Connect with us

Economy

နန်နင်းအကောက်ခွန်ဌာနမှ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ RCEP စီမံကိန်း ပထမဆုံး မြန်မာနိုင်ငံသို့ ပို့ကုန် ပင်ရင်းသက်သေခံလက်မှတ် ထုတ်ပေး

တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်း ချင်းကျိုးဆိပ်ကမ်း၏ မြင်ကွင်းအား ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း၊ မေ ၃ ရက်(ဆင်ဟွာ)

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) သည် မြန်မာနိုင်ငံတွင် မေ ၁ ရက်က စတင် အသက်ဝင်ခဲ့သည်။ ထိုနေ့တွင်ပင် နန်နင်း အကောက်ခွန်ဌာနလက်အောက်ခံ ရုန်းကျိုးအကောက်ခွန်ဌာနက တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ဒေသ၏ RCEP စီမံကိန်း ပထမဆုံးသော မြန်မာနိုင်ငံသို့ ပို့ကုန် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Certificate of Origin)အား ထုတ်ပေးခဲ့ကြောင်း သိရသည်။အဆိုပါလက်မှတ်ကို GUANGXI GOLDEN-STRIDE IMPORT & EXPORT CO.,LTD.က လျှောက်ထားခြင်းဖြစ်ပြီး ကုန်ပစ္စည်းမှာ မြန်မာနိုင်ငံသို့ တင်ပို့သော Sodium saccharin ဖြစ်ရာ တန်ဖိုးအားဖြင့် ယွမ် ၁ သန်း ခန့် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အကောက်ခွန်သက်သာခွင့် ယွမ် ၁ သောင်း နီးပါး ရှိနိုင်သည်ဟု ခန့်မန်းရကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် နှစ်စဉ် မြန်မာနိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်းSodium saccharinသည် တန်ဖိုးအားဖြင့် ယွမ် သန်း ၇၀ ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် RCEP စတင်အသက်ဝင်ပြီးနောက်ပိုင်း ဤကုန်ပစ္စည်းများသည် ပို၍သက်သာခွင့်ရရှိမည် ဖြစ်ရာ ကုမ္ပဏီပို့ကုန်ပစ္စည်းများ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရာတွင် များစွာအကူအညီဖြစ်စေကြောင်း GUANGXI GOLDEN-STRIDE IMPORT & EXPORT CO.,LTD. ပြည်ပကုန်သွယ်ရေးဝန်ဆောင်မှုဌာန မန်နေဂျာ လီကျင့်က ဆိုသည်။

ယခုနှစ်ပထမသုံးလပတ်တွင် ကွမ်ရှီး၏ မြန်မာနိုင်ငံပို့ကုန်သွင်းကုန်ပမာဏ စုစုပေါင်း ယွမ် သန်းပေါင်း ၁၉၀ ရှိသည်ဟု နန်နင်းအကောက်ခွန်ဌာန၊ အကောက်ခွန်ရုံး အကြီးအကဲ ကျန်ကျစ်ဟွန်က ဆိုသည်။
RCEPအသက်ဝင်ပြီးနောက်ပိုင်း နန်နင်းအကောက်ခွန်ဌာနမှ RCEP ပင်ရင်းသက်သေခံလက်မှတ် ၅၀၀ နီးပါးထုတ်ပေးခဲ့ရာ လက်မှတ်ထုတ်ပေးသည့် ပမာဏသည် ငွေကြေးအားဖြင့် ယွမ် သန်း ၃၀၀ နီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————-

(Chinese Version)

南宁海关签发广西首份RCEP项下输缅甸原产地证书

2022-05-01 23:08:23
5月1日,《区域全面经济伙伴关系协定》(RCEP)对缅甸正式生效。生效首日,南宁海关下属邕州海关签发了广西首份RCEP项下输缅甸的原产地证书。

据了解,这份证书由广西金迈进出口有限公司申请,货物是一批出口缅甸的糖精钠,价值约100万元,预计可在缅甸享受到关税优惠近1万元。

广西金迈进出口有限公司外贸业务部经理李婧表示,公司每年出口缅甸糖精钠货值超过7000万元,RCEP对缅甸生效实施后,这些货物将享受更多优惠,对提升公司出口产品的国际竞争力有很大帮助。

南宁海关关税处处长蒋志环介绍,今年一季度广西对缅甸进出口总额约1.9亿元。自RCEP生效以来,南宁海关累计签发近500份RCEP原产地证书,签证金额近3亿元。(记者黄耀滕)
图说1:这是2月10日拍摄的广西北部湾港钦州港区一景。新华社记者 陆波岸 摄