Connect with us

Europe

Crimean တံတား ပေါက်ကွဲမှုက ယူကရိန်းဘက်မှ စီစဉ်သည့် “အကြမ်းဖက်တိုက်ခိုက်မှု” ဖြစ်ကြောင်း ပူတင်ပြော

Crimean တံတား မီးလောင်နေသည်ကို အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၈ ရက်က Crimean တံတား ပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် ယူကရိန်း လျှို့ဝှက်အဖွဲ့မှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းက “အရေးပါသော အရပ်ဘက် အခြေခံအဆောက်အအုံကို ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်ခြင်း” ဖြစ်ကြောင်း Crimean တံတား ပေါက်ကွဲမှုနှင့် ပတ်သက်၍ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ အကြီးအကဲ Alexander Bastrykin ၏ စုံစမ်းစစ်ဆေးမှုများကို ကြားနာပြီးနောက် ရုရှားသမ္မတ ဗလာတီမာပူတင်က ပြောကြားခဲ့သည်။

Crimeanတံတား ပေါက်ကွဲမှုနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှု အခြေအနေကို Bastrykin က ပူတင်အား တင်ပြခဲ့ပြီး ရုရှားစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ထရပ်ကား၏ လမ်းကြောနှင့် ယာဉ်မောင်းကို အတည်ပြုခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို စီစဉ်ဆောင်ရွက်ခဲ့သည့် သံသယရှိသူအား ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ (Xinhua)
………………………………………..

(Chinese Version)
普京:克里米亚大桥爆炸是乌方策划的“恐怖袭击”

新华社莫斯科10月9日电俄罗斯总统普京9日在听取俄罗斯侦查委员会主席巴斯特雷金就克里米亚大桥爆炸事件所做调查后表示,克里米亚大桥8日发生的爆炸是乌克兰特工部门策划和实施的,这是一起针对“关键民用基础设施的恐怖袭击”。

巴斯特雷金向普京报告了克里米亚大桥爆炸事件调查情况。他说,俄侦查人员已确定发生爆炸的卡车的行驶路线和承运人,并已锁定策划和实施袭击的嫌疑人。(完)

图说 – 这是10月8日拍摄的克里米亚大桥起火现场。新华社/塔斯社