီနေ့ပြီးနောက်ရက်ပိုင်းအတွင်း အဆုံးဖြတ်ဖြစ်လိမ့်မယ်၊ ကျွန်တော်တို့အတူ ဆွေးနွေးညှိနှိုင်းမှုတွေ ခပ်စိပ်စိပ် လုပ်သွားဖို့ လိုတယ်”၊ “လွယ်တော့မလွယ်ပေမယ့် ရလဒ်ရှိလာမယ်လို့ ကျွန်တော် ယုံကြည်တယ်”ဟု ပြောကြားခဲ့သည်။

APသတင်းဌာန၏ သတင်းများအရ ကီးယက်ခရီးစဉ်အပြီး ဂျာမနီနိုင်ငံ မြို့တော်ဘာလင်သို့ မိုက်ခရွန် သွားရောက်ခဲ့ပြီး Olaf Scholzနှင့်အတူ ဘာလင်သို့ရောက်ရှိနေသည့် ပိုလန်သမ္မတAndrzej Dudaနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz ဘာလင်လွှတ်တော်တော်တွင် စစ်ဆေးမေးမြန်မှုခံယူနေသည်ကို ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မိုက်ခရွန်၏ အဆိုပြုချက်အချို့က ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခကို ဖြေလျော့ရန် သဘောတူညီချက် အခြေခံအဖြစ် လုပ်ဆောင်၍ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပူတင်က ပြောကြားခဲ့သည်။ ထိုအကြောင်းအရာကိုမူ အသေးစိတ်ပြောကြားမှု မရှိသေးကြောင်း သိရသည်။ မိုက်ခရွန်၏ကီးယက်ခရီးစဉ်အပြီး ဖုန်းဖြင့်ဆက်သွယ်ပြောကြားရန် ၎င်းနှင့်မိုက်ခရွန် ချိန်းဆိုထားပြီးဖြစ်ကြောင်း ပူတင်က ဆိုသည်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အကြီးစား ကမ်းတက်သင်္ဘော ၆ စီး မြေထဲပင်လယ်မှ ပင်လယ်နက်သို့ စစ်ရေးလေ့ကျင့်ရန် မောင်းနှင်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် ဖေဖော်ဝါရီ ၇ ရက်က အိမ်ဖြူတော်တွင် အမေရိကန်-ဂျာမနီ ခေါင်းဆောင်များ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာ ယူကရိန်းကို ရုရှား ကျူးကျော် ဝင်ရောက်မည်ဆိုလျှင် အမေရိကန်အနေဖြင့် “Nord Stream 2”သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို အဆုံးသတ်ပစ်မည်ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

သို့သော် ဂျာမနီဝန်ကြီးချုပ် Olaf Scholz၏ သဘောထား ဝေဝေဝါးဝါးဖြစ်ခဲ့သည်။ “Nord Stream 2”စီမံကိန်းအမည်ကို မပြောဆိုသလို ယင်းစီမံကိန်း ရပ်တန့်မှုကို အားပေးမည့် တိုက်ရိုက်ကတိကဝတ်ပြုခြင်းလည်း မရှိဘဲ ယင်းနေ့ အခြားခရီးစဉ်များတွင်လည်း Olaf Scholzက ယင်းကိစ္စနှင့်ပတ်သတ်၍ နှုတ်ဆိတ်နေခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဖေဖော်ဝါရီ ၈ ရက် 《The Times》တွင် ဆောင်းပါးရေးသားဖော်ပြခဲ့ရာ မြောက်အတ္တလန်တစ် သဘောတူစာချုပ်အဖွဲ့ (NATO)မဟာမိတ်များအနေဖြင့် ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှုအစီအစဉ်၏နောက်ဆုံးနည်းလမ်းများကို အမြန်ဆုံး အတည်ပြုကြရန် တိုက်တွန်းနှိုးဆော်ထားပြီး ယင်းပိတ်ဆို့မှုများက ရုရှားတပ် ယူကရိန်းနိုင်ငံအတွင်း ဝင်ရောက်သည့်နှင့် ချက်ချင်း အသက်ဝင်စေရမည်ဟု ဖော်ပြထားသည်။

လတ်ဗီးယား၊ အက်စတိုးနီးယားရှိ နေတိုးတပ်ဖွဲ့ဖြန့်ကျက်မှုကို အားဖြည့်ရန်အတွင် တပ်ဖွဲ့တင်စေလွှတ်ဖို့ ဗြိတိန်က ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။ သူ့အနေဖြင့် ဖေဖော်ဝါရီ ၈ ရက် ညပိုင်းတွင် လစ်သူယေးနီးယား ဝန်ကြီးချုပ်နှင့် လန်ဒန်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဆိုသည်။
တစ်ချိန်တည်းတွင်ပင် ဘောရစ်ဂျွန်ဆင်က “စည်းစနစ်ကျ ခိုင်မာသည့် သံခင်းတမန်ခင်း”က အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kulebaက မော်စကိုမှ မိုက်ခရွန်သယ်ဆောင်လာမည့် အချက်အလက်အပေါ် မျှော်လင့်ချက်ထားကြောင်း ဖေဖော်ဝါရီ ၈ ရက်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးမှုကို လိုလားပါတယ်၊ အပြုသဘောဆောင်တဲ့ သဘောထားမျိုးနဲ့ပေါ့၊ သံတမန်ရေးနဲ့ဖြေရှင်းမယ့်နည်းလမ်းတွေကို ကြိုးပမ်းနေပါတယ်၊ ဒါပေမဲ့လည်း ကျွန်တော်တို့ ထားရှိတဲ့ မျဉ်းနီကိုတော့ ကျော်လွန်မှာ မဟုတ်ပါဘူး”ဟု ၎င်းက မီဒီယာများကို ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ဆက်ဆံရေးသည် ယခုကာလများတွင် တစ်ဟုန်ထိုး ဆိုးဝါးလာပြီး နှစ်ဖက်စလုံးက နှစ်နိုင်ငံ နယ်စပ်ဒေသတွင် စစ်အင်အားအများအပြား ချထားလျက်ရှိသည်။ အမေရိကန်၊ ယူကရိန်နှင့်နေတိုးတို့က ယူကရိန်းအရှေ့ဘက်နယ်စပ်တွင် ရုရှားစစ်အင်အား အလုံးအရင်းချထားခြင်းက ဝင်ရောက်ကျူးကျော်မည့် အနေအထားရှိကြောင်း ပြောဆိုခဲ့သည်။ ထို့အပေါ် ရုရှားက ငြင်းဆိုထားပြီး နေတိုး၏လှုပ်ရှားမှုများက ရုရှားနယ်စပ်လုံခြုံရေးကို အန္တရာယ်ဖြစ်စေရာ နယ်စပ်အချုပ်အခြာပိုင်နက်အတွင်း တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းထားပြီး မိမိ နယ်မြေပိုင်နက်ကို ရုရှားက အပြည့်အဝ ကာကွယ်ခွင့်ရှိကြောင်း ရုရှားဖက်က အလေးအနက်ပြောကြားထားသည်။

