Connect with us

CHINA

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆက်လက် အားဖြည့်ကူညီဆောင်ရွက်လျက်ရှိ

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးသည် “အကောင်းဆုံးလက်ဆောင်”ဖြစ်သလို တရုတ်နိုင်ငံမှ ပံ့ပိုးပေးသည့် ကာကွယ်ဆေးသည် “ဥမင်၏အဆုံး၌အလင်း” သဖွယ် မျှော်လင့်ချက်များ ဆောင်ကျဉ်းပေး‌နေသည်။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး ကာလတစ်လျှောက်တွင် တရုတ်ကာကွယ်ဆေးသည် တောတောင်ရေမြေဖြတ်ကျော်ကာ အာရှတိုက်အိမ်နီးချင်းနိုင်ငံမှ ပင်လယ်ရပ်ခြားဖြစ်သည့် တောင်အမေရိကတိုက်အထိ နိုင်ငံအများရှိ ပြည်သူများအတွက် ကပ်ရောဂါကျော်လွှားနိုင်ရန် မျှော်လင့်ချက်နှင့် ယုံကြည်ချက်ကို ဆောင်ကျဉ်းပေးလျက်ရှိကြောင်း နိုင်ငံတကာအသိုက်အဝန်းက ချီးကျူးအသိမှတ်ပြုခဲ့ကြသည်။“ကိုယ်ခံစွမ်းအားစနစ် ကွာဟချက်” ဖြည့်ဆည်းမှု မြှင့်တင်ရေးဘရာဇီးနိုင်ငံ၊ ရီယိုပြည်နယ် မြောက်ပိုင်းဒေသရှိ ကာကွယ်ဆေးထိုးနှံရေးနေရာတွင် သူနာပြုတစ်ဦးက အသက် ၈ နှစ်အရွယ် ပက်ဒရိုအား ကာကွယ်ဆေး ပထမအလုံးအနေဖြင့် Sinovac ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။

ပက်ဒရို၏ဖခင်သည် ယာဉ်မောင်းတစ်ဦးဖြစ်ရာ နေ့စဉ်နေ့တိုင်း ခရီးသည်အများအပြားနှင့် ထိတွေ့ရသည်။ ယခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဘရာဇီးအမျိုးသားကျန်းမာရေး ကြီးကြပ်ရေးအေဂျင်စီက အသက် ၆ နှစ်မှ ၁၇ နှစ်အရွယ် လူငယ်လူရွယ်များအား တရုတ်ကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်အတည်ပြုခဲ့ပြီး ပြည်နယ်အစိုးရများကလည်း လူငယ်လူရွယ်များကာကွယ်ဆေးထိုးနှံရန် လိုအပ်မှု အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။ “တရုတ်ရဲ့အကူအညီကြောင့် ကလေးငယ်တွေကို အကာအကွယ်ဖြစ်စေတယ်၊ အဲ့ဒီပံ့ပိုးမှုတွေကို အရမ်းတန်ဖိုးထားပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ၏ အခြားမြို့ငယ်တစ်ခုဖြစ်သည့် Serrana ၏ မြို့အဝင်နေရာတွင် “ကိုဗစ်တိုက်ဖျက်‌ရေး စံပြမြို့”ဟူသော ကြော်ငြာဘုတ်ကြီး တစ်ခုရှိသည်။ ကာကွယ်ဆေးထိုးနှံခြင်းက ကပ်ရောဂါပြန့်နှံ့မှု တားဆီးခြင်းအပေါ် ထိရောက်မှုကို လေ့လာရန် ဒေသအတွင်း၌ အရွယ်ရောက်သူများအား တရုတ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးခဲ့သည်။ စမ်းသပ်မှု ၄ လအကြာတွင် ဒေသတွင်း ကိုဗစ်ထပ်တိုးလူနာအရေအတွက် ၈၀ ရာခိုင်နှုန်းကျဆင်းပြီး သေဆုံးသူအရေအတွက် ၉၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

