Connect with us

Local

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုဆန်းစစ်ခြင်းဆိုင်ရာ အများပြည်သူနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု ဆန်းစစ်ခြင်းဆိုင်ရာနယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအဆင့် အများပြည်သူနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စီမံကိန်းအချက်အလက်များ၊ နောက်ဆုံးတိုးတက်မှုအခြေအနေများကို အများပြည်သူအား မိတ်ဆက်ပြောကြားခဲ့သလို ပြည်သူလူထု၏တောင်းဆိုချက်နှင့်အကြံပြုချက်များကို နားထောင်ခဲ့ကြောင်း သိရသည်။ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအဆင့် မြေပြင်လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်သက်ရောက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၏ သက်ဆိုင်ရာ သတ်မှတ်ချက်များအရ CITIC Consortium မှ တတိယအဖွဲ့အစည်းဖြစ်သည့် ESIA အေဂျင်စီ Myanmar Survey Research (MSR) ကို ဖိတ်ခေါ်၍ ယခုအကြိမ် အများပြည်သူနှင့်တွေ့ဆုံဆွေးနွေးပွဲအား ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအဆင့် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် ESIA လုပ်ငန်းစဉ်တွင် အရေးကြီးသည့် ကွင်းဆက်ဖြစ်ရာ အဓိကရည်ရွယ်ချက်မှာ သက်ဆိုင်သူတို့အား စီမံကိန်း၏အသေးစိတ် အခြေအနေကို မိတ်ဆက်ပြောကြားရန်၊ မျှော်မှန်းထားသည့် အဓိကသက်ရောက်မှုများကို အတည်ပြုရန်နှင့် သက်ဆိုင်သူတို့၏မေးခွန်းနှင့်အကြံပြုချက် စသည့်တို့ကို စုဆောင်း မှတ်တမ်းတင်ရန် ဖြစ်ကြောင်း သိရသည်။ ထိုမှရရှိလာသော အခြေခံအချက်အလက်များနှင့်ရလဒ်များကို ရှေ့ဆက်လုပ်ဆောင်ရမည့် ESIA စုံစမ်းစစ်ဆေးခြင်းအဆင့်အတွက် အရေးကြီးအထောက်အထားများအဖြစ် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၇ ရက်က ကျောက်ဖြူဟိုတယ်၌ ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ CITIC Myanmar ဒုတိယမန်နေးဂျင်းဒါရိုက်တာ စွန်းထျယ်ကျွင်းနှင့်အဖွဲ့ဝင်များ၊ ကျောက်ဖြူခရိုင်၊ မြို့နယ်အစိုးရကိုယ်စားလှယ်များ၊ ဒေသခံနာမည်ကျော် စာရေးဆရာများ၊ လူမှုအဖွဲ့အစည်းများ၊ ကျောက်ဖြူမြို့နယ်ဒေသခံများနှင့် အနီးတစ်ဝိုက် ကျေးရွာများမှ ကိုယ်စားလှယ်များ စသည်ဖြင့် လူပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဒုတိယအကြိမ် အများပြည်သူနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၈ ရက်က မဒေးကျွန်း ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ရာ နယ်ပယ်အသီးသီးက ကိုယ်စားလှယ် ၁၂၀ ခန့် ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက ရေနက်ဆိပ်ကမ်းစီမံကိန်း တင်ဒါခေါ်ခြင်းမှ လက်ရှိ ESIA လုပ်ငန်းစဉ်များအထိ လုပ်ငန်းတစ်ရပ်လုံးအား မိတ်ဆက်ပြောကြားခဲ့သည်။

ထို့နောက် CITIC Myanmar ဒုတိယမန်နေးဂျင်းဒါရိုက်တာ စွန်းထျယ်ကျွင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် လက်ရှိ ကျောက်ဖြူ၌ ကြုံတွေ့နေရသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအခက်အခဲကို ဖြေရှင်းမည့်အကြောင်းအရာများနှင့် ကျောက်ဖြူ ဒေသခံပြည်သူများနှင့် နောင်မျိုးဆက်များအတွက် အကျိုးဆောင်ကြဉ်းပေးသွားမည့်အကြောင်းအရာများအား မိတ်ဆက်ပြောကြားခဲ့သည်။ ထို့အတူ CITIC Consortium အနေဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ESIA လုပ်ငန်းကို အထူးအလေးထားကြောင်း၊ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု ဆန်းစစ်ခြင်းအတွက် နိုင်ငံတကာတင်ဒါရွေးချယ်မှုဖြင့် Myanmar Survey Research (MSR) ကို ရွေးချယ်ခဲ့သလို နိုင်ငံတကာ နာမည်ကျော် အင်ဂျင်နီယာစီမံခန့်ခွဲမှုအတိုင်ပင်ခံကုမ္ပဏီဖြစ်သည့် HATCH ကို စီမံခန့်ခွဲမှုအတိုင်ပင်ခံအဖြစ် ဖိတ်ခေါ်ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများ၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ စည်းကမ်းတင်းကျပ်စွာဖြင့် ESIA နှင့် စီမံကိန်းကာလပြည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်သွားမည်ဖြစ်ရာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပတ်ဝန်းကျင်ဖြင့် လိုက်ဖက်ညီသော၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောခေတ်မီဆိပ်ကမ်းဖြစ်အောင် အားထားဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ဆောင်ရွက်နေသော ESIA လုပ်ငန်းစဉ်များတွင် ကျောက်ဖြူနှင့်မဒေးကျွန်း ကျေးရွာအသီးသီးက ကျေးရွာသူ/ကျေးရွာသားများ ပါဝင်အားပေးကူညီဆောင်ရွက်ကြပါရန် ပြောကြားခဲ့သည်။

