Connect with us

Europe

ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ အဓိကအရာရှိများက ပါတီခေါင်းဆောင်ရွေးချယ်မှုတွင် ဝင်ရောက်အရွေးခံမည်ဟု ကြေညာ

ကျန်းမာရေးဝန်ကြီးဟောင်း Sajid Javid က ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်မြို့၌ ပြုလုပ်သော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်စဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၇ ရက်တွင် အာဏာရပါတီ ကွန်ဆာဗေးတစ်ပါတီ၏ အကြီးအကဲနှင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီးနောက် ကွန်ဆာဗေးတစ်ပါတီ အဓိကအရာရှိများက ပါတီခေါင်းဆောင်ရွေးချယ်မှုတွင် ဝင်ရောက်အရွေးခံမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အာဏာရပါတီ ကွန်ဆာဗေးတစ်ပါတီ၏အကြီးအကဲနှင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ၊ ဦးဆောင်သူအသစ်ရှိလာသည်အထိ တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၇ ရက်တွင် အမှတ် ၁၀ ဒေါင်းနင်းလမ်းတွင် ကြေညာခဲ့စဉ်(ဆင်ဟွာ)

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် ဝင်ရောက်အရွေးခံရန် ကြေညာသူများတွင် ဗြိတိန်ဘဏ္ဍာရေး ဝန်ကြီးဟောင်း Rishi Sunak ၊ ကျန်းမာရေးဝန်ကြီးဟောင်း Sajid Javid ၊ ဘဏ္ဍရေးဝန်ကြီး Nadhim Zahawi ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Jeremy Hunt ၊ ပါလီမန် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Tom Tugendhat ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Penny Mordaunt တို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
英国保守党多名要员宣布竞选该党党首

新华社伦敦7月10日电(记者杜鹃 许凤)英国首相约翰逊7日宣布辞去执政党保守党党首和首相职务后,多名保守党要员宣布竞选该党党首。

截至10日,宣布竞选保守党党首的人包括前财政大臣里希·苏纳克、前卫生大臣赛义德·贾维德、财政大臣纳齐姆·扎哈维、前外交大臣杰里米·亨特、议会下院外交委员会主席汤姆·图根达特、前国防大臣彭妮·莫当特等。

图说1- 2022年1月19日,时任英国卫生大臣贾维德在伦敦出席新冠疫情发布会。新华社发(英国首相府供图)
图说2- 2022年7月7日,英国首相约翰逊在伦敦唐宁街10号门前发表讲话说,他辞去保守党党首和首相职务,但将留任至新领导人产生。新华社记者李颖摄