Serrana ရှိ ဆေးရုံတစ်ရုံမှ ပိုးသတ်ဆေးဖြန်းမှုတာဝန်ခံက တစ်မြို့လုံး အတိုင်းအတာ ကာကွယ်ဆေးထိုးနှံပြီးနောက် မိမိအနေဖြင့် လုံခြုံမှုကို ပိုမိုခံစားလာရသည့်အပြင် မြို့တွင်း၌လည်း ပြောင်းလဲမှုရှိလာခဲ့သည်။ “ဆေးရုံမှာ အလုပ်လုပ်တဲ့အခါ ကိုဗစ်ရောဂါကူးစက်သူ သိသိသာသာကျဆင်းလာတဲ့အတွက် မြို့တွင်းစီးပွားရေးလုပ်ငန်းတွေပြန်လည်စတင်နိုင်ပြီး ပုံမှန်ဘဝပြန်လည်ရောက်ရှိနိုင်မှာဖြစ်ပါတယ်၊ မြို့ငယ်လေး ပြန်လည်အသက်ဝင်လာဖို့ တရုတ်ကာကွယ်ဆေးက အကောင်းဆုံးလက်ဆောင်ဖြစ်တယ်” ဟု သူမကဆိုသည်။

“တရုတ်ကာကွယ်ဆေးထိုးနှံမှုက နေထိုင်သူတွေကို ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိစေတဲ့အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်” ၊ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကြောင့် ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်ဟု Serrana မြို့တော်ဝန်က ပြောကြားခဲ့သည်။

အာဂျင်တီးနားသမ္မတ၏ ဆေးဘက်ဆိုင်ရာအကြံပေး Eduardo Lopez သည် တရုတ်ကာကွယ်ဆေး၏ ဒေသန္တရစမ်းသပ်မှုတွင် ပါဝင်ခဲ့သည်။ စေတနာ့ဝန်ထမ်းများ၏ ကာကွယ်ဆေးထိုးနှံမှု ဆန္ဒက အလွန်ပြင်းပြပြီး ထိုးနှံသည့် အကျိုးသက်ရောက်မှုက သိသာကြောင်းနှင့် တရုတ်ကာကွယ်ဆေး၏ အားသာချက်တစ်ခုမှာ ၎င်းသည်ရိုးရိုးရေခဲသေတ္တာတွင် သိမ်းဆည်းပို့ဆောင်နိုင်ရာ အာဂျင်တီးနားကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံအတွက် အလွန်အဆင်ပြေကြောင်း ၎င်းကမိတ်ဆက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ပြီး စတင်အသုံးပြုစဉ်က ကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့ထုတ်ကုန်အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း အလေးထားကတိပြုပြောကြားခဲ့သည်။ ကမ္ဘာ့လုံးဆိုင်ရာ ကိုဗစ်ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက် အစီအမံကို အဆိုပြုခြင်းဖြင့် တရုတ်နိုင်ငံသည် ကာကွယ်ဆေးမျှတစွာ ဝေငှအသုံးပြုနိုင်ရေးကို တွန်းအားပေးပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို အကျိုးပြုသည့် ကမ္ဘာလုံးဆိုင်ရာ ကိုယ်ခံစွမ်းအားစနစ် ကွာဟချက် ဖြည့်ဆည်းမှု မြှင့်တင်ရေးကို လုပ်ဆောင်ခဲ့သည်။ ကိုဗစ်ကာကွယ်ဆေး အောင်မြင်စွာထုတ်လုပ်နိုင်ပြီးနောက် တရုတ်နိုင်ငံသည် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၂၀ ကျော်အား ကာကွယ်ဆေးအလုံးရေ ၂.၂ ဘီလီယံကို ပေးပို့ခဲ့ရာ နိုင်ငံရပ်ခြားသို့ ကာကွယ်ဆေး အများဆုံး ပေးပို့သည့် နိုင်ငံဖြစ်လာခဲ့သည်။

