Connect with us

China

“တစ်နိုင်ငံ၊စနစ်နှစ်မျိုး” ကဲ့သို့သော စနစ်ကောင်းကို ပြောင်းလဲစရာမရှိသလို ရေရှည်ခိုင်မာစွာ ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ကြီးကြပ်မှုဖြင့် လီကျားချောင်း(ဂျွန်လီ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ဇူလိုင် ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” သည် ရှေးယခင်ကမရှိခဲ့ဖူးသော ကြီးမားသည့် ရှေ့ဆောင်ဆောင်ရွက်ချက်ဖြစ်ကြောင်း ဇူလိုင် ၁ ရက် ဟောင်ကောင်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ကြီးကြပ်မှုဖြင့် လီကျားချောင်း(ဂျွန်လီ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ဇူလိုင် ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ကြီးကြပ်မှုဖြင့် လီကျားချောင်း(ဂျွန်လီ) ဦးဆောင်သော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ အဓိက အရာရှိများ ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ဇူလိုင် ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

“တစ်နိုင်ငံ၊ စနစ်နှစ်မျိုး”၏ အခြေပြုရည်ရွယ်ချက်မှာ နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန် ဟောင်ကောင်၊ မကာအို ဒေသများအား ရေရှည်သာယာဝပြောရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဖြစ်ကြောင်း ၊ ဗဟိုအစိုးရ၏ဆောင်ရွက်မှုအလုံးစုံသည် နိုင်ငံကောင်းမွန်ရေး၊ ဟောင်ကောင်၊ မကာအို ကောင်းမွန်ရေး၊ ဟောင်ကောင်၊မကာအို မွေးချင်းများ ကောင်းမွန်ရေးအတွက်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ဗဟိုအစိုးရသည် “တစ်နိုင်ငံ စနစ်နှစ်မျိုး”မူဝါဒကို အချက် ၂ ချက်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမအနေဖြင့် ပြောင်းလဲမှု ၊ လှုပ်ခတ်မှုမရှိစေရန် မပြောင်းမလဲ ခိုင်မာစွာဆောင်ရွက်သွားမည် ဖြစ်ပြီး ဒုတိယအနေဖြင့် ပုံပြောင်းအသွင်ပြောင်းမှုမရှိစေရေး ဘက်စုံတိကျစွာ ဖော်ဆောင်သွားမည် ဖြစ်သည်ကို အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း နှစ်ပေါင်း ၂၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် မိမိအနေဖြင့် ပြောကြားခဲ့ဖူးကြောင်း သမ္မတ ရှီကျင့်ဖိန်က ဆိုသည်။

“တစ်နိုင်ငံ စနစ်နှစ်မျိုး”သည် ခေတ်ကာလ၏အကြိမ်ကြိမ်အခါခါ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရာ၌ နိုင်ငံ၊ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီသလို ဟောင်ကောင်၊မကာအို အခြေခံအကျိုးစီးပွားနှင့်လျော်ညီကြောင်း၊ အမိမြေရှိ ပြည်သူ သန်းပေါင်း ၁,၄၀၀ ကျော်၏ အင်အားအပြည့်အဝထောက်ခံမှု၊ ဟောင်ကောင်၊မကာအို ဒေသခံပြည်သူများ၏အပြည့်အဝ ကာကွယ်မှုကို ရရှိခဲ့သလို နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သော ထောက်ခံအားပေးမှုကိုလည်း ရရှိခဲ့ကြောင်း၊ ဤကဲ့သို့သော စနစ်ကောင်းသည် မည်သည့်အကြောင်းအရင်းနှင့်မျှ ပြောင်းလဲမည်မဟုတ်သလို ရေရှည်ခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ထပ်မံအလေးထား ပြောကြားခဲ့သည်။ (Xinhua)

………………………..
(Chinese Version)
(香港回归祖国25周年)习近平:“一国两制”这样的好制度,没有任何理由改变,必须长期坚持
2022-07-01 11:00:50
新华社香港7月1日电 中共中央总书记、国家主席、中央军委主席习近平1日在香港表示,“一国两制”是前无古人的伟大创举。“一国两制”的根本宗旨是维护国家主权、安全、发展利益,保持香港、澳门长期繁荣稳定。中央政府所做的一切,都是为了国家好,为了香港、澳门好,为了港澳同胞好。
习近平说,在庆祝香港回归祖国20周年大会上,我曾经讲过,中央贯彻“一国两制”方针坚持两点,一是坚定不移,确保不会变、不动摇;二是全面准确,确保不走样、不变形。今天,我要再次强调,“一国两制”是经过实践反复检验了的,符合国家、民族根本利益,符合香港、澳门根本利益,得到14亿多祖国人民鼎力支持,得到香港、澳门居民一致拥护,也得到国际社会普遍赞同。这样的好制度,没有任何理由改变,必须长期坚持!(完)
1. 这是习近平监誓,李家超宣誓就任香港特别行政区行政长官。 新华社记者 鞠鹏 摄
2. 这是习近平监誓,李家超宣誓就任香港特别行政区行政长官。 新华社记者 鞠鹏 摄
3. 这是习近平监誓,香港特别行政区第六届政府主要官员在李家超带领下宣誓就职。新华社记者 谢环驰 摄