Connect with us

INTERNATIONAL ORGANIZATION

တောင်အာဖရိကနိုင်ငံက Sinopharm ကိုဗစ်ကာကွယ်ဆေးတရားဝင် အသုံးပြုမှုကို အတည်ပြုပြီး ထိုင်းနိုင်ငံက တရုတ် ကာကွယ်ဆေးများ ထိုးနှံပေးမှုကို တိုးချဲ့ဆောင်ရွက်မည်ဟု သိရ

ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တောင်အာဖရိက ကျန်းမာရေးထုတ်ကုန်များကြီးကြပ်ကွပ်ကဲရေးဌာနက Sinopharm zhongsheng Beijing ၏ ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံအတွင်း တရားဝင်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ထို့ပြင် ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အသက် ၆ နှစ်နှင့်အထက် လူအုပ်စုများအား Beijing Sinovac နှင့် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။တောင်အာဖရိကတွင် တရုတ်နိုင်ငံ၏ Sinopharmကိုဗစ်ကာကွယ်ဆေးကိုအသက်၁၈နှစ်နှင့်အထက် လူအုပ်စုများအတွက် တရားဝင်အသုံးပြုရန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တောင်အာဖရိကကျန်းမာရေးထုတ်ကုန်များဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုဌာနကဖေဖော်ဝါရီ ၇ ရက်တွင်ပြောကြားခဲ့သည်။ တောင်အာဖရိကသည် အာဖရိကတိုက်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးနိုင်ငံဖြစ်ကြောင်း၊ယခင်နှစ် ဇူလိုင်တွင်တောင်အာဖရိကသည်Beijing SinovacBiotech Ltdမှထုတ်လုပ်သောကိုဗစ်ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ကြောင်းသိရသည်။

တောင်အာဖရိကအမျိုးသား ကူးစက်ရောဂါ သုတေသနဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ဖေဖော်ဝါရီ ၇ ရက်အထိ တောင်အာဖရိကတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃,၆၂၅,၁၉၀ နှင့် သေဆုံးသူ စုစုပေါင်း ၉၆,၀၂၁ ရှိပြီး နိုင်ငံတစ်ဝန်းလုံးတွင် အရွယ်ရောက်ပြီးသူ ၁၆ ဒသမ ၆၁ သန်းခန့်သည် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးကြောင်းနှင့် ၎င်းသည် နိုင်ငံရှိစုစုပေါင်းအရွယ်ရောက်ပြီးသူဦးရေ၏ ၄၁.၇၄ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရသည်။

တောင်အာဖရိကနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် တောင်အာဖရိကတွင် Sinopharm zhongsheng Beijing ၏ ကာကွယ်ဆေးထိုးနှံမှုကို တရားဝင်အတည်ပြုခြင်းအပေါ် ကြိုဆိုကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ပူးပေါင်းကြိုးပမ်းမှုအောက်တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းသည် အရေးကြီးသော တိုးတက်မှုများ ရှိလာခဲ့သော်လည်း ကပ်ရောဂါအဖန်တလဲလဲ ကူးစက်ပြန့်ပွားမှုနှင့် ဗီဇပြောင်းဗိုင်းရပ်စ်များ ပြန့်ပွားမှုတို့ကြောင့် နိုင်ငံအသီးသီးရှိ ပြည်သူလူထုများ၏ အသက်အိုးအိမ် လုံခြုံမှုအပေါ် ဆိုးရွားသော ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်နေဆဲဖြစ်ကြောင်း၊ တောင်အာဖရိကဆိုင်ရာ တရုတ်သံရုံးသည် တရုတ်ကာကွယ်ဆေးကို ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်အဖြစ် ဆောင်ရွက်သည့် ကတိကဝတ်ကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တောင်အာဖရိကနှင့် အာဖရိကတိုက်ရှိ ပြည်သူများအပေါ် ကပ်ရောဂါတိုက်ဖျက်မှု အကူအညီပေးရေးကို အပြည့်အဝ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်ကတည်းက Beijing Sinovac နှင့် Sinopharm zhongsheng Beijing တို့မှ ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက် လူအုပ်စုများအတွက် အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ကြောင်း၊ ၎င်းဌာနသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် အဆိုပါကာကွယ်ဆေးများကို တိုးချဲ့ထိုးနှံပေးရန် လျှောက်ထားမှုများကို စိစစ်ခဲ့ကြောင်း၊ ကာကွယ်ဆေးနှစ်ခု၏ အရည်အသွေး၊ ဘေးကင်းမှုနှင့် ထိရောက်မှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ပြီးနောက် ၎င်းဌာနသည် အသက် ၆ နှစ်မှ ၁၇ နှစ်ကြားလူအုပ်စုများအား ယင်းကာကွယ်ဆေးနှစ်မျိုးကို ထိုးနှံပေးရန် အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际疫情)综合消息:南非批准国药新冠疫苗 泰国扩大中国疫苗接种范围

2022-02-08 22:55:08 分类: 科学技术
新华社北京2月8日电综合新华社驻外记者报道:南非卫生产品监管局7日表示,中国国药集团的新冠疫苗已获批在该国正式使用。另据泰国食品和药品监督管理局日前公告,已批准将中国科兴与国药新冠疫苗接种范围扩大至6岁及以上人群。

南非卫生产品监管局7日说,中国国药新冠疫苗已获批准在南非正式使用,用于18岁及以上人群接种。南非是非洲新冠疫情最严重的国家。去年7月,中国科兴公司生产的新冠疫苗在南非获准紧急使用。

据南非国家传染病研究所数据,截至2月7日,南非累计新冠确诊病例3625190例,累计死亡96021例;该国约1661万成年人完成了新冠疫苗全程接种,约占其成年人口总数的41.74%。

中国驻南非大使馆8日对国药新冠疫苗在南非通过注册表示欢迎。使馆在当天发布的声明中说,在国际社会共同努力下,全球抗疫已经取得重要进展,但疫情反复延宕,病毒变异增多,传播速度加快,给各国人民生命安全带来严重威胁。中国驻南非大使馆将继续积极践行有关中国疫苗成为全球公共产品的庄严承诺,全力协助南非和非洲人民抗击并最终战胜疫情。

据泰国食品和药品监督管理局日前发布的公告,中国科兴和国药新冠疫苗于2021年分别获准紧急用于泰国18岁及以上人群接种。该局去年底开始审核将科兴和国药新冠疫苗接种范围扩大的申请。在综合评估这两款疫苗的质量、安全性和有效性之后,该局批准在6岁至17岁人群中接种这两款疫苗。(参与记者:荆晶、任芊)(完)

图说- 2021年3月19日,一名工作人员在纳米比亚温得和克接种中国政府援助的新冠疫苗。新华社发(卡萨克 摄)