CITIC Myanmar ကိုယ်စားလှယ်နှင့် MSR ကိုယ်စားလှယ်တို့မှ ရေနက်ဆိပ်ကမ်းစီမံကိန်း၏ နောက်ခံအကြောင်းအရာ၊ ပထဝီအနေအထား၊ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်၊ အယူအဆ၊ ဒေသခံများအတွက်ဆောင်ကြဉ်းပေးမည့် အကျိုးစီးပွားနှင့် ESIA လုပ်ငန်းစဉ်အကြောင်းအရာများ ၊ အများပြည်သူ၏ ပါဝင်ပုံ စသည်တို့ကို အသေးစိတ် မိတ်ဆက် ပြောကြားခဲ့သည်။ အများပြည်သူကိုယ်စားလှယ်များ၏ ဂရုပြုကြသော သဘောထားနှင့် တောင်းဆိုချက်များကို စီမံကိန်းတွင်ပါဝင်သူတို့က သေချာစွာနားထောင်ခဲ့ပြီး မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ယခုအကြိမ် ကျင်းပပြုလုပ်သည့် အများပြည်သူနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် သက်ဆိုင်သူဘက်ပေါင်းစုံ၏ အပြည့်အဝ အားပေးထောက်ခံမှုနှင့် တက်ကြွစွာ ပါဝင်မှုကို ရရှိခြင်းက ကျောက်ဖြူစီမံကိန်း၏ ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူအပေါ် အလေးထားမှုကို ပေါ်လွင်စေသလို စီမံကိန်းအပေါ် လူထု၏ နားလည်ထောက်ခံမှုကို ထပ်ဆင့်တိုးစေခဲ့ကြောင်း သိရသည်။ (Xinhua)

—————————–
皎漂深水港项目成功举办环社评公众咨询会

2022年8月27日至28日,皎漂特别经济区深水港项目成功举办环社评范围界定阶段公众咨询会,向公众介绍项目信息、最新进展、倾听民众的诉求与建议。
皎漂深水港项目环社评范围界定阶段现场工作已经启动。按照缅甸《环评程序》有关规定,中信联合体聘请的第三方环评机构缅甸测绘研究有限公司(MSR)联合体组织了此次公众咨询会。环社评范围界定阶段公众咨询会是环评工作中重要的一环,目的在于向利益相关方介绍项目详细情况、确定主要预期影响以及收集并记录利益相关方提出的问题和意见等。由此获得的数据和结论将作为下一步环社评调查阶段的重要依据。

8月27日,第一场公众咨询会在皎漂酒店举行。皎漂特别经济区管委会秘书觉山乌博士及成员,中信缅甸副总经理孙铁军及团队成员,皎漂县镇政府代表,当地知名作家,当地社区组织、皎漂镇居民以及周边村民代表等近百人出席了此次活动。8月28日,第二场公众咨询会在马德岛寺院举办,约120位各界代表参与。

会上,管委会秘书觉山乌博士介绍了深水港项目从招标到当前环社评工作的整个历程。随后,中信缅甸副总经理孙铁军介绍提出,皎漂特别经济区深水港项目将解决当前皎漂面临的经济发展困境并造福皎漂人民及后代;中信联合体高度关注深水港项目环社评工作,通过国际招标选择缅甸本地企业联合体MSR作为环社评咨询机构,聘请了国际知名的工程管理公司HATCH担任管理咨询顾问,将严格按照缅甸环保法,遵照国际惯例,做好环社评和项目全周期环境保护工作,致力于将皎漂深水港建设成绿色、可持续发展的现代化港口;请皎漂和马德岛各村村民帮助与支持当前正在进行的环社评调查工作。

中信缅甸代表和MSR代表还分别详细介绍了深水港项目背景、地理位置、项目开发流程、开发理念、为当地带来的利益和环社评工作内容与流程、公众参与方式等。项目参与各方认真聆听了参会民众代表就关心问题提出的意见与诉求,并就民众提问进行了解答。

此次公众咨询会得到了利益相关各方的大力支持和积极参与,不仅展现了皎漂项目的公开透明和对民众关切的重视,还进一步增进了民众对项目的理解与支持。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.