လုံခြုံထိရောက်မှုကို အပြည့်အဝစမ်းစစ်နိုင်

တရုတ်နိုင်ငံသည် နီပေါသို့ကာကွယ်ဆေး အများဆုံးထောက်ပံ့သည့် နိုင်ငံဖြစ်သည်။ နီပေါနိုင်ငံသားတစ်ဦးက “ကျွန်တော်မိသားစု ခုနှစ်ဦးစလုံး ကာကွယ်ဆေးထိုးထားတယ်” ယခုအချိန်ထိ မိသားစုဝင်များက ကိုဗစ်ရောဂါကူးစက်မှု ခံရခြင်းမရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ လုံခြုံပြီး ထိရောက်သည့် တရုတ်ကာကွယ်ဆေးက ဒေသခံတို့၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနေကြောင်းနှင့် နီပေါနိုင်ငံသားအနေဖြင့် ‘ဟိမဝန္တာတောင်ကိုကျော်လွှားသည့် ချစ်ကြည်ရေး’ ဟု ခံစားရကြောင်း ၎င်းကပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသမှ အာဖရိကတိုက်အထိ၊ အမေဇုန်မိုးသစ်တောမှ ပစိဖိတ်ကျွန်းနိုင်ငံများအထိ ကာကွယ်ဆေးထိုးနှံမှုအတိုင်းအတာသည် တစ်ကမ္ဘာလုံးအတိုင်းအတာအထိ တိုးလာခဲ့ရာ တရုတ်နိုင်ငံကာကွယ်ဆေး၏ လုံခြုံထိရောက်မှုသည် “ယုံကြည်မှုမဲ” အများအပြားရရှိခဲ့သည်။ နိုင်ငံအများအပြားမှ ကလေးသူငယ်များအား တရုတ်ကာကွယ်ဆေး ထိုးနှံ‌ပေးရန် အတည်ပြုခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များက တရုတ်ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့သည်။ ဇင်ဘာဘွေသမ္မတ Emmerson Mnangagwa က တရုတ်ကာကွယ်ဆေးကို “ဥမင်၏အဆုံး၌အလင်း” သဖွယ် မျှော်လင့်ချက်များ ဆောင်ကျဉ်းပေးနေသည်ဟု ခိုင်းနှိုင်းပြောကြားခဲ့ပြီး ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က တရုတ်ကာကွယ်ဆေးသည် နိုင်ငံအတွင်း အဓိကထိုးနှံသည့်ကာကွယ်ဆေးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjardo က တရုတ်ကာကွယ်ဆေးသည် လုံခြုံပြီးထိရောက်ကြောင်း ပြောကြားခဲ့ပြီး ဘိုလီးဗီးယား၏ လက်ထောက်ကျန်းမာရေးဝန်ကြီး Maria Castel က Sinopharm ကာကွယ်ဆေးသည် နယ်စပ်ဒေသအတွက် ထိရောက်သော “ခုခံအားစနစ် အတားအဆီး”ကို တည်ဆောက်ပေးနိုင်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ကပ်ရောက်ဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်လုပ်ဆောင်ခြင်း

အီဂျစ်လူငယ် Mu Chao သည် ကိုင်ရိုတက္ကသိုလ်တွင် တရုတ်ဘာသာစကားကို ၄ နှစ်ကြာ သင်ယူလေ့လာခဲ့ပြီး ခရီးသွားအေဂျင်စီတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ သို့သော် ကပ်ရောဂါက ၎င်း၏အလုပ်အကိုင်အပေါ် ဆိုးဝါးသော သက်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ ယခင်နှစ် ဧပြီတွင် တရုတ် Sinovac နှင့် အီဂျစ်ဇီဝဗေဒ ထုတ်ကုန်များနှင့် ကာကွယ်ဆေးကုမ္ပဏီတို့သည် အီဂျစ်တွင် Sinovac ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်နိုင်ငံမှ ၎င်းသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အီဂျစ်သို့ နည်းပညာအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့သည်။ Mu Chao သည် တရုတ် Sinovac ကုမ္ပဏီမှ အီဂျစ်သို့ လမ်းညွှန်ရန်စေလွှတ်သည့် ပညာရှင်အဖွဲ့၏ စကားပြန်တစ်ဦးဖြစ်လာခဲ့သည်။

“ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖို့ စက်ရုံတည်ဆောက်ရေးမှာ ပါဝင်ရတဲ့အတွက် အလွန်ဂုဏ်ယူဝမ်းသာမိပါတယ်” ဟု Mu Chao ကဆိုသည်။ ၎င်းက ခြောက်လတာကာလအတွင်း အီဂျစ်ရှိကာကွယ်ဆေးထုတ်စက်ရုံ၏ မြင့်မားသော လည်ပတ်မှုဖြစ်ကို တွေ့မြင်ခဲ့ရသည်။ ထို့ပြင် တရုတ်-အီဂျစ် ပူးပေါင်းတည်ဆောက်သည့် ကာကွယ်ဆေးထုတ် စက်ရုံနှင့် ကာကွယ်ဆေး သန်း ၁၅၀ သိုလှောင်နိုင်သည့် အလိုအလျောက် အအေးခန်းကိုလည်း စတင်အသုံးပြုနိုင်ရန် ပြင်ဆင်နေသည်။ မကြာသေးမီက တရုတ်နှင့် အီဂျစ်တို့ပူးပေါင်းကာ ဂါဇာဒေသသို့ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅၀၀,၀၀၀ ပေးပို့ခဲ့ပြီး ၎င်းသည် တရုတ်-အီဂျစ် ပူးပေါင်းထုတ်လုပ်သည့် ကာကွယ်ဆေးအနက် ပြည်ပသို့ပေပို့သည့် ပထမဆုံးအသုတ် ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။ အီဂျစ်-တရုတ်နှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်သည့် အာဖရိကတိုက်ရှိ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေး စက်ရုံသည် လုံခြုံပြီးထိရောက်သော ကာကွယ်ဆေး သန်း ၃၀ ခန့် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အီဂျစ် ယာယီကျန်းမာရေးဝန်ကြီး Khaled Abdel-Ghaffar က ပြောကြားခဲ့သည်။

“ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အကူအညီပေးတဲ့ တရုတ်မိတ်ဆွေကို ကျေးဇူးတင်ပါတယ်” ဟု Mu Chao ကပြောကြားခဲ့သည်။ ယင်းအကူအညီကြောင့် မိသားစုဝင်သာမက မိတ်ဆွေများလည်း အကျိုးကျေးဇူးရရှိခဲ့ပြီး နေ့စဉ်ဘဝမှာလည်း တဖြည်းဖြည်း ပုံမှန်အနေအထားသို့ ပြန်ရောက်ရှိလာသည်။ တရုတ်-အီဂျစ်ပူးပေါင်းကာကွယ်ဆေးထုတ်လုပ်မှုသည် ဒေသတွင်းကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို တွန်းအားပေးနိုင်သည့်အပြင် အာဖရိကတိုက် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း WHO ဆိုင်ရာ အီဂျစ်ကိုယ်စားလှယ် Naeema Al Gasseer က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကာကွယ်ဆေးကို ကမ္ဘာလုံးဆိုင်ရာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ လက်လှမ်းမီမှုနှင့် တတ်နိုင်မှုတို့ ရရှိရန် တရုတ်ကုမ္ပဏီများအား ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နည်းပညာလွှဲပြောင်းရေးလုပ်ငန်းကို အားပေးထောက်ခံရာ လက်ရှိတွင် ယူအေအီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ အီဂျစ်၊ ဘရာဇီး၊ တူရကီ၊ ပါကစ္စတန်၊ မက္ကဆီကို၊ မြန်မာ စသည့် နိုင်ငံများနှင့် ပူးပေါင်းထုတ်လုပ်ရေး စတင်ခဲ့သည်။ ပထမအဆင့်တွင် နှစ်စဉ်ဆေးပမာဏ ၁ ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ရာ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အိမ်နီးချင်းနိုင်ငံများကိုပါ အကျိုးပြုပြီး ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးပြတ်လပ်မှုကို များစွာ ဖြေလျှော့ပေးနိုင်ခဲ့သည်။ ကမ္ဘာ့အသိဉာဏ်မူပိုင်ခွင့်အဖွဲ့အသည်းမှ ထုတ်ပြန်သော အချက်အလက်များအရ ကပ်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးကာလအတွင်း တရုတ်သည် ကိုဗစ်ကုသမှုဆိုင်ရာမူပိုင်ခွင့် လျှောက်ထားမှု အများဆုံးနိုင်ငံဖြစ်ရာ ဤနယ်ပယ်တွင် တရုတ်၏ဆန်းသစ်တီထွင်မှုသည် ကမ္ဘာ့ပထမဆုံးနေရာတွင် ရှိကြောင်း သိနိုင်သည်ဟု ဖော်ပြထားသည်။

