Connect with us

North America

၂၀၂၂ ခုနှစ် ပထမသုံးလအတွင်း အမေရိကန်တွင် သေနတ်ပစ်ခတ် အကြမ်းဖက်မှုကြောင့် လူသောင်းချီသေဆုံးခဲ့

လော့စ်အိန်ဂျလိစ်ရဲဌာနမှ သိမ်းဆည်းထားသော သေနတ်များအား ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ယခုနှစ် ပထမသုံးလအတွင်း အမေရိကန်တွင် သေနတ်ပစ်ခတ် အကြမ်းဖက်မှုကြောင့် လူ ၁၀,၃၆၂ ဦးသေဆုံးခဲ့ပြီး ၈,၁၇၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် အကျိုးအမြတ်မယူသောအဖွဲ့အစည်း တစ်ခုဖြစ်သည့် “Gun Violence Archive” ဝက်ဘ်ဆိုဒ်၏ မတ် ၃၀ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အမေရိကန်တွင် သေနတ်ပစ်ခတ် အကြမ်းဖက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ အရေအတွက်သည် ယခင်နှစ်ကာလတူထက် မြင့်တက်လာသည်။
ယခုနှစ် မတ် ၃၀ ရက်ညနေပိုင်းအထိ အမေရိကန်၌ အနည်းဆုံးလူ ၄ ဦးသေဆုံးဒဏ်ရာရရှိသော ပစ်ခတ်မှု ၁၄၄ မှု ဖြစ်ပွားခဲ့ကြောင်း Gun Violence Archives ဝက်ဘ်ဆိုဒ်မှ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ကာလအတွင်း အမေရိကန်တွင် လူအများသေဆုံးဒဏ်ရာရရှိသည့် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခဲ့သည်။ မတ် ၁၉ ရက်က Arkansas ပြည်နယ် Dumas မြို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးခဲ့ပြီး ကလေးသူငယ်အပါအဝင် အနည်းဆုံး လူ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းနေ့မှာပင် Virginia ပြည်နယ် Norfolk မြို့တွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အမေရိကန်၏ သေနတ်နှင့် ပတ်သက်သည့် သေဆုံးမှုနှုန်းမှာ နိုင်ငံအများစုထက် ပိုမိုမြင့်မားပြီး ဖွံ့ဖြိုးပြီးနိုင်ငံများအကြား အထူးပေါ်လွင်နေကြောင်း အချက်အလက်များအရ သိရှိရသည်။ Pew Research Center ၏ ၂၀၂၁ ခုနှစ် ပြည်သူ့စစ်တမ်းကောက်ယူမှုတစ်ခုတွင် စစ်တမ်းဖြေကြားသူ ထက်ဝက်နီးပါးက သေနတ် အကြမ်းဖက်မှုသည် အမေရိကန်၏ “ကြီးမားသော ပြဿနာ” ဟု ယူဆပြီး ၂၄ ရာခိုင်နှုန်းက ၎င်းသည် “အတော်ကြီးသော ပြဿနာ”ဟု ယူဆကြကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
数据网站:2022年前三月美国逾万人死于枪支暴力
2022-03-31 10:30:44 分类: 社会
新华社华盛顿3月30日电(记者孙丁)美国非营利组织“枪支暴力档案”网站30日最新动态数据显示,今年前三个月,枪支暴力已在美国造成至少10362人丧生,另有8172人受枪伤。与去年同期相比,美国因枪支暴力死亡和受伤的人数均有增加。
“枪支暴力档案”网站数据还显示,今年截至3月30日傍晚,在美国造成至少4人死伤的枪击事件已有114起。
过去一段时间,美国频现造成多人伤亡的枪击事件。3月19日,阿肯色州杜马市发生枪击事件,造成1人死亡,另有包括多名儿童在内的至少27人受伤。同日,弗吉尼亚州诺福克市也发生枪击事件,造成2死3伤。
数据显示,美国枪支相关死亡率高于大部分国家,在发达国家中尤为显眼。美国皮尤研究中心2021年的一项民调显示,近半数美国受访者认为枪支暴力在美国是一个“大问题”,24%的受访者认为是“比较大的问题”。(完)