Connect with us

International Organizations

နိုင်ငံတကာ အသိုင်းအဝိုင်းက တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ထိန်းသိမ်းခြင်းကို အခိုင်အမာထောက်ခံပြီး ပီလိုစီ၏ ရန်စသော ထိုင်ဝမ်ခရီးစဉ်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လျက်ရှိ

ပေကျင်း၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာကြောင်း ထပ်လောင်းပြောကြားခြင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ထိန်းသိမ်းခြင်းကို အခိုင်အမာ ထောက်ခံကြပြီး အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းသည် ပြင်းထန်သော ရန်စမှုလုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြောင်း သိရသည်။ ပီလိုစီက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းသည် တမင်တကာ ရန်စမှုဖြစ်ပြီး အမေရိကန်နိုင်ငံ ကျင့်သုံးသည့် ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် ထင်ရာစိုင်းသော သရုပ်ကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ဆီးရီးယားသမ္မတ၏ အထူးအကြံပေးပုဂ္ဂိုလ် Buthaina Shabaan က ပြောကြားခဲ့သည်။ အချို့သော အမေရိကန် နိုင်ငံရေးသမားများက မိမိ၏ကိုယ်ကျိုးဆန်သော နိုင်ငံရေးအကျိုးစီးပွားအတွက် ပြဿနာများ တမင်ဖန်တီးနေရာ တရုတ်နိုင်ငံအနေဖြင့် တန်ပြန်အရေးယူပိုင်ခွင့်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
ပါလက်စတိုင်းအစိုးရက တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ထိန်းသိမ်းခြင်းကို အခိုင်အမာထောက်ခံပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ ချိုးဖောက်ခြင်း နှင့် တရုတ်နိုင်ငံ ကွဲပြားခြင်း လုပ်ဆောင်သည့် မည်သည့်လုပ်ရပ်ကိုမဆို ဆန့်ကျင်ကြောင်း ပါလက်စတိုင်းဝန်ကြီးချုပ် Mohammad Shtayyeh က ဆိုသည်။
ဗင်နီဇွဲလား အမျိုးသား ကွန်ဂရက် (ပါလီမန်) သည် ပီလိုစီ၏ ရန်စသော လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့သည်။ ပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများအပေါ် ပြင်းထန်သော ရန်စမှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအပေါ် ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ချက်တွင် ထောက်ပြခဲ့သည်။ ဗင်နီဇွဲလား ကွန်ဂရက်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ထိန်းသိမ်းခြင်းအပေါ် လုပ်ဆောင်သည့် တန်ပြန်အရေးယူမှုအားလုံးကို အခိုင်အမာထောက်ခံကြောင်း ပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာကြောင်း တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံရေးက ကမ္ဘာတစ်ဝန်း မည်သည့်နိုင်ငံအတွက်မဆို အဓိက အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်ဖြစ်ကြောင်း၊ မောရစ်ရှနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာပြီး တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားအတွက် ကြိုးပမ်းမှုများကို အခိုင်အမာ ထောက်ခံကြောင်း မောရစ်ရှနိုင်ငံ ဝန်ကြီးချုပ် Pravind Kumar Jugnauth နှင့် နိုင်ငံခြားရေးဝန်ကြီး Alan Ganoo တို့က အလေးထားပြောကြားခဲ့သည်။

ခရိုအေးရှားနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရပ်တည်ချက်သည် ပြောင်းလဲမည်မဟုတ်ဟု ခရိုအေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူး Frano Matusic က အလေးထားပြောကြားခဲ့သည်။

လာအိုနိုင်ငံ ပါတီနှင့် အစိုးရကလည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာကြောင်း တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြန်လည်ပေါင်းစည်းရေးအကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အခိုင်အမာထောက်ခံကြောင်း လာအိုဝန်ကြီးချုပ် Phankham Viphavanh က ပြောကြားခဲ့သည်။

ဆေရှဲလ်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကြောင်း၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ထိန်းသိမ်းခြင်း ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ဆေရှဲလ်နိုင်ငံ သမ္မတ Ramkalawan ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာခြင်း၏ ရပ်တည်ချက်သည် တသမတ်တည်းဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း နိုင်ငံတကာ ဥပဒေနှင့် ကုလသမဂ္ဂ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို လိုက်နာရန်၊ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာကို လေးစားရန် ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Haitham Abou Al-Foul က ပြောကြားခဲ့သည်။

