Connect with us

Europe

ဥရောပသမဂ္ဂက ယခုနှစ်အတွင်း ဆီးရီးယားသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၁.၅ ဘီလီယံထောက်ပံ့မည်ဟု ကတိပြု

ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင်ကိုယ်စားလှယ် Josep Borrell အား မေ ၁၀ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော "ဆီးရီးယားနှင့် ဒေသတွင်း အနာဂတ်ကို ကူညီပံ့ပိုးပေးခြင်း" ဆဋ္ဌမအကြိမ်အစည်းအဝေး၌ တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မေ ၁၁ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂသည် ယခုနှစ်အတွင်း ဆီးရီးယားသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၁.၅ ဘီလီယံအထိ တိုးမြင့်ထောက်ပံ့မည်ဟု ကတိပြုကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင်ကိုယ်စားလှယ် Josep Borrell က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။“ဆီးရီးယားနှင့် ဒေသတွင်း အနာဂတ်ကို ကူညီပံ့ပိုးပေးခြင်း” ဆဋ္ဌမအကြိမ်မြောက်အစည်းအဝေးကို ထိုနေ့တွင် ဘရပ်ဆဲလ်၌ ကျင်းပခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခသည် ဆီးရီးယား၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အပြင်စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေးနှုန်းများကိုပါမြင့်တက်လာစေမည်ဖြစ်ကြောင်းBorrellက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။အစည်းအဝေးကာလအတွင်း ရရှိသည့် ရန်ပုံငွေများဖြင့် ဆီးရီးယားရှိ ဒုက္ခသည်များကို ကူညီပေးသွားမည်ဖြစ်ကြောင်းBorrellက ပြောကြားခဲ့သည်။

ယခုနှစ်တွင် ဥရောပသမဂ္ဂသည် ဆီးရီးယားအား နောက်ထပ် ယူရို ၁ ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်ရာ နှစ်စဉ် စုစုပေါင်း ထောက်ပံ့မှုပမာဏသည် ယူရို ၁.၅ ဘီလီယံထိ ရောက်ရှိမည် ဖြစ်ကြောင်း နှင့် လာမည့်နှစ်တွင် ယူရို ၁.၅၆ ဘီလီယံအထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စတင်ဖြစ်ပွားချိန်ကတည်းက ဆီးရီးယားမှ နိုင်ငံခြားသို့ထွက်ခွာခဲ့သည့် သို့မဟုတ် ပြည်တွင်း၌ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် လူဦးရေမှာ ၁၃ သန်းကျော်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ယခုနှစ် မတ်လတွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ဆီးရီးယားပြည်တွင်း၌ လူ ၁၄.၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုနှင့် အခြားအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းသည် ကမ္ဘာ့လုံးဆိုင်ရာ စားသောက်ကုန်အဓိကတင်ပို့သည့်နိုင်ငံဖြစ်ပြီး စားသောက်ကုန်အမြောက်အမြားသည် အရှေ့အလယ်ပိုင်းသို့တင်ပို့သောကြောင့် ရုရှား-ယူကရိန်း အကျပ်အတည်းသည် အရှေ့အလယ်ပိုင်းဒေသ၏ စားနပ်ရိက္ခာထောက်ပံ့မှု အခြေအနေအပေါ် သက်ရောက်မှုရှိနေကြောင်း သိရသည်။

၂၀၁၇ ခုနှစ်မှစ၍ ဥရောပကော်မရှင်နှင့် ကုလသမဂ္ဂတို့သည် ဆီးရီးယားအကျပ်အတည်း ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေရန် “ဆီးရီးယားနှင့် ဒေသတွင်း အနာဂတ်ကို ကူညီပံ့ပိုးပေးခြင်း”ခေါင်းစဉ်ဖြင့် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-
(Chinese Version)

欧盟承诺今年向叙利亚提供15亿欧元人道主义援助

新华社布鲁塞尔5月10日电(记者任珂)欧盟外交与安全政策高级代表博雷利10日说,欧盟承诺将今年对叙利亚的人道主义援助增加至15亿欧元。

第六次“支持叙利亚和地区未来”会议当天在布鲁塞尔召开。博雷利在记者会上说,俄罗斯与乌克兰的冲突将加剧叙利亚的人道主义危机,并将推高食品和能源价格。

博雷利说,会议期间筹集的资金将帮助叙利亚境内的叙利亚人以及该地区收容的叙利亚难民,帮助他们重建生活。欧盟今年将为叙利亚额外提供10亿欧元,使年度总额达到15亿欧元,明年将提供15.6亿欧元。

联合国难民事务高级专员公署今年3月发布的数据显示,自2011年叙利亚内战爆发以来,已有超过1300万人逃离叙利亚或在国内流离失所。叙利亚境内有1460万人需要人道主义和其他形式的援助。

俄罗斯和乌克兰是全球主要粮食出口国,粮食大量出口到中东地区,俄乌冲突已影响到中东地区的粮食供应形势。
从2017年起,欧盟委员会和联合国每年共同举办一次主题为“支持叙利亚和地区未来”的会议,旨在为叙利亚危机寻求解决方案。(完)

图说- 新华社照片,布鲁塞尔,2022年5月11日, 5月10日,在比利时布鲁塞尔,欧盟外交与安全政策高级代表博雷利于第六次“支持叙利亚及地区未来”布鲁塞尔会议期间举行新闻发布会。新华社记者 郑焕松 摄