တစ်ဦးတည်းသွားလျှင် ခရီးမြန်သော်လည်း အများနှင့်အတူသွားလျှင် ခရီးဝေးဝေးရောက်နိုင်သည်။ တရုတ်နိုင်ငံသည် လူသားတို့၏ကျန်းမာရေး ကံကြမ္မာအကျိုးတူ အသိုက်အဝန်းနှင့် စစ်မှန်သော နိုင်ငံစုံမူဝါဒကို မြဲမြံစွာ လက်ကိုင်ကာ ဘက်စုံမူဘောင်အောက်တွင် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားအား ဆက်လက်ပံ့ပိုးရန်နှင့် ကပ်ရောဂါတိုက်ဖျက်ရေး အောင်မြင်ရန် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။(Xinhua)

#China, #COVID_19, #Vaccine, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ကိုဗစ်, #ကာကွယ်ဆေး, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
—————————–
(Chinese Version)
中国疫苗持续助力全球抗疫
“中国的新冠疫苗是‘最美的礼物’”,中国援助的疫苗像是“隧道尽头的光芒”带来希望……在全球抗击新冠肺炎疫情的过程中,中国疫苗跨山越海,从一衣带水的亚洲近邻,到远隔重洋的南美大陆,持续为多国民众带去战胜疫情的希望和信心,在国际社会赢得广泛赞誉。

促进弥合“免疫鸿沟”

巴西里约热内卢市北区的一个疫苗接种点,护士娴熟地给8岁的佩德罗接种了第一剂科兴新冠疫苗。

佩德罗的父亲若热是一名客车司机,每天要接触大量乘客。今年1月20日,巴西国家卫生监督局批准为6岁至17岁的儿童和青少年接种中国企业研发生产的新冠疫苗,地方政府也在大力宣传为未成年人接种疫苗的必要性。若热说:“孩子们得到了疫苗的保护,真心感谢中国的帮助!”

在巴西另一座小城塞拉纳市的入口,一块写着“抗击新冠肺炎疫情模范城市”的大广告牌宣示着当地抗疫成就。去年2月至4月,为研究大规模疫苗接种对遏制疫情蔓延的效果,当地开展了给成年人口全面接种中国疫苗的研究。试验启动仅4个月,当地新增有症状新冠肺炎病例数下降80%,住院人数下降86%,新增死亡病例数下降95%。

卡米拉·达席尔瓦在塞拉纳市一家医院负责消毒工作。在她看来,全市接种疫苗后不仅让自己感觉安全多了,小城也有了变化。“我在医院工作,发现新冠病毒感染者数量大大减少。感染率大幅下降对城市恢复商业活动大有好处。我们可以尝试回归正常生活。”在街头,民众在街边休闲,孩童自在玩耍,人们穿梭于餐厅和店铺中,虽然还戴着口罩,但状态放松。塞拉纳民众纷纷表示,中国疫苗是“最美的礼物”,为城市恢复生机提供了坚强保护。

“接种中国疫苗让塞拉纳民众过上了正常生活,我们非常高兴!”塞拉纳市长莱奥·卡皮泰利激动地说,因为有了中国的鼎力支持,塞拉纳成功控制了疫情,当地民众生活率先重回正轨,“塞拉纳已成为圣保罗州的‘复苏之都’”。

阿根廷总统医学顾问爱德华多·洛佩兹参与了中国疫苗在当地的临床试验。据他介绍,志愿者的接种意愿很高,接种效果也很不错,“中国新冠疫苗一个显著优点是它可以在普通冰箱的温度下储存并运输,这对于像阿根廷这样的发展中国家来说,是一个极大的便利。”