ပါပူအာနယူးဂီနီနိုင်ငံ(PNG)နိုင်ငံခြားရေးဝန်ကြီးဌာနအထွေထွေအတွင်းရေးမှူးချုပ် Elias Wohengu က PNG အစိုးရသည် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ထိန်းသိမ်းခြင်းအပေါ် အခိုင်အမာ ထောက်ခံကြောင်း၊ “ထိုင်ဝမ်သီးခြားရပ်တည်ရေး” အင်အားစုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး PNG အစိုးရက အဆိုပါအခြေခံရပ်တည်ချက်ကို ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် မည်သည့်ပြင်ပအင်အားစုကိုမဆို ဘူရွန်ဒီနိုင်ငံက ကန့်ကွက်ကြောင်း ဘူရွန်ဒီနိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက အလေးထားပြောကြားခဲ့သည်။ ဘူရွန်ဒီနိုင်ငံက တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို ကာကွယ်သည့် ကြိုးပမ်းမှုများနှင့် တရုတ်နိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၊ ဆောင်တူမေးနှင့် ပရင်စီပီ ၊ ဂီနီဘစ်ဆော ၊ ဘရူနိုင်း စသည့်နိုင်ငံများမှ အစိုးရများကလည်း ယခင်ကဲ့သို့ပင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး”ကို ထောက်ခံသည့် လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြောင်း ထပ်မံပြောကြားခဲ့သည်။ (Xinhua)

——————————
国际社会坚定支持中方捍卫主权和领土完整 严厉谴责佩洛西窜访挑衅
新华社北京8月9日电题:国际社会坚定支持中方捍卫主权和领土完整 严厉谴责佩洛西窜访挑衅
新华社记者
连日来,世界各国重申坚持一个中国原则,坚定支持中方捍卫国家主权和领土完整,严厉谴责美国国会众议长佩洛西窜访中国台湾地区的严重挑衅行径。
叙利亚总统特别顾问布赛纳•沙班表示,佩洛西窜访中国台湾地区是刻意挑衅,是美方奉行霸权主义、为所欲为的表现。美国部分政客为了自身政治利益刻意制造事端,中国有权采取反制措施。
巴勒斯坦总理阿什提耶强调,巴勒斯坦政府坚定支持中国维护国家主权和领土完整,反对任何侵犯中国主权和分裂中国的行径。
委内瑞拉全国代表大会(议会)通过一项决议,严厉谴责佩洛西的挑衅行为。决议指出,佩洛西窜访是对中国政府和人民的严重挑衅,是对中国主权和领土完整的侵犯。委议会坚定支持中国为维护主权和领土完整所采取的一切反制措施。
塔吉克斯坦外交部发表声明说,塔吉克斯坦坚持一个中国原则。中华人民共和国政府是代表全中国的唯一合法政府。
毛里求斯总理贾格纳特、外长加努均强调,主权和领土完整对世界上任何国家而言都是核心利益问题,毛方重申坚持一个中国原则,坚定支持中国捍卫核心利益的努力。
克罗地亚外交部国务秘书马图希奇强调,克方始终坚定奉行一个中国政策,台湾是中国不可分割的一部分,这一立场不会改变。
老挝政府总理潘坎强调,老挝党和政府坚定奉行一个中国政策,坚定支持中国党和政府维护国家主权、实现国家统一的努力。
塞舌尔总统拉姆卡拉旺重申,塞舌尔坚定奉行一个中国原则,支持中方维护主权和领土完整的努力。
约旦外交部发言人海赛姆•阿布•富尔表示,约旦坚定支持一个中国原则的立场是一贯的,呼吁有关方面遵守国际法和联合国相关决议,尊重各国主权。
巴布亚新几内亚外交部秘书长沃亨古表示,巴新政府坚定支持中方维护国家主权和领土完整,坚决反对“台独”势力。巴新政府将继续坚持这一基本立场。
布隆迪外交与发展合作部发表声明强调,台湾问题纯属中国内政,布方反对任何外部势力干涉中国内政。布方坚定支持中国维护国家主权和领土完整的努力,支持中国完成统一大业。
阿富汗、圣多美和普林西比、几内亚比绍、文莱等国政府也纷纷重申,将一如既往地支持一个中国原则,反对任何支持“台独”的行为。(完)