ယခုကာလများတွင် အမေရိကန်အရာရှိများက ယူကရိန်းကို ရုရှား ကျူးကျော်လုနီးပြီဟူသော အဆိုအား သီးသန့်သတင်းစာရှင်းလင်းပွဲ သို့မဟုတ် အများအား အဆက်မပြတ်ထုတ်ဖော်ပြောကြားလျက်ရှိသည်။ ထို့အပေါ် ရုရှားက ၎င်းမှာအမေရိကန်၏ချဲ့ကားပြောဆိုခြင်းဖြစ်ပြီး ရုရှား-ယူကရိန်းနယ်စပ်အခြေအနေကို ဆိုးဝါးအောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့သည်။ ယူကရိန်းဘက်မှာလည်း စိုးရိမ်ထိတ်လန့်မှုများကြောင့် ပြည်တွင်းစီးပွားရေးရိုက်ခတ်ယိုယွင်းလာမည်ကို ရှောင်ရှားနိုင်ရန်အတွက် လူထုနှစ်သိမ့်မှုလုပ်ဆောင်ပေးနေရကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

德法领导人就乌克兰问题开展穿梭外交
2022-02-09 10:28:50
Image Carouse
新华社北京2月9日电 法国总统埃马纽埃尔•马克龙8日抵达乌克兰首都基辅,会见乌总统弗拉基米尔•泽连斯基,他前一天刚刚访问俄罗斯首都莫斯科,与俄总统弗拉基米尔•普京就乌克兰问题会谈5个多小时。

德国总理奥拉夫•朔尔茨7日到访美国,会晤美国总统约瑟夫•拜登。他定于14至15日分别访问基辅和莫斯科。

谈及与普京会谈的成果,马克龙告诉媒体记者,双方会谈令他确信局势“没有降级,也没有升级”,他此次访问的“目标是防止升级,打开新的视角……这一目标已经实现”。
2021年11月11日,在法国巴黎,法国总统马克龙在巴黎和平论坛上致辞。(新华社记者高静摄)
马克龙说,“今后几天将是决定性的,需要我们共同密集磋商”,“虽然不容易,但我相信会有成果”。

据美联社报道,结束基辅之行后,马克龙将前往德国首都柏林,在那里与朔尔茨和到访的波兰总统安杰伊•杜达会面。

普京在记者会上说,马克龙的一些提议可以作为化解乌克兰东部冲突的协议基础。他没有对此展开详述。普京还表示,他和马克龙约定在马克龙结束基辅之行后通电话。

俄罗斯国防部8日说,6艘大型登陆舰正从地中海前往黑海,它们将在那里进行演练。
美国东部时间7日,在白宫举行的美德领导人联合新闻发布会上,拜登放话说,一旦俄罗斯“入侵”乌克兰,美方将让“北溪-2”天然气管道项目“终结”。

不过,朔尔茨的态度模糊。他回避提及“北溪-2”项目名称,也没有直接承诺会支持停止这一项目。当天其他行程中,朔尔茨同样没有松口。

1月12日,德国总理朔尔茨在位于柏林的德国联邦议会接受问询。(新华社记者单宇琦摄)
英国首相鲍里斯•约翰逊8日在《泰晤士报》上撰文,敦促北大西洋公约组织盟友尽快敲定严厉经济制裁计划的最终方案,这些制裁措施将在俄军越过乌克兰国界后立即生效。

约翰逊说,英方准备好派兵增援部署在拉脱维亚、爱沙尼亚的北约军队,他将于8日晚些时候在英国首都伦敦会见来访的立陶宛总理。约翰逊同时表示,他依旧认为“有原则和坚定的外交”能够化解危机。

乌克兰外交部长德米特罗•库列巴8日说,对马克龙从莫斯科带来的“信号抱以期待”。他告诉媒体记者:“我们愿意对话,我们怀着建设性的心态,我们正在寻找外交途径的解决方案,但也不会越过我们设立的红线。”

俄乌关系近期加速恶化,双方在两国边境地区部署大量军事人员和装备。美国、乌克兰和北约表示俄罗斯在靠近乌东部边境地区集结重兵,有“入侵”之势。俄方予以否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。

美国官员近来不断以私下吹风或公开讲话方式渲染俄“入侵”乌克兰迫在眉睫。俄罗斯指控美方添油加醋,意在激化俄乌边境局势。乌克兰方面则继续安抚民众,以避免恐慌情绪冲击国内经济。(郭倩)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.