Connect with us

International Organizations

မြောက်ကိုရီယားတွင် ပထမဆုံး ကိုဗစ်ကူးစက်ခံရသူ တွေ့ရှိပြီးနောက် ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်မှုအစီအမံများကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်

မြောက်ကိုးရီးယားအလုပ်သမားပါတီ(WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်းအား ဧပြီ ၁၆ ရက်တွင် ပြုံယမ်းမြို့၌ တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

ယခုလ ၈ ရက်တွင် မြောက်ကိုးရီးယား အမျိုးသားအရေးပေါ် ကူးစက်ရောဂါကာကွယ်ရေးဌာနမှ ပြုံယမ်းမြို့ ဖျားနာမှု လက္ခဏာရှိ လူနာအချို့ကို နမူနာယူ၍ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ပြီးနောက် အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိခဲ့ကြောင်း Korean Central News Agency (KCNA)က မေ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ၎င်းမှာ ကမ္ဘာ့နေရာအများအပြား၌ ကိုဗစ်ရောဂါဖြစ်ပွားပြီး ကတည်းက မြောက်ကိုရီးယားတွင် ပထမဆုံး အတည်ပြုခဲ့သည့် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း သိရသည်။

မြောက်ကိုးရီးယားအလုပ်သမားပါတီ(WPK)က မေ ၁၂ ရက်တွင် အလုပ်သမားပါတီ နိုင်ငံရေးဗျူရို အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ကိုဗစ်ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်မှုအစီအမံများကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။ မြောက်ကိုးရီးယားအလုပ်သမားပါတီ(WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား အမြစ်ဖြတ်တားဆီးနိုင်သည့် အရေးပေါ် အစီအမံများ လုပ်ဆောင်ရန်၊ နယ်စပ်ထိန်းချုပ်မှု အားကောင်းစေရန်၊ နိုင်ငံတစ်ဝှမ်း မြို့နယ်အသီးသီးအား လုံးဝလော့ခ်ဒေါင်းချရန်၊ အလုပ်ရုံအသီးသီးမှာလည်း ရုံအလုံပိတ်အခြေအနေအောက်တွင်သာ အလုပ်လည်ပတ်ရမည်ဖြစ်ကြောင်း အစည်းအဝေးတွင် အလေးထားပြောကြားခဲ့သည်။ ထို့ပြင်၎င်းက ကျန်းမာရေးဌာနနှင့် အရေးပေါ်ကူးစက်ရောဂါ ကာကွယ်ရေးဌာနအနေဖြင့် အထူးကြပ်မတ် စစ်ဆေးရန်၊ ဆေးဘက်ဆိုင်ရာ စောင့်ကြည့်ခြင်းနှင့် အပြုသဘောဆောင်သော ကုသရေး အစီအမံများကို မြှင့်တင်ရန် တောင်းဆိုခဲ့သည်။

တင်းကျပ်သော ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု အစီအမံများကြောင့် ပြည်သူများအတွက် ဖြစ်ပေါ်လာမည့် အဆင်မပြေမှုနှင့် ပြဿနာများကို ဖြေလျှော့ရန်နှင့် နေ့စဉ်ဘဝတည်ငြိမ်စနစ်ကျရန် ပါတီနှင့် အစိုးရဌာနအသီးသီးမှ ပြည့်စုံကောင်းမွန်သော စီမံချက်များလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ (Xinhua)

 

…………………………………………
(Chinese Version)

朝鲜首次报告新冠确诊病例 提高疫情防控措施至最高级别
新华社平壤5月12日电(记者江亚平)据朝中社12日报道,朝鲜国家紧急防疫部门本月8日对平壤一些有发烧症状的患者进行抽样检测后发现,有人感染了奥密克戎病毒。这是自新冠疫情在全球多地暴发以来,朝鲜首次报告在本土发现新冠确诊病例。
朝鲜劳动党12日紧急召开劳动党政治局会议,决定把新冠防疫措施提至最高级别。朝鲜劳动党总书记金正恩在会上强调要采取紧急措施彻底阻断新冠病毒传播,要加强边界管控,在全国各市县进行彻底封锁,各单位要在闭环状态下组织经营生产活动。他还要求卫生部门和应急防疫部门进行严格密集筛查,健全医学监测和积极治疗措施。
金正恩说,党和政府各级机关要采取周全措施,尽量减少人民群众在严密防控措施下的不便和麻烦,稳定生活秩序。(完)