中国郑重承诺,中国新冠疫苗研发完成并投入使用后,将作为全球公共产品。通过提出全球疫苗合作行动倡议等一系列措施,中国推动疫苗作为全球公共产品得到公平分配,特别是让发展中国家获益,促进弥合全球“免疫鸿沟”。在新冠疫苗研发成功后,中国先后向120多个国家和国际组织提供了约22亿剂的疫苗,是对外提供疫苗最多的国家。

安全性有效性得到充分验证
中国是尼泊尔最大的疫苗供应国。“我的家人随后也接种了中国疫苗,都感觉很安全。”马哈沙告诉记者,全家7口人至今无人感染新冠病毒,“安全有效的中国疫苗守护了我们的健康。尼泊尔人真真切切地感受到了什么是‘跨越喜马拉雅的友谊’。”

从中东腹地到非洲大陆,从亚马孙雨林到太平洋岛国,随着接种规模在全球范围持续扩大,中国疫苗的安全性、有效性得到充分验证,获得越来越多“信任票”。多国已批准在儿童和青少年群体中使用中国疫苗,30多国领导人公开接种中国疫苗。津巴布韦总统姆南加古瓦将中国疫苗比喻为“隧道尽头的光芒”带来希望;泰国副总理兼公共卫生部长阿努廷说,中国疫苗“是我们全民接种的主力军”;匈牙利外交部长西雅尔多表示,中国疫苗“效果良好、安全有效”;玻利维亚卫生部副部长玛丽亚·卡斯特认为,国药疫苗正帮助玻利维亚在边境地区有效构筑“免疫屏障”……

加强抗疫技术合作

埃及小伙子穆超在开罗大学学习了4年中文,毕业后在旅行社工作。疫情对他的事业造成冲击。去年4月,中国科兴和埃及生物制品与疫苗公司签署在埃生产科兴新冠疫苗的协议,并派技术团队赴埃落实本地化生产合作,穆超成为中国科兴公司赴埃及指导建厂的专家组翻译。

“能参与建设生产新冠疫苗的工厂,我特别有成就感!”半年来,穆超见证了埃及本土疫苗工厂的高效运转——工厂年生产能力达到2亿剂,可满足埃及本国的疫苗需求。另一个中埃合作疫苗工厂和一座可储存1.5亿剂疫苗的全自动化冷库正在紧锣密鼓筹备中。不久前,中国和埃及联合向加沙地带援助50万剂新冠疫苗,这是埃及首次对外提供中埃联合生产的疫苗。埃及代理卫生部长加法尔表示,埃中两国公司合作建立的非洲大陆首条新冠疫苗生产线已生产约3000万剂安全、有效的疫苗。

“感谢中国朋友帮助我们生产出新冠疫苗。”穆超表示,自己的家人、朋友也因此获益,生活逐渐回到正轨。世界卫生组织驻埃及代表纳伊玛·加西尔表示:“中埃合作生产疫苗不仅可以加速推进埃及本土的疫苗接种计划,也将进一步推动非洲地区抗疫进程。”

授人以渔,惠及当地。中国致力于实现疫苗在全球特别是发展中国家的可及性和可负担性,大力支持中国疫苗企业向发展中国家进行技术转让,已在阿联酋、印度尼西亚、马来西亚、埃及、巴西、土耳其、巴基斯坦、墨西哥、缅甸等国启动合作生产,初步形成了超过10亿剂的年产能,既满足本国需求,还惠及周边国家,极大缓解全球疫苗短缺。世界知识产权组织公布的最新报告显示,疫情防控期间,中国是新冠疫苗和疗法相关专利申请的最大来源国,表明中国在这方面的创新处于全球“第一方阵”。

独行快,众行远。中国将继续秉持人类卫生健康共同体理念,坚持真正的多边主义,继续在力所能及范围内支持多边框架下的抗疫合作机制,为人类早日战胜疫情作出积极贡献。

图说- 2月21日,工作人员展示运抵加沙地带的中国与埃及联合援助的新冠疫苗。新华社发(里泽克·阿卜杜勒·贾瓦德摄)