Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လာအိုနိုင်ငံသမ္မတ Thongloun Sisoulithနှင့် တွေ့ဆုံ ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့တော်လှန်ရေးပါတီ(LPRP)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံသမ္မတ Thongloun Sisoulith တို့ နိုဝင်ဘာ ၃၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လာအို ပြည်သူ့တော်လှန်ရေးပါတီ(LPRP)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံသမ္မတ Thongloun Sisoulithနှင့် နိုဝင်ဘာ ၃၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် “ရေရှည်တည်ငြိမ်မှု၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၊ အပြန်အလှန်ယုံကြည်မှု၊ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု” ရှိသော မူဝါဒ နှင့် “အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်း၊ မိတ်ဖက်ကောင်း”ဟူသော စိတ်ဓာတ်ကို ခိုင်မာစွာ လက်ကိုင်ထားကာ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်လေးစားမှု၊ စီးပွားရေးအရ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှု၊ လူမှုယဉ်ကျေးမှုအရ အပြန်အလှန် ရင်းနှီးနားလည်မှုများဖြင့် တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်းကို အဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်ပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားအတွက် တက်ကြွစွာ အကျိုးဆောင်သွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့သည်။ (Xinhua)

———————————
(Chinese Version)

习近平同老挝人民革命党中央总书记、国家主席通伦举行会谈
新华社北京11月30日电11月30日,中共中央总书记、国家主席习近平在人民大会堂同老挝人民革命党中央总书记、国家主席通伦举行会谈。双方强调,要秉持“长期稳定、睦邻友好、彼此信赖、全面合作”方针和“好邻居、好朋友、好同志、好伙伴”精神,政治上互尊互信、经济上互惠互利、人文上相知相亲,不断深化中老命运共同体建设,为推动构建人类命运共同体作出积极努力和贡献。
1. 11月30日,中共中央总书记、国家主席习近平在北京人民大会堂同老挝人民革命党中央总书记、国家主席通伦举行会谈。新华社记者